ပုဇွန် ကော်ပြန့်လိပ်ကြော်

ပုဇွန် ကော်ပြန့်လိပ်ကြော်

Shrimp_EggRoll9

မနက်စာ နှင့် အဆာပြေ လုပ်စားနိုင်ဖို့ ပုဇွန်ကော်ပြန့် လိပ်ကြော်ပါ။ ပုဇွန်ကို ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်၊ နှမ်းဆီတို့နဲ့ ရောနုယ်ပြီမှ ကော်ပြန့်ရွက်ထဲ ထည့်လိပ်ထားတာပါ။ ထိုင်းငရုတ်သီး အချိုဆော့နဲ့ တွဲဖက် သုံးဆောင်ဖို့ အလွန်လိုက်ဖက်ပါတယ်။ ခုပဲ တူတူ လုပ်ကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ပုဇွန်မီနီ – ၁၅ကောင် (အမြှီးချန် အခွံနွှာပြီ ချေးထုတ်ထားပါ)
  • ကော်ပြန့်ရွက်သေး – ၈ရွက် (တြိဂံပုံ ထပ်ခြမ်းခြမ်း ပိုင်းထားပါ)

  • ကြက်သွန်ဖြူ – ၂မွှာ (ညက်အောင် ထောင်းထားပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (ညက်အောင် ထောင်းပါ)
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲငံပြာရည်(အကြည်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ထိုင်း ငရုတ်သီးအချိုဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း (တွဲဖက် သုံးဆောင်ရန်)
  • ကော်မှုန့် – စားပွဲတင်ဇွန်း တ၀က် (ရေဖြင့် ရော်ဖျော်ထားပါ၊ သုပ်ရန်)

လုပ်နည်း

၁။ အရင်ဆုံး ပုဇွန်ကို တဖြောင့်တည်းဖြစ်အောင် အောက်နားကို ဓားဖြင့် အနည်းငယ် မွှန်းပေးပါ။ (ပုဇွန်ကို ပြတ်အောင် မလှီးပါနဲ့)

Shrimp_EggRoll

၂။ ထို့နည်းအတိုင်း ကျန်ပုဇွန်များကို ပြုလုပ်ပေးပါ။

Shrimp_EggRoll1

၃။ ထို့နောက် ပုဇွန်ကို (ကြက်သွန်ဖြူ၊ ဂျင်း၊ နှမ်းဆီ၊ ပဲငံပြာရည်၊ သကြား၊ ကော်မှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် သမအောင် ရောနုယ်ပေးထားပါ။

၎။ ပြီလျှင် ကော်ပြန့်ရွက်ပေါ် ပုဇွန် တင်ပြီ ပုံတွင် ပါသည့်အတိုင်း လိပ်ပေးပါ။ ပြီနောက် အပေါ်က တြိဂံထောင့်ကို ကော်ရည်သုတ်ပြီ ခေါက်ကို အစွန်းထိ ဆက်လိပ်သွားပါ။

Shrimp_EggRoll3

Shrimp_EggRoll4

Shrimp_EggRoll5

၅။ ကြော်တဲ့အခါ ကော်ပြန့်လိပ်မပြေအောင် ကော်ပြန့်လိပ် ထောင့်စွန်းကို ကော်ရည်သုတ်ပေးပါ။ ထိုနည်းအတိုင်း ကျန် ပုဇွန်များကို လိပ်ပေးပါ။

Shrimp_EggRoll6

၆။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် မီးအတင့်သင့်ဖြင့် ကော်ပြန့်များကို ရွှေညိုရောင်သန်းသည်အထိ ထည့်ကြော်ပေးပါ။

Shrimp_EggRoll7

Shrimp_EggRoll8

ရ။ အရသာရှိသော ပုဇွန် ကော်ပြန့်လိပ်ကြော်များကို ထိုင်းငရုတ်သီး အချိုဆော့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…

Shrimp_EggRoll9

3 comments

  1. Win Htoo says:

    Nice Ma Wutyee. I like it.

  2. sandii says:

    I had this once in a Thai restaurant and wanting to know how to make it. Thanks for sharing. How can I order your cook book? 🙂

Leave a Reply

Your email address will not be published. Required fields are marked *