အုန်းနို့ ကောက်ညှင်းကင်

အုန်းနို့ ကောက်ညှင်းကင်

Grill_Sticky_Rice_Tuna6

အစာပြေ လုပ်စားနိုင်ဖို့ အုန်းနို့ ကောက်ညှင်းကင်လေးကို ရွေးချယ်ထားပါတယ်။ အုန်းနို့နဲ့ ချက်ထားတာမို့ ကောက်ညှင်းကင်က ချိုစိမ့်ပြီ အထဲမှာ တူနာ အစာသွပ်ထားတာပါ။ အရမ်းလည်း စားလို့ ကောင်းတဲ့ ချက်နည်းတစ်ခု ဖြစ်တာမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်…

ကောက်ညှင်းချက်ရန် ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် – ၁ခွက်ခွဲ
  • အုန်းနို့ခရင် – ၁၆၀ မီလီလီတာ
  • ရေ – ၁ခွက်

  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – စားပွဲတင်ဇွန်း တ၀က်

တူနာအစာသွပ်ရန် ပါဝင်ပစ္စည်းများ

  • တူနာ(chunk) – စည်သွပ် ၁ဘူး
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်မြိတ် – အနည်းငယ် (ပါးပါးလှီးပါ)

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးထဲ (တူနာ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ သံပရာရည်၊ သကြား၊ ကြက်သွန်မြိတ်) တို့ကို သမအောင် ရောနုယ်ထားပါ။

Grill_Sticky_Rice_Tunaa

၂။ ပြီနောက် Rice Cooker ထဲ (ကောက်ညှင်းဆန်၊ အုန်းနို့၊ ရေ၊ ဆား၊ သကြား) တို့ကို ထည့်ပြီ ထမင်းချက်သလိုပင် အုန်းနို့ကောက်ညှင်းကို ချက်ပေးပါ။

၃။ အုန်းနို့ ကောက်ညှင်း ရပြီဆိုလျှင် ဇောက်ပန်းကန်ထဲ ခေတ္တ အအေးခံပေးပါ။

Grill_Sticky_Rice_Tuna

၎။ ပြီနောက် ငပျောရွက်(သို့) aluminum foil သတ္တုပြားကို ဆီသုတ်ပေးပါ။

Grill_Sticky_Rice_Tuna1

၅။ ကောက်ညှင်းများကို အလျားလိုက်ခင်းပေးပြီ အလယ်မှာ တူနာများကို ခင်းပေးပါ။

Grill_Sticky_Rice_Tuna2

၆။ ကောက်ညှင်းကို တူနာအုပ်အောင် ပိတ်လိုက်ပြီ အရှည်အ၀ိုင်းဖြစ်အောင် ပုံတွင်ပါသည့်အတိုင်း ထုပ်ပေးပါ။

Grill_Sticky_Rice_Tuna3

ရ။ ပြီလျှင် မီးကင်ပြားဖြင့် အုန်းနို့ ကောက်ညှင်းများကို တဖက်ကို ၁၀မိနစ်နှုန်းဖြင့် မိနစ်၂၀ခန့် ကင်ပေးပါ။

Grill_Sticky_Rice_Tuna4

Grill_Sticky_Rice_Tuna5

၈။ အုန်းနို့ ကောက်ညှင်းကင်ရပြီဆိုလျှင် ခေတ္တမျှ အအေးခံပြီ ၁လက်မအရွယ် အတုံးလေးများ ပိုင်းဖြတ်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

Grill_Sticky_Rice_Tuna6

————————————————————————————————————

6 comments

  1. Yadanar says:

    Sis , can I use oven for grilling?

  2. phyo says:

    တူနာဆိုတာဘာလဲမ
    ပုံနှင်​တစ်​ချက်​​လောက်​ပြ​ပေးပါလား

  3. phyo says:

    ကျွန်​​တော်​မသိတဲ့ပစ္စများရှိရင်​လည်း​မေးရင်​ ​ဖြေ​ပေးလို့ရမလား

Leave a Reply

Your email address will not be published. Required fields are marked *