Scotch Egg (၀က်သား ကြက်ဥအစာသွပ်ကြော်)

Scotch Egg (၀က်သား ကြက်ဥအစာသွပ်ကြော်)

Scotch_Egg12

မိသားစုနဲ့ တူတူ ပျော်ပွဲစားထွက်ရင်ပဲဖြစ်ဖြစ်၊ အဆာပြေ လုပ်စားနိုင်ဖို့ ၀က်သား ကြက်ဥ အစာသွပ် ချက်နည်းလေးပါ။ လုပ်ရလွယ်ပြီ ကြွပ်ရွရွလေးနဲ့ အရမ်းစားကောင်းတာမို့ ခုပဲ လုပ်ကြည့်ရအောင်…

တခြား ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၃လုံး (ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ပါမုန့်ခြောက် – ၅၀ ဂရမ်

  • ဂျုံမှုန့် – ၁၀၀ ဂရမ်
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)

ဝက်သားတွင် ပါဝင်ပစ္စည်းများ

  • ၀က်သား(သို့)ကြက်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • Nutmeg (ဇာဒီပ္ဖိုလ်သီး) – ၁ခု (ခြစ်တံဖြင့် ခြစ်ထည့်ပေးပါ)
  • mustard – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ပဲငံပြာရည် အချို – စားပွဲတင်ဇွန်း တ၀က်
  • နှမ်းဆီ – စားပွဲတင်ဇွန်း တ၀က်

ပြုလုပ်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန်လုံး တစ်ခုထဲတွင် (၀က်သား(သို့)ကြက်သား၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ဇာဒီပ္ဖိုလ်သီး၊ mustard၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အချို၊ နှမ်းဆီ) တို့ကို သမအောင် ရောနုယ်လိုက်ပါ။

Scotch_Egg

၂။ ပြီလျှင် နုယ်ထားတဲ့ ၀က်သားကို ၃ပိုင်းပိုင်းပြီ အ၀ိုင်းပြားလုပ်ပါ။

Scotch_Egg2

၃။ ပြီနောက် ကြက်ဥကို အသားဝိုင်းပေါ်တွင်ပြီ ၀က်သားများ ကြက်ဥကို အုပ်သွားသည်အထိ အစာသွပ်ပေးပါ။

Scotch_Egg3

Scotch_Egg4

၎။ ထို့နည်းအတိုင်း ကျန်ကြက်ဥများကို ၀က်သားထဲ အစာသွပ်ပေးပါ။

၅။ အစာသွပ်ထားသော ၀က်သားလုံးများကို ဂျုံပန်းကန်ထဲ ထည့်ပြီ လိမ့်ကာ ဂျုံကပ်ပေးပါ။

Scotch_Egg5

၆။ ပြီလျှင် ကြက်ဥခွက်ထဲ နှစ်စိမ်ပေးပြီ ပါမုန့်ခြောက်ကပ်ပေးပါ။

Scotch_Egg6

Scotch_Egg8

ရ။ ပြီနောက် ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် Scotch egg ၀က်သားကြက်ဥ အစာသွပ်များကို ရွှေညိုရောင်သန်းသည်အထိ ကြော်ပေးပါ။

(သို့)

ရ။ Phillip Airfryer ဖြင့် ကြော်လျှင် မကြော်ခင် scotch egg ၀က်သားကြက်ဥအစာသွပ်များကို ဆီသုတ်ပေးပါ။ ပြီမှ Phillip Airfryer ထဲထည့်ပြီ အပူချိန် ၁၈၀ ဒီဂရီဖြင့် မိနစ် ၂၀ခန့် လေအပူဖြင့် ကြော်ပေးပါ။

Scotch_Egg9

Scotch_Egg10

Scotch_Egg11

၈။ အရသာကြွပ်ရွပြီ စားလို့ကောင်းတဲ့ Scotch egg ၀က်သား၊ ကြက်ဥအစာသွပ်ကြော် လေးများကို သုံးဆောင်နိုင်ပါပြီ…

Scotch_Egg12

14 comments

  1. july says:

    မဝတ်ရည် ပဲငံပြာရည်အနောက်က ဘာကိုခေါ်တာလဲဟင်
    ကြာညှို့ ကိုပြောတာလား

  2. ယုလေး says:

    Phillip Air fryer လေး စိတ်ဝင်စားတယ် မ၀တ်ရည်။ ဈေးဘယ်လောက်လဲဟင်?

    • admin says:

      Market Place City Mart မှာ ၀ယ်လို့ရပါတယ် sis။ Phillip Air Fryer က သုံးရတာ တော်တော် အဆင်ပြေပါတယ်။ အကြော်ရော၊ အကင်ရော ဆီနည်းနည်းလေးနဲ့ လုပ်စားလို့ရပါတယ်.. 😀

  3. myamyamin says:

    မရေ ဒီပို့စ်လေး တင်ပေးတာ ကျေးဇူးပါနော်။ မကို အမြဲ အားပေးနေပါတယ်။ မရဲ့ ပရိသတ်တစ်ဦးပါ

    • admin says:

      အားပေးတာ ၀တ်ရည်ကလည်း ကျေးဇူး အများကြီးတင်ပါတယ်နော် sis lay <3

  4. Hla yamin phyo says:

    ဟင်းချက်နည်းတွေစိတ်ဝင်စားတယ် မသိတာရှိရင်မေးမယ်နော်အစ်မ

  5. Hla yamin phyo says:

    အဲဒီအကြော်စက်လေးကဘယ်လောက်ရှိလဲအစ်မ

  6. kyawmyowin says:

    စားလို့ကောင်းမှာဘဲ မိန်းမကိုလုပ်ခိုင်းအုံးမယ်good

  7. kyawmyowin says:

    goodမှာဘဲနော်

  8. kyawmyowin says:

    goodမှာဘဲနော

  9. Khine Kyi Phyu says:

    Hi sis

Leave a Reply

Your email address will not be published. Required fields are marked *