Apollo ငါးအစပ်ကြော်

Apollo ငါးအစပ်ကြော်

Fish_Masala_Fry8

နေ့လည်စာ၊ အစောပြေ အဖြစ်လုပ်စားနိုင်တဲ့ Apollo ငါးအစပ်ကြော်ပါ။ ငါးကို အသားလွှာပြီမှ ဂျုံ၊ ကော်မှုန့်ကပ်ကာ အကြွပ်ကြော်၍ မဆလာ အချက်နဲ့ ရောချက်ထားတာပါ။ ထမင်းနဲ့လည်း လိုက်ဖက်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ငါးကြော်ရန် ပါဝင်ပစ္စည်းများ

  • ငါးကြင်း(သို့)တာလာဗီယားငါး – ၂၅၀ ဂရမ်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်ဖြူ၊ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ရောထောင်းထားပါ)

  • ငရုတ်သီး(အရောင်တင်)မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • သံပရာရည် – စားပွဲတင်ဇွန်း တ၀က်
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဂျုံမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

မဆလာချက်ရန် ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ(ငရုတ်သီးပွပုနီကို ပြုတ်ပြီ အစေ့ထုတ်၊ ညက်အောင် ထောင်းပါ)
  • ငရုတ်သီးစိမ်း – ၃ခု (ထပ်ခြမ်းခြမ်းပါ)
  • ပျဉ်တော်သိမ်းရွက် – ၈ရွက်
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း တ၀က်
  • ငရုတ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း တ၀က် (မညက်တညက်ထောင်းပါ)
  • နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • ဒိန်ချဉ် – စားပွဲတင်ဇွန်း ၄ဇွန်း
  • သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း

Fish_Masala_Fry

ငါးကြော်နည်း

၁။ အရင်ဆုံး ငါးကို အရိုး၊ အရေခွံဖယ်ပြီ အသားလွှာပေးပါ။

၂။ ပြီလျှင် ငါးကို (ဆား၊ နနွင်းမှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ သံပရာရည်)တို့ဖြင့် သမအောင် ရောနုယ်ပေးပါ။

Fish_Masala_Fry1

၃။ ပြီနောက် ကြက်ဥ(တ၀က်) ထည့်ပြီ ရောမွှေလိုက်ပါ။

၎။ ထို့နောက်(ဂျုံ၊ ကော်မှုန့်) ထည့်ကာ ငါးကို ဂျုံ၊ကော်မှုန့်၊ ကပ်ပေးပါ။

Fish_Masala_Fry2

၅။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ငါးများကို ရွှေညိုရောင်သန်းသည် အထိ ကြော်ပေးပြီ ပြန်ဆယ်ပေးပါ။

Fish_Masala_Fry3

Fish_Masala_Fry4

 

ငါး၊ မဆလာကြော်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ကာ ကြက်သွန်ဖြူ၊ ဂျင်း ဆီပူထိုးပေးပါ။

၂။ ပြီနောက် ငရုတ်သီးနှစ်၊ ငရုတ်သီးစိမ်း၊ ပျဉ်တော်သိမ်းရွက်များကို ၁မိနစ်ခန့် ဆီသပ်ပေးပါ။

Fish_Masala_Fry6

၃။ ပြီလျှင် နံနံစေ့မှုန့်၊ ဆား၊ ပဲငံပြာရည်၊ ဒိန်ချဉ်၊ ငရုတ်ကောင်း၊ နံနံပင် တို့ကို ထည့်ပေးပါ။

၎။ ပြီမှ ကြော်ထားသော ငါးဖြင့် သမအောင် ရောမွှေပြီ နောက်ဆုံးမှ သံပရာရည် ဆမ်းပေးပါ။

Fish_Masala_Fry7

၅။ အရသာရှိသော ငါးအစပ်ကြော်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

Fish_Masala_Fry8

2 comments

  1. Thu Ta Aung says:

    ငါးကိုအဲ့သလိုလုပ်​စား​တော့စားဖြစ်​တာ​ပေါ့​နော်

Leave a Reply to Thu Ta Aung Cancel reply

Your email address will not be published. Required fields are marked *