ဆိတ်သား vindaloo ဟင်းလျာ

ဆိတ်သား vindaloo ဟင်းလျာ

Mutton_Curry4

ဆိတ်သား vindaloo ဟင်းလျာပါ။ ဆိတ်သားကို ရှာလကာရည်၊ ဟင်းခတ်အမွှေးအကြိုင်နုယ်ကာ တညသိပ်ချက်ထားတာမို့ အသားက နူအိပြီ စားလို့ အရမ်းကောင်းပါတယ်။ ဆိတ်သား vindaloo ကို အာလူးနဲ့ ရောချက်လို့ရပါတယ်။ စားလို့လည်း ကောင်းတာမို့ ခုပဲ ချက်နည်း ကြည့်ရအောင်…

ဆိတ်သား နုပ်ထားရန် ပါဝင်ပစ္စည်းများ

  • သိုသား(သို့) ဆိတ်သား – ၄၀၀ ဂရမ် (၁လက်မအရွယ် အတုံးများ ပိုင်းဖြတ်ပါ)
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ကြက်သွန်နီ -၂လုံး (နှုတ်နှုတ်စဉ်းပါ)

  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်သီးစိမ်း – ၃တောင့် (ထပ်ခြမ်းခြမ်းပါ)
  • သစ်ဂျပိုး – ၁ခု
  • လေညှင်း – ၃ခု
  • ဇီယာ – လက်ဖက်ရည်ဇွန်း တ၀က်
  • မုန့်ညှင်းစေ့ – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းထားပါ)
  • ကြက်သွန်ဖြူ၊ ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ညက်အောင် ထောင်းပါ)
  • ရေ – ၂ခွက်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဒိန်ချဉ် – ခွက် တ၀က်

Mutton_Curry

ချက်ရန် ပါဝင်ပစ္စည်းများ

  • ငရုတ်သီးပွနီခြောက် – ၃ခု (အစေ့ထုတ်ပြီ ရေနွေးပြုတ်ပြီ ညက်အောင် ထောင်းထားပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • မဆလာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဂီ(သို့)ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ခွက်ထဲတွင် ဆိတ်သားကို နုပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ရှာလကာရည်၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်း၊ သစ်ဂျပိုး၊ လေညှင်း၊ ဇီယာ၊ မုန့်ညှင်း၊ ငရုတ်ကောင်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဒိန်ချဉ်၊ ဆား) တို့ဖြင့် သမအောင် ရောနုယ်ပြီ ရေခဲသေတ္တာ(အောက်ထပ်)တွင် အနည်းဆုံး ၄နာရီမှ ၁ညသိပ်ပေးပါ။

Mutton_Curry1

၂။ ပြီနောက် ဒယ်ထဲ ဂီ(သို့) ဆီထည့်ပြီ ပူလာလျှင် ကြက်သွန်နီ၊ ငရုတ်သီးပွနီ ဆီသပ်ပေးပါ။

Mutton_Curry2

၃။ ပြီလျှင် နုပ်ထားသော ဒိန်ချဉ် ဆိတ်သားများကို ထည့်ကာ ၁မိနစ်ခန့် အရောင်ရသည်အထိ ရောချက်ပေးပါ။

၎။ ပြီနောက် ဒယ်ထဲ ရေ(၂ခွက်)၊ ဆား ထည့်ကာ အဖုံးအုပ်ပြီ မီးနည်းနည်းဖြင့် နာရီဝက်ခန့်  ဆိတ်သား နူသည်အထိ တည်ထားပေးပါ။ ရေလိုလျှင် ထပ်ထည့်ပေးပါ။

Mutton_Curry3

၅။ ဆိတ်သား နူအိပြီဆိုလျှင် မဆလာ၊ နံနံပင် အုပ်ကာ အရသာရှိသော ဆိတ်သား ဒိန်ချဉ်ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ..

Mutton_Curry4

2 comments

  1. Khin Hnin Ei says:

    ဒိန်ချဉ်ကဈေးတွေမှာရောင်းနေတဲ့ဒိန်ချဉ်ကိုပဲအသုံးပြုတာလား
    ဒါမှမဟုတ်အမျိုးအစားကွဲပါသလား။

  2. Thu Ta Aung says:

    ဂီး( ထောပတ်)ကိုဘယ်မှာဝယ်လို့ရလဲ

Leave a Reply to Khin Hnin Ei Cancel reply

Your email address will not be published. Required fields are marked *