ကော်ဖီ၊ အုန်းနို့၊ ဆူမွှေး ကျောက်ကျော

ကော်ဖီ၊ အုန်းနို့၊ ဆူမွှေး ကျောက်ကျော

Agar_Coffee_Coconut_Panda10

ဗီယက်နမ်စတိုင် ကော်ဖီ၊ အုန်းနို့၊ ဆူမွှေး ကျောက်ကျော လုပ်နည်းပါ။ ကော်ဖီကြောင့် ခါးသက်သက် အရသာရယ်၊ အုန်းနို့ ကြောင့် ချိုစိမ့်တဲ့ အရသာရယ်၊ ဆူမွှေးကြောင့် မွှေးတဲ့ အနံ့လေးရယ် အရသာ ၂မျိုးနဲ့ အနံ့ ၁မျိုး ပေါင်းစပ်ထားတာပါ။ အရမ်းကောင်းတဲ့ အချိုပွဲလေး ဖြစ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကျောက်ကျော အမှုန့်ထုပ် – ထုပ်ဝက် (Telephone တံဆိပ် သုံးထားပါတယ်)
  • ရေ – ၁လီတာ
  • အုန်းနို့ ခရင်မ် – ၁ဘူး (၁၆၀ မီလီလီတာ)

  • Instant ကော်ဖီမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
  • အစိမ်းရောင် ဆိုးဆေးရည် – လက်ဖက်ရည်ဇွန်းတ၀က်
  • သကြား – ၄၀၀ ဂရမ်

Agar_Coffee_Coconut_Panda

မုန့်လုပ်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးတွင် ကျောက်ကျောမှုန့် နှင့် ရေ(၅၀၀ မီလီလီတာ) ကို ရောမွှေလိုက်ပါ။

Agar_Coffee_Coconut_Panda1

၂။ ပြီနောက် ကျန် ရေ(၅၀၀ မီလီလီတာ)၊ သကြား(၄၀၀ ဂရမ်)ကို ဆူအောင် တည်ထားပါ။

Agar_Coffee_Coconut_Panda2

၃။ ဆူလာလျှင် မီးလျှော့လိုက်ပြီ ကျောက်ကျောက်ရည်များ လောင်းထည့်ကာ ၁၅မိနစ်ခန့် တည်ထားပါ။ တခါတရံ မွှေပေးပါ။

Agar_Coffee_Coconut_Panda3

၎။ ပြီနောက် ဇောက်ပန်းကန်လုံး တစ်ခုထဲ (ကျောက်ကျောရည်(၃ပုံ၁ပုံ)၊ ကော်ဖီမှုန့်) ထည့်ပြီ ကော်ဖီမှုန့်များ ပျောသွားသည်အထိ ရောမွှေပေးပါ။

မှတ်ချက် ။ ကျောက်ကျော အိုးကို မီးမပိတ်သေးပဲ မီးနည်းနည်း ဆက်တည်ထားပါ။

Agar_Coffee_Coconut_Panda4

၅။ ပြီနောက် ကော်ဖီ ကျောက်ကျောရည်များကို မိမိကြိုက်နှစ်သက်ရာ ပုံစံခွက် ၃ပုံ၁ပုံစာ ထည့်ပေးပါ။

Agar_Coffee_Coconut_Panda5

၆။ ပြီလျှင် နောက်ပန်းကန်လုံးထဲ အိုးထဲမှ ကျန်ကျောက်ကျောရည်ထဲ တ၀က်ကို ထည့် အုန်းနို့ထည့်ကာ သမအောင် ရောမွှေပေးပါ။

Agar_Coffee_Coconut_Panda6

ရ။ ပြီနောက် ကော်ဖီကျောက်ကျောထည့် ထားသောပုံစံခွက်ထဲသို့ အုန်းနို့ ကျောက်ကျောရည်များကို အပေါ်မှ နောက်တစ်လွှာ လောင်းထည့်လိုက်ပါ။

Agar_Coffee_Coconut_Panda7

၈။ ထို့နောက် ကျောက်ကျောရည်များကို အစိမ်းရောင် ဆိုးဆေးရည် ထည့်၊ ဆူမွှေးရွက်ထည့်ပြီ ရောမွှေလိုက်ပါ။

Agar_Coffee_Coconut_Panda8

၉။ ပြီလျှင် အပေါ်ဆုံးမှ ပုံစံခွက်ထဲ အစိမ်းရောင် ကျောက်ကျောရည်များကို ထည့်ပေးပါ။

Agar_Coffee_Coconut_Panda9

၁၀။ ကျောက်ကျောများကို အခန်းအပူချိန်ဖြင့် နာရီဝက်ခန့် အအေးခံပေးပြီမှ ရေခဲသေတ္တာထဲ        ၁၀မိနစ် ထည့်ပြီ အရသာရှိသော ကော်ဖီ၊ အုန်းနို့၊ ဆူမွှေး ကျောက်ကျောကို သုံးဆောင်လို့ရပါပြီ…

Agar_Coffee_Coconut_Panda10

11 comments

  1. hnin says:

    ဆူမွှေးရွက်ဆိုတာ ဘာလဲဟင် အစ်မ… ဘယ်မှာ ဘယ်လို ရှာဝယ်ရမလဲ ပြောပြပါအုံး

    • mahmwe says:

      ဆူမွှေးရွက်ဆိုတာ ဘာလဲဟင် အစ်မ… ဘယ်မှာ ဘယ်လို ရှာဝယ်ရမလဲ ပြောပြပါအုံး
      can u tell me English how to call.
      thanks

    • admin says:

      ဆူမွှေးရွက်က သံဈေးမှာ မေးဝယ်လို့ရပါတယ်။ ဆူမွှေးရွက်က အနံ့အတွက် ထည့်သုံးတာပါ။ မရရင် Padan flour အစိမ်းရောင် Citymart မှာ ၀ယ်လို့ရပါတယ်. 🙂

  2. kim says:

    ဆူ​မွှေးရွက်​ဆိုတာ မုန့်​လက်​​ဆောင်းဖတ်​လုပ်​ရင်​ ထည့်​တဲ့
    မုန့်​လက်​​ဆောင်းအနံထွက်​တဲ့ အရွက်​။ ဆူ​မွှေးအရွက်​မရ ရင်​လည်း
    city martက​နေ pandan flavour ဆိုပြီး ဆူ​မွှေးအနံဆီ သုံးရင်​လည်း
    အဆင်​​ပြေနိုင်​ပါတယ်

  3. kim says:

    မဝတ်​ရည်​​ရေ ဆရာဝင်​လုပ်​တာ မဟုတ်​ပါဘူး
    စိတ်​မဆိုးနဲ့​နော်​ hehe

  4. kim says:

    မဝတ်​ရည်​ရဲ့​ကျောက်​​ကျော​လေးက လှလို့ စား​တောင်​မစားရက်​ဘူး

  5. ei ei myo says:

    သကြား 400gm မှာ ဘယ်နှစ်ကျပ်သား ရှိလဲ ရှင့်…မသိလို့ ပါနော်

  6. minmyochit says:

    100 ဂရမ်က 6.5 ကျပ်သားခန့်ရှိတယ်
    ကျောက်ကျောက အရမ်းလှ

Leave a Reply

Your email address will not be published. Required fields are marked *