အမဲသားခပတ် ကွမ်းရွက်ကင်
အမဲသားခပတ် ကွမ်းရွက်ကင်
Beef_Khonleaf65
အဆာပြေအဖြစ် လုပ်စားနိုင်အောင် အမဲသားခပတ် ကွမ်းရွက်ကင်ပါ။ အမဲသားခပတ်ကို စပါးလင်၊ ငံပြာရည်၊ တရုတ်မဆလာ တို့ဖြင့် ရောနုယ်ပြီ ကွမ်းရွက်နဲ့ လိပ်ကင်ထားတာပါ။ ကွမ်းရွက်နဲ့ ကင်ထားတာမို့ ခါးသက်သက် အရသာရယ်၊ ချိုသက်သက် အရသာ နှစ်မျိုးလုံး ရရှိပြီ အမဲသားကို ရိုးရိုးကင်ထားတာနဲ့ မတူပဲ ပိုမို ထူးခြား ကောင်းမွန်စေပါတယ်။ ထို့ပြင် အမဲသားအစား ကြက်သား၊ ၀က်သား၊ ပုဇွန်တို့ကို အစားထိုး ကင်လို့ရပါသေးတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…
အမဲသား ခပတ်တွင် ပါဝင်ပစ္စည်းများ
  • အမဲသား – ၃၂၀ ဂရမ် (နှုတ်နှုတ်စဉ်းပြီသား)
  • စပါးလင် – ၁ခု (အဖြူပိုင်း ပါးပါးလှီးပြီ ညက်အောင် ထောင်းထားပါ)
  • ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • တရုတ်မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
One_Pack
တခြား ပါဝင်ပစ္စည်းများ
  • ကွမ်းရွက် – ၁၃ရွက် (အညှာပါရမည်)
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • နှမ်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ဖြူးရန်)
  • ကြက်သွန်နီကြော် – အနည်းငယ် (ဖြူးရန်)
ကင်နည်း
၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးထဲ (အမဲသား(နှုတ်နှုတ်စဉ်းပြီသား)၊ ငံပြာရည်၊ ပဲငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ မဆလာ၊ စပါးလင်) တို့ကို သမအောင် ရောနယ်ပေးပါ။
Beef_Khonleaf
၂။ ပြီလျှင် ၂လက်မအရှည် အမဲသားခပတ်များ ပြုလုပ်ပေးပါ။
၃။ ပြီမှ ကွမ်းရွက်ပေါ် အမဲသားခပတ်တင်ပြီ ပုံတွင် ပါသည့်အတိုင်း လိပ်ပေးပါ။ နောက်ဆုံးမှ ကွမ်းရွက် အညှာကို ကွမ်းရွက်လိပ်ထဲ ထိုးထည့်လိုက်ပါ။
Beef_Khonleaf1
Beef_Khonleaf2
Beef_Khonleaf3
Beef_Khonleaf4
၎။ ပြီနောက် ဒယ်ပြားထဲ ဆီအနည်းငယ် ထည့်ပြီ အမဲသားခပတ် ကွမ်းရွက်လိပ်များကို အမဲသားကျက်သည်အထိ မီးအတင့်သင့်ဖြင့် pangrill ကင်ပေးပါ။
Beef_Khonleaf5
၅။ အရသာရှိသော အမဲသားခပတ် ကွမ်းရွက်ကင်ကို ကြက်သွန်နီကြော်၊ နှမ်း၊ ကြက်သွန်မြိတ် ဖြူးပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…
Beef_Khonleaf65
4 comments
  1. Pyae Sone Kyawl says:
    ကွမ်းရွက်အစား ရဲရိုရွက် ဆိုပိုမကောင်းဘူးလား ။
    • admin says:
      ရဲယိုရွက်က ငါးပေါင်းထုပ်တို့ အတွက် ပေါင်းဖို့ပဲ ကောင်းပါတယ် sis..
  2. Ma Poke says:
    မ၀တ်ရည်…ရေ
    သူငယ်ချင်း တစ်ယောက်ပြောလို့
    ကျေးဇူးအထူးတင်ပါတယ်နော်..ပညာလည်းတော်တော်ရပါတယ်..
    ညီမ တို့လို ဟင်းချက်စသင