ဗီယက်နမ် တို့ဟူး စပါးလင်၊ မြေပဲကြော်

တို့ဟူး စပါးလင်၊ မြေပဲကြော်

Bean_Curb_Lemongrass5

အဆာပြေလုပ်စားနို့ဖို့ တို့ဟူး စပါးလင်၊ မြေပဲကြော်ပါ။ တို့ဟူးကို စပါးလင်၊ ဆား၊ သကြားတို့နဲ့ ရောနုယ်ပြီ ကြော်ထားတာမို့ တို့ဟူးက နူအိပြီ အပေါ်က ကြွပ်ရွတဲ့ အရသာကို ရရှိမှာပါ။ ငရုတ်သီးနဲ့ စပါးလင် အနံ့လေး သင်းပြီ တအားစားကောင်းပါတယ်။ ထို့ပြင် တို့ဟူးက ကျန်းမာရေးနဲ့ ညီညွှတ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • တို့ဟူး – ၆တုံး
  • စပါးလင် – စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးစိမ်း – ၁တောင့် (ပါးပါးလှီးပါ)

  • မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက်ထောင်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဟင်းရွက်ဆီ – ကြော်ရန်
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)

မှတ်ချက် ။ ။ ထိုင်ဝမ်ပဲထပ် တို့ဟူးသုံးထားသည်။ ပဲပိုများတာမို့ နူအိပြီ ပိုစားကောင်းတယ်။

Bean_Curb_Lemongrass

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန်ထဲ တို့ဟူးကို(ဆား၊ စပါးလင်၊ ငရုတ်သီးစိမ်း၊ သကြား၊ အချိုမှုန့်) တို့ဖြင့် သမအောင် ရောနုယ်ကာ နာရီဝက်ခန့်နုပ်ထားပေးပါ။

Bean_Curb_Lemongrass1

၂။ ပြီလျှင်ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလျှင် တို့ဟူးများကို ရွှေညိုရောင်သန်းသည်အထိ ကြော်ပေးပါ။

Bean_Curb_Lemongrass2

Bean_Curb_Lemongrass3

၃။ ထို့နောက် တို့ဟူးများကို ပြန်ဆယ်ပြီ မြေပဲများကို ဆီဖြင့် ကြွပ်ရွအောင် အနည်းငယ် ထည့်ကြော်ပေးပါ။

Bean_Curb_Lemongrass4

၎။ ထို့နောက် တို့ဟူးကြော်ပေါ် မြေပဲ၊ ကြက်သွန်မြိတ်ဖြူးပြီ အရသာရှိစွာ ဗီယက်နမ်စတိုင် တို့ဟူး စပါးလင်၊ မြေပဲကြော်ကို သုံးဆောင်နိုင်ပါပြီ..

Bean_Curb_Lemongrass5

—————————————————————–

Leave a Reply

Your email address will not be published. Required fields are marked *