ကြက်ရင်ဗုံ နဲ့ ပေါင်ကင်

ကြက်ရင်ဗုံ နဲ့ ပေါင်ကင်

Chicken_Grill7

ကြက်တစ်ကောင်လုံး ကင်မယ့်အစား ကြက်ရင်ဗုံ၊ ပေါင် အစိတ်အပိုင်းတွေကို barbecue ဆော့နဲ့ ကင်ထားတာပါ။ Barbecue ဆော့ အချိုကို အသုံးပြုထားတာမဟုတ်ပဲ ရှာလာရည်ကို အခြေခံထားတဲ့ ဆော့ရည်နဲ့ barbecue ဆော့ရည်နဲ့ ကင်ထားတာမို့ အရသာ ထူးခြားကောင်းမွန်ပါတယ်။ ခုပဲ တူတူကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံနဲ့ ပေါင်တွဲယှက် – ၂စုံ
  • Barbecue ဆော့ – စားပွဲတင်ဇွန်း ၈ဇွန်း (ကြိုက်နှစ်သက်ရာ barbecue ဆော့ကို အသုံးပြုနိုင်သည်)
  • Barbecue rub အမှုန့်
  • Barbecue mop ရှာလကာ ဆော့ရည်

Barbecue rubတွင် ပါဝင်ပစ္စည်းများ

  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီး(အရောင်တင်မှုန့်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

Barbecue Mop ဆော့ရည်တွင် ပါဝင်ပစ္စည်းများ

  • ရှာလကာရည် – ၁ခွက်
  • ဆား – စားပွဲတင်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီး(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်နီ – ၁လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ငရုတ်သီးစိမ်းတောင့်ရှည် – ၁ခု (ပါးပါးလှီးပါ)

ပြင်ဆင်နည်း

၁။ ခွက်တစ်ခုထဲ Barbecue Mop တွင် ပါဝင်ပစ္စည်းများဖြစ်သော (ရှာလကာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်နီ၊ ငရုတ်သီး) တို့ကို ရောမွှေလိုက်ပါ။

Chicken_Grill2

၂။ ပြီနောက် ခွက်တစ်ခုထဲ Barbecue rub တွင် ပါဝင်ပစ္စည်းများ ဖြစ်သော(ငရုတ်သီးမှုန့်၊ သကြား၊ နံနံစေ့မှုန့်၊ ဆား၊ ကြက်သွန်ဖြူမှုန့်) တို့ကို ခွက်တစ်ခုထဲတွင် သမအောင် ရောမွှေလိုက်ပါ။

Beef_Grill

ကင်နည်း

၁။ အရင်ဆုံး ကြက်ရင်ဗုံနဲ့ပေါင် တွဲယှက်ကို ဓားဖြင့် အနည်းငယ် မွှန်းပေးပါ။

၂။ ပြီလျှင် barbecue rub အမှုန့်များကို ကြက်သား တဖက်စီသို့ လှန်ပြီ ဖြူးပေးပါ။

Chicken_Grill1

၃။ ထို့နောက် Oven (သို့) မီးကင်းပြားဖြင့် စကင်လို့ရပါပြီ။ Oven ၂၀၀ ဒီဂရီဖြင့် တဖက်ကို နာရီဝက်နှုန်းဖြင့် ၁နာရီခန့် ကင်ပေးပါ။

၎။ ကင်နေစဉ်အတွင်း ရှာလကာရည် Mop ဆော့ရည်များ သုပ်မကြာခဏ သုပ်ပေးပါ။

Chicken_Grill3

Chicken_Grill5

Chicken_Grill6

၅။ ထို့နောက် ကြက်ကင် ရခါနီး ၁၀မိနစ်အလိုတွင် Barbecue ဆော့များ နောက်ထပ် ၁၀မိနစ်ကင်ပေးပါ။

၆။ အရသာရှိပြီ ကြက်ရင်ဗုံ၊ ပေါင်ကင်ကို သုံးဆောင်လို့ရပါပြီ…

Chicken_Grill7

———————————————————————————————————–

5 comments

  1. Thinn Thinn Myat says:

    Thanks for sharing.

  2. kimnana.gg says:

    superရှယ်​​တွေ

  3. minminsoe says:

    thanks for mail to send.i’ll be try.

Leave a Reply

Your email address will not be published. Required fields are marked *