ငါး သံပရာပေါင်း
ငါး သံပရာပေါင်း
Steam_Fish_Lime3
ငါးသံပရာပေါင်း ချက်နည်းလေးပါ။ ငါးသံပရာပေါင်းမှာ ဇီးချိုသီးလည်း ပါဝင်တာမို့ အရသာက ချိုပြီ ထူးခြား ကောင်းမွန်ပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်..
ပါဝင်သောပစ္စည်းများ
  • တလာဗီယားငါး – ၁ကောင် (၃၅၀- ၄၀၀ဂရမ်)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
  • ငရုတ်သီးစိမ်း၊နီ – ၄တောင့် (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၅မွှာ (အ၀ိုင်းပါးပါးလှီးပါ)
  • ဇီးချိုသီး – ၄လုံး
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်ပြုတ်ရည် – ခွက်တ၀က် (၁၀၀မီလီလီတာ)
  • နံနံပင် – လက်တဆုတ်စာ (ပါးပါးလှီးပါ)
Steam_Fish_Lime
ချက်ပြုတ်နည်း
၁။ ငါးကို ကြေခွံဖယ်၊ သန့်စင်ပြီ ဓားဖြင့် အမျှောင်းမွှန်းပေးပါ။
၂။ ပြီလျှင် တလဗီယားငါးကို ဆား၊ ကြက်သားမှုန့်တို့ဖြင့် သမအောင် ရောနုယ်ထားပါ။
၃။ ပြီနောက် ဆော့ရည် အတွက် ပါဝင်သောပစ္စည်းများဖြစ်သော ( ကြက်သွန်ဖြူ၊ ၊သံပရာရည်၊ ငရုတ်သီးစိမ်း၊ သကြား၊ ငံပြာရည်၊ရေ) အားလုံးကို ပန်းကန်လုံး တစ်ခုထဲ ထည့်ပြီး သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။
Steam_Fish_Lime1
၃။ ထိုဆော့အရည်များကို တလာဗီယားငါးပေါ်သို့ လောင်းထည့်၊ ဇီချိုသီးထည့်ပြီ၊ နံနံပင်(အနည်းငယ်) အုပ်ပြီ ပေါင်းအိုးဖြင့် မိနစ် ၂၀ခန့် ပေါင်းပေးပါ။
Steam_Fish_Lime2
၎။ အရသာရှိသော ငါးသံပရာပေါင်းကို ထမင်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ…
Steam_Fish_Lime3
11 comments
  1. Thinn Thinn Myat says:
    I have difficut to consider for what can I cook.
    I will make it tomorrow.
    Thanks.
  2. jasmine says:
    ကျေးဇူးပါ ငါးပေါင်းနည်းတခုရလိုက်တယ်
  3. kalayar says:
    ငါးကိုအဲလိုမ​ပေါင်းစားဖြစ်​ဖူး
  4. မမွန် says:
    ဝတ်ရည်ရေကျေးဇူးဘဲနော်
    ဝတ်ရည်ပို့ပေးတာတွေကို
    မှတ်ထားပြီးအိမ်မှာလုပ်စားဖြစ်ပါတယ်
    အပတ်စဉ်TVကလာတာကိုလဲအားပေးနေတယ်နော်
  5. mazar says:
    very like. သမီးတွေကို ချက်ကျွေးမယ်
    ဟင်းချက်နည်းတင်ပေးလို့ ကျေးဇူးတင် ပါတယ်
  6. kimnana.gg says:
    စားလို့​ကောင်းမှာ​သေချာတယ်
  7. May Oo says:
    ပေါင်းအိုးဆိုတာအောက်ကရေနွေးခံပီးပေါင်းရတဲ့နှစ်ထပ်အိုးကိုပြောတာလား sis:
  8. july says:
    TVအစီအစဉ်က ဘယ် channelမှာလာတာလဲအစ်မ
    • admin says:
      အရင်က မြ၀တီမှာ လွှင့်ပါတယ်။ ခုခဏရပ်ထားပြီ ၀တ်ရည် ကိုယ်ပိုင် ဟင်းချက်အစီအစဉ် လွှင့်ဖို့ လုပ်ပေးပါတယ်.. 😀
  9. caspar says:
    လုပ်နည်းလေးလွယ်တယ် လုပ်စားဦးမယ် တင်ပေးလို့ကျေးဇူးပါအမ လှည်းတန်းငါးကင် လုပ်နည်းလေးအစဉ်ပြေ ရင် တင်ပေးပါလားအမရယ် ကျေးဇူးတင် ပါတယ် Wutyee food House ဒီထက်မက အောင်မြင် ပါစေ။
Leave a Reply
Your email address will not be published. Required fields are marked *