ကြက်ဥ ဟင်းလျာ(Egg Korma)

ကြက်ဥ ဟင်းလျာ(Egg Korma)

Egg_Korma5

တောင်ပိုင်း အိန္ဒိယစတိုင် ကြက်ဥ ဟင်းလျာပါ။ ကြက်ဥကို ပြုတ်ပြီ အုန်းနို့၊ အိန္ဒိယဟင်းခတ်အမွှေးအကြိုင် အစုံအလင်နဲ့ ရောချက်ထားတာမို့ အရသာက စိမ့်ပြီ ရိုးရိုး ကြက်ဥ ဟင်းလျာတွေထက် တမူထူးခြား ကောင်းမွန်ပါတယ်။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၄လုံး (ကျက်အောင်ပြုတ်ပြီ အခွံနွှာထားပေးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (ညက်အောင် ထောင်းထားပါ)
  • ကြက်သွန်နီ – ၂လုံး (ညက်အောင် ထောင်းထားပါ)

  • ဂျင်း – လတ်တဆစ် (ညက်အောင် ထောင်းထားပါ)
  • ငရုတ်သီးစိမ်း – ၂တောင့် (ထပ်ခြမ်းခြမ်းပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
  • မဆလာ – စားပွဲတင်ဇွန်း တ၀က်
  • နံနံစေ့မှုန့် – စားပွဲတင်ဇွန်း တ၀က်
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီး(အရောင်တင်)မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • အုန်းနို့အနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း
  • နွားနို့ – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • သီဟိုဌ်စေ့ – ၈ခု (ညက်အောင် ထောင်းပါ)
  • နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)
  • ဂီ (သို့) ထောပတ်  – စားပွဲတင်ဇွန်း ၃ဇွန်း

Egg_Korma1

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဂီ(သို့)ထောပတ်ကို အပူပေးပြီ ပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း တို့ကို ၁မိနစ်ခန့် ဆီပူထိုးပေးပါ။

၂။ ပြီမှ မဆလာ၊ နံနံစေ့မှုန့်၊ ငရုတ်သီးစိမ်း တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

Egg_Korma2

၃။ ထို့နောက် ခရမ်းချဉ်သီးထည့်၊ ရေ(၂၀၀ မီလီလီတာ) ထည့်ပြီ ခရမ်းချဉ်သီးနွှမ်းသည် အထိ တည်ထားပေးပါ။

၎။ ပြီလျှင် ပြုတ်ထားတဲ့ ကြက်ဥ၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ နွားနို့၊ အုန်းနို့ ထည့်ကာ နောက်ထပ် ၂မိနစ်ခန့် မီးအတင့်သင့်ဖြင့် တည်ထားပါ။

Egg_Korma3

၅။ ထို့နောက် သီဟိုဌ်စေ့၊ နံနံပင် အုပ်ကာ အရသာရှိသော ကြက်ဥ ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ…

Egg_Korma5

4 comments

  1. Thu Ta Aung says:

    အရမ်းသ​ဘောကျပါသည်

  2. U San. says:

    I also like wutyee food house all post as Mr Thu Ta Aung ( my grandson).

Leave a Reply

Your email address will not be published. Required fields are marked *