ပုန်းရည်ကြီး ထမင်းကြော်
ပုန်းရည်ကြီး ထမင်းကြော်
Fried_Rice_Pone_Yay_Gyi3
ပုန်းရည်ကြီး ထမင်းကြော်လေးပါ။ ပုန်းရည်ကြီး ချစ်သူတွေအတွက် ထမင်းကြော်နည်း တမျိုးပါ။ ပုန်းရည်ကြီး ထမင်းကြော်ကို ကြက်သားကြော်၊ ပုဇွန်ခြောက်၊ ကြက်သွန်နီ၊ ကြက်ဥကြော်၊ ငရုတ်သီးစိမ်းတို့နှင့် တွဲဖက် သုံးဆောင်ရမှာပါ။ အရသာ ပုန်းရည်ကြီး အရသာ ခါးသက်သက်နဲ့ ချဉ် စပ်အရသာလေးပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ချက်ပြီသား ထမင်း        – ၂လုံး
  • ပုန်းရည်ကြီး               – ၁ထုပ်
  • ဆား                       – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့်            – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား                   – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ပဲငံပြာရည်(အကြည်)   – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဟင်းရွက်ဆီ              – စားပွဲတင်ဇွန်း ၃ဇွန်း
တွဲဖက် ပါဝင်ပစ္စည်းများ
  • ပုဇွန်ခြောက်             – စားပွဲတင်ဇွန်း ၃ဇွန်းစာ
  • ကြက်သွန်မြိတ်          – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
  • ကြက်သွန်နီ              – ၂လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ             – ၂မွှာ (ပါးပါးလှီးပါ)
  • သံပရာသီး                – ၁လုံး ( ပါးပါးလှီးပါ)
  • ကြက်ဥ                    – ၂လုံး (ခလောက်ပြီ အပြားကြော်ပြီ ပါးပါးလှီးပါ)
  • ငရုတ်သီးစိမ်း            – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ်          – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • နံနံပင်                    – အနည်းငယ်
  • ကြက်ရင်ဗုံသား          – ၁ခု (အတုံးသေးတုံးပေးပြီ ဆားနည်းကာ အညှိရောင်သန်းသည်အထိ ကြော်ပေးထားပါ) (သို့) ၀က်ဆီဖတ်ကြော်
Fried_Rice_Pone_Yay_Gyi1
ထမင်းကြော်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ပုန်းရည်ကြီးကို ထည့်ပြီ ၁မိနစ်ခန့်မွှေပေးပါ။
၂။ ပြီလျှင် ထမင်းထည့်ပြီ ပုန်းရည်ကြီးနဲ့ ထမင်းများကို ရောမွှေလိုက်ပါ။
၃။ ထို့နောက် အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား နှင့် ပဲငံပြာရည်တို့ကို ထည့်ပေးပါ။
၎။ ပြီလျှင် ပန်းကန်လုံး ထဲသို့ ပုန်းရည်ကြီး ထမင်းကြော်များကို ထည့်ပြီ ပန်းကန်ပြားတစ်ခုထဲသို့ မှောက်ထည့်လိုက်ပါ။
Fried_Rice_Pone_Yay_Gyi2
၅။ ပြီမှ ပုန်းရည်ကြီး ထမင်းကြော် ဘေးတွင် တွဲဖက်ပါဝင်ပစ္စည်းများ ဖြစ်သော (ပုဇွန်ခြောက်၊ ကြက်သားကြော်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ သံပရာသီး၊ ကြက်ဥကြော်၊ နံနံပင် ငရုတ်သီးစိမ်း) တို့ကို စီပေးထားပါ။
၆။ ထို့နောက် အားလုံးကို ရောမွှေလိုက်ပြီ အပေါ်မှ သံပရာသီးလေး ညှစ်ပြီ အရသာရှိစွာ ပုန်းရည်ကြီး ထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီ..
Fried_Rice_Pone_Yay_Gyi3
4 comments
  1. kalayar says:
    မြန်​မာ့ပုန်းရည်​ကြီးနဲ့​ကြော်​တာဆို​တော့
    စားချင်​စဖွယ်​ပဲ
    လုပ်​စားကြည့်​လိုက်​မယ်
Leave a Reply
Your email address will not be published. Required fields are marked *