Saffron ထမင်း

Saffron ထမင်း

Safforn_Rice4

Saffron ထမင်း ချက်နည်းပါ။ ဆန်ကို ထောပတ်၊ saffron အရည်နဲ့ ရောချက်ထားတာပါ။ အိန္ဒိယဟင်းလျာ တော်တော်များများနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ ချက်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • saffron – လက်ဖက်ရည်ဇွန်း တ၀က်
  • ဘာစမက်တီ basmati ဆန် –  ၂ခွက် (ဆန်ချိန်ခွက်)
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း

  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရေ – ၃ခွက်

Safforn_Rice

Saffron ချက်ပြုတ်နည်း

၁။ အရင်ဆုံး saffron ကို ရေနွေး(ခွက်တ၀က်၊ ၁၀၀မီလီလီတာ) ဖြင့် သမအောင် ရောမွှေထားပါ။

Safforn_Rice1

၂။ ပြီလျှင် အဖုံးလုံးသော အိုးထဲ ထောပတ်ထည့် ပူလာလျှင် ဆန်ထည့်ပြီ ရောမွှေပေးပါ။

၃။ ပြီမှ ရေ(၃ခွက်)၊ saffron အရည်၊ ဆား ထည်ဖြင့် အဖုံးအုပ်ကာ မီးနည်းနည်းဖြင့် မိနစ် ၂၀တည်ထားပေးပါ။

Safforn_Rice2

၎။ ရပြီဆိုလျှင် သီဟိုဌ်စေ့ထည့်၊ အပေါ်မှ ကြက်သွန်နီကြော်ဖြူးပြီ အဖုံးအုပ်ကာ မီးပိတ်ပြီ ၁၀မိနစ်ခန့် ထပ်နုပ်ထားပေးပါ။

Safforn_Rice3

၅။ ပြီလျှင် အရသာရှိသော saffron ထမင်းကို သုံးဆောင်နိုင်ပါပြီ…

Safforn_Rice4

မှတ်ချက် ။ ။ ချက်နေစဉ် အဖုံးဖွင့်မကြည့်ပါနှင့်၊ pressureနဲ့ ထမင်းကျက်အောင် ချက်ပါ။ Saffron ကို အိန္ဒိယဆိုင်တွင် မေးဝယ်နိုင်ပါသည်။

4 comments

  1. Ma Cho says:

    Saffron က ဘယ်မှာ ၀ယ်လို့ရမလဲ

    • admin says:

      Safforn A K Khan အိန္ဒိယဆိုင်မှာ ၀ယ်လို့ရပါတယ်။ ၂၇လမ်းလား၊ လိပ်စာမေ့နေလို့ပါ။ ဆိုင်ဖုန်းနံပါတ် ၂၄၅၂၇၅ ကိုဆက်သွယ်ဝယ်ယူလို့ရပါတယ် 🙂

  2. zzawm says:

    ကျွန်တော် အိန္ဒိယ ဟင်းတော်တော်များများ ကြိုက်တယ်။ safforn ကို ဘယ်မှာ ၇မလဲ

    • admin says:

      A K Khan အိန္ဒိယဆိုင်မှာ ၀ယ်လို့ရပါတယ်။ ဆိုင်ဖုန်းနံပါတ် ၂၄၅၂၇၅ ကိုဆက်သွယ်ဝယ်ယူလို့ရပါတယ် 🙂

Leave a Reply to admin Cancel reply

Your email address will not be published. Required fields are marked *