မြင်းခြံ ကြက်သား၊ ပလတာ

မြင်းခြံ ကြက်သား၊ ပလတာ

Paratha_Chicken18

မြင်းခြံစတိုင် ကြက်သား နှင့် ပလတာချက်နည်းလေးပါ။ အညာမှာ ခေါ်တဲ့ ပလတာက ရန်ကုန်မှာက အထပ်တရာ ပလတာလို့ ခေါ်ပါတယ်။ ပလတာ လုပ်ပုံ အဆင့်ဆင့်ပါ ဖော်ပြထားတာမို့ လုပ်ရလည်း လွယ်ကူမှာပါ။ အညာ ကြက်သား၊ ပလတာချက်နည်းရဲ့ ထူးခြားချက်က မြင်းခြံ မုန့်ကြွပ်ရယ်၊ ပဲဟင်းရည်နဲ့ တွဲဖက်ပြီ သုံးဆောင်ရတာပါပဲ။ အရမ်းလည်း စားလို့ကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပလတာအတွက် ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် – ခွက်၂ခွက်
  • နွားနို့(အပူ)(သို့)ရေပူ – ခွက် ၄ပုံ၃ပုံ
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • Baking powder – လက်ဖက်ရည်ဇွန်း တ၀က်

ပလတာ ပြုလုပ်နည်း

၁။ ဇောက်ပန်းကန်လုံးထဲ (ဂျုံမှုန့်၊ ဆား၊ သကြား၊ baking powder) တို့ကို ထည့်ပြီ ရောမွှေထားပါ။

Paratha_Chicken

၂။ ပြီလျှင် ဆီထည့်ပြီ နွားနို့ကို ဖြည်းဖြည်းခြင်း ထည့်ပြီ ဂျုံဒိုး နူညံ့သည်အထိ သမအောင် လက်ဖြင့် ဂျုံကို နာနာနုယ်ပေးပါ။

Paratha_Chicken2

Paratha_Chicken3

၃။ ပြီနောက် ရောနုယ်ထားသော ဂျုံဒိုးကို အ၀တ်သန့်စိုဖြင့် အုပ်ပြီ အနည်းဆုံး မိနစ် ၂၀ခန့် နုပ်ထားပေးပါ။

၎။ ပြီလျှင် ဂျုံးဒိုးကို အရွယ်တူ အလုံး ၆လုံးလုံးပေးပြီ အပေါ်မှ ဆီအနည်းငယ် သုပ်ပေးပါ။

Paratha_Chicken4

၅။ ဂျုံလုံးဒိုးများကို အပေါ်မှ အ၀တ်စို(သို့)ပလတ်စတစ်အကြည် အုပ်ပြီ နောက်ထပ် ၁၀မိနစ်ခန့် ထပ်နုပ်ပေးပါ။

Paratha_Chicken5

၆။ ထို့နောက် စားပွဲကို ဆီအနည်းငယ် သုတ်ပြီ ဂျုံဒိုးလုံးကို အပြားလုပ်ပြီ ဒလိမ့်တုံးဖြင့် ဂျုံဒိုး ပါးလွှားသွားသည်အထိ လိမ့်ပေးပါ။

Paratha_Chicken6

Paratha_Chicken7

ရ။ ပြီနောက် ဂျုံဒိုးပြားကို အလယ်မှ ဓားဖြင့် ထပ်ခြမ်းခြမ်းလိုက်ပါ။

Paratha_Chicken8

၈။ ပြီမှ ထပ်ခြမ်းခြမ်းထားသော ဂျုံဒိုးပြားတစ်ခုကို ပုံတွင် ပါသည့်အတိုင်း အထပ်ထပ်လေးများ ဆုံးတဲ့အထိ ထပ်သွားပါ။

Paratha_Chicken9

၉။ ပြီလျှင် ဒိုးပြားကို ပုံတွင် ပါသည့်အတိုင်း အ၀ိုင်းလိမ့်ပေးပါ။

Paratha_Chicken10

၁၀။ ထို့နည်းအတိုင်း ကျန်ဂျုံဒိုးများကို ပြုလုပ်ပေးပါ။

Paratha_Chicken11

၁၁။ အ၀ိုင်းလိမ့်ထားသော ဂျုံဒိုးများကို ဒလိမ့်တုံးဖြင့် ၃လက်မခွဲအရွယ် ပြန်လိမ့်ပေးပါ။

