ဟင်းနုနွယ် နှင့် ဆေးဘဲဥ ဟင်းချို

ဟင်းနုနွယ် နှင့် ဆေးဘဲဥ ဟင်းချို

Spinach_CenturyEgg2

တရုတ်စတိုင် ဟင်းနုနွယ်၊ ဆေးဘဲဥ၊ ဘဲဥဆားစိမ်တို့နဲ့ ရောချက်ထားတဲ့ ဟင်းချိုပါ။ လုပ်ရတာလည်း အရမ်းလွယ်ပြီ အချိန်တိုတွင်းမှာပဲ ချက်နိုင်ပါတယ်။ ခုပဲ တူတူ လုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဆေးဘဲဥ – ၂လုံး
  • ဘဲဥဆားစိမ် – ၁လုံး
  • ဟင်းနုနွယ် – ၂၀၀ ဂရမ် (၃လက်မ အရွယ်များ ပိုင်းဖြတ်ထားပါ)

  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဟင်းရွက်ဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်ပြုတ်ရည်(သို့)ရည် – ၁ခွက်(၂၀၀ မီလီလီတာ)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း

Spinach_CenturyEgg

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဆေးဘဲဥ၊ ဘဲဥဆားစိမ်ကို ကျက်အောင် ၄မိနစ်ခန့် တည်ထားပေးပါ။

၂။ ပြီလျှင် ဆေးဘဲဥ၊ ဘဲဥဆားစိမ်ကို အခွံနွှာပြီ အတုံးသေးများ တုံးထားပါ။

၃။ ဒယ်အိုးရေ ရေထည့် ရေဆူလာလျှင် ဆား၊ ဆီ၊ ဟင်းနုနွယ်ထည့်ပြီ ၂-၃မိနစ်ခန့် တည်ထားပါ။

Spinach_CenturyEgg1

၎။ ပြီနောက် ရေတ၀က်ခန့် လျှော့ပြီ ပဲငံပြာရည်၊ ဆေးဘဲဥ၊ ဘဲဥဆားစိမ်တို့ကို ထည့်ဆူအောင် တည်ပြီ မီးပိတ်လိုက်ပါ။

၅။ အရသာ ထူးခြားကောင်းမွန်တဲ့ ဟင်းနုနွယ်နဲ့ ဆေးဘဲဥ ဟင်းချိုကို သုံးဆောင်နိုင်ပါပြီ..

Spinach_CenturyEgg2

5 comments

  1. jasmine says:

    ချက်စရာနည်းသစ်လေးတခုရခဲ့ပြီ

  2. ပန်းကလေး says:

    ဆေးဘဲဥနဲ့ ဘဲဥဆားစိမ်မှ မလုပ်တတ်တာ။ လုပ်နည်းလေး။ ကျေးဇူး။

  3. mgthaeoo says:

    ရွှေကြည်ဆန့င်းမကင်လုပ်နည်းလေးတင်ပေးပါ ငါးသလောက်ပေါင်းနည်းလေးလဲးတင်ပေးစေခြင်ပါသည်ခင်ဗျာ….

Leave a Reply

Your email address will not be published. Required fields are marked *