အုန်းနို့ ပုဇွန်ရနံ့သင်း ဟင်းလျာ
အုန်းနို့ ပုဇွန်ရနံ့သင်း ဟင်းလျာ
Prawn_Coconut_Curry6
ပုဇွန်ကို အုန်းနို့ဖြင့် ရောချက်ထားတာမို့ အရသာချိုစိမ့်ပြီ ထမင်းမြိန်စေတဲ့ ဟင်းလျာတမျိုးပါ။ အိန္ဒိယဟင်းခတ်အမွှေးအကြိုင် အစုံအလင်နဲ့ ချက်ထားတာမို့ အရသာရော၊ အနံ့ပါ ထူးကဲ ကောင်းမွန်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ပုဇွန်ကျား – အကောင် ၂၀ (အမြှီချန်ကာ အခွံနွှာ၊ ကျောခွဲထားပေးပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (မညက်တညက်ထောင်းပါ)
  • ဇီယာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သစ်ဂျပိုး – ၁ခု
  • ငရုတ်သီး(အရောင်တင်)မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇါန်း
  • ကလဝေရွက် – ၁ရွက်
  • ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီ အတုံးသေးများတုံးပါ)
  • အုန်းနို့ အနှစ်- ၁၆၀ မီလီလီတာ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
  • သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဂီ(သို့) ထောပတ်  – စားပွဲတင်ဇွန်း ၃ဇွန်း
Prawn_Coconut_Curry
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပုဇွန်ကျားကို ဆား၊ ကြက်သားမှုန့် (အနည်းငယ်)ဖြင့် သမအောင် ရောနုယ်ပေးပါ။
၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီ ဆီပူလာလျှင်ပုဇွန်ကျားများကို အရောင်ရသည်အထိ ဆီပူထိုးပေးပြီ ပြန်ဆယ်ထားပါ။
Prawn_Coconut_Curry1
၃။ ပြီနောက် ဒယ်ထဲ ဂီထည့် ပူလာလျှင် ကြက်သွန်နီ ဆီသပ်ပေးပါ။
Prawn_Coconut_Curry2
၎။ ပြီမှ ကြက်သွန်ဖြူ၊ ဂျင်းထောင်း၊ ဇီယာ၊ နနွင်း၊ ငရုတ်သီးမှုန့်၊ သစ်ဂျပိုး၊ ကလဝေရွက် တို့ကို ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးပါ။
၅။ ပြီလျှင် ခရမ်းချဉ်သီး၊ အုန်းနို့၊ ရေ(ခွက်တ၀က်)၊ ဆား၊ သကြားတို့ကို ထည့်ကာ မီးနည်းနည်းဖြင့် ၄မိနစ်ခန့်ထည်ထားပါ။
Prawn_Coconut_Curry3
၆။ ထို့နောက် မီးပိတ်ကာ ခေတ္တအအေးခံပြီ blender (ကြိတ်စက်)ထည့် ကြိတ်ပေးပါ။ (သစ်ဂျပိုး၊ ကလဝေရွက် ဖယ်ပြီမှ ကြိတ်ပါ)
Prawn_Coconut_Curry4
Prawn_Coconut_Curry5
ရ။ ပြီမှ ကြိတ်ထားတဲ့ ဟင်းအနှစ်ကို ပြန်အပူပေးပါ။ ဆူလာလျှင် ပုဇွန်၊ သံပရာရည်၊ နံနံပင် အုပ်ပြီ မီးပိတ်လိုက်ပါ။
၈။ အရသာရှိသော အုန်းနို့ ပုဇွန် ဟင်းလျာကို အရသာရှိစွာ saffron ထမင်းဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
Prawn_Coconut_Curry6
2 comments
  1. Thu Ta Aung says:
Leave a Reply to admin Cancel reply
Your email address will not be published. Required fields are marked *