Paratha_Chicken12

၁၂။ ပြီနောက် ဒယ်ထဲ ဂီ(သို့)ဆီ(စားပွဲတင်ဇွန်း ၆ဇွန်း) ထည့်ပြီ ဆီပူလျှင် ဂျုံဒိုးများထည့်ပြီ အရောင်ရသည်အထိ တဖက် ၁မိနစ်နှုန့်ဖြင့် ကြော်ပေးပါ။

Paratha_Chicken13

Paratha_Chicken14

 

ကြက်သား ပလတာဟင်း နဲ့ တွဲဖက် ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံ – ၁ခု (ဆား၊ ကြက်သားမှုန့်၊ ဆနွင်းမှုန့် အနည်းငယ်ဖြင့်ေ၇ာနုယ်ပြီ ကျက်အောင် ပြုတ်ပြီ ၁လက်မအရွယ် အ၇ှည်ပါးပါးလှီးပါ)
  • သခွာသီး – ၁ခု (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ)
  • အညာ မုန့်ကြွပ် – လက်၂ဆုတ်စာ
  • နံနံပင် – ၁စည်း (ပါးပါးလှီးပါ)

Paratha_Chicken15

ပဲဟင်းရည်အတွက် ပါဝင်ပစ္စည်းများ

  • ကုလားပဲ(အစိမ်းမှုန့်) – စားပွဲတင်ဇွန်း ၂ဇွန်း (ရေ(၃၀၀ မီလီလီတာ)ဖြင့် ရောမွှေထားပါ)
  • ဂျင်း – လက်မ၀က် (ညက်အောင် ထောင်းပါ)
  • ငရုတ်သီး ဆီချက် – စားပွဲတင်ဇွန်း ၅ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (ညှက်အောင် ထောင်းပါ)
  • ကြက်သွန်နီ(ဥသေး) – ၈ဥ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်ပြုတ်ရည် – ၁ခွက် (၂၀၀ မီလီလီတာ)

ပဲဟင်းရည် ချက်နည်း

၁။ အရင်ဆုံး ကြက်ပြုတ်ရည်ကို ဆူအောင် မီးအတင့်သင့်ဖြင့်တည်ထားပါ။

၂။ ဆူလာလျှင် ပဲအရည်၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ငံပြာရည်၊ သကြား၊ အချိုမှုန့် တို့ကို ထည့်ပြီ မီးအတင့်သင့်ဖြင့် ပဲပြုတ်ရည် တ၀က်ခမ်းသည်အထိ ဇွန်းဖြင့် မွှေကာ တည်ထားပေးပါ။

Paratha_Chicken16

ကြက်သား နှင့် ပလတာပြင်ဆင်နည်း

၁။ ခွက်ထဲ (ပလတာ၊ ကြက်သွန်နီ၊ သခွာသီး၊ မုန့်ကြွပ်၊ ကြက်သား၊ နံနံပင်၊ ငရုတ်သီးဆီချက်) တို့ကို ထည့်ပေးပါ။

Paratha_Chicken17

၂။ ပြီမှ ပဲဟင်းရည်ကို အပေါ်မှ ဆမ်း၊ နံနံပင်အုပ်ပြီ အရသာရှိစွာ အညာစတိုင် ကြက်သား၊ ပလတာဟင်းကို သုံးဆောင်နိုင်ပါပြီ…

Paratha_Chicken18

9 comments

  1. mawmaw says:

    thanks sis i like this today i well try.

  2. သက်ထား says:

    can i use baking soda instead of baking powder ?

    • admin says:

      ဟုတ်ကဲ့ သုံးလို့ရပါတယ်… baking powder သုံးမယ်ဆိုရင် အတိုင်းအတာ နည်းနည်းပိုထည့်ပေးရပါတယ်..

  3. doris says:

    မစားဘူးဘူး:)ပလာတာလုပ်​နည်းလဲပါ​တော့အဆင်​​ပြေတယ်
    လုပ်​ကြည့်​မယ်​:)​ကျေးဇူးဘဲဝတ်​ရည်​:)

  4. boletyone says:

    I like your page.It is very useful for me.

  5. glory says:

    ma ma wutye could you please tell me how is two cup of flour? can i use flour with rice cup?

Leave a Reply

Your email address will not be published. Required fields are marked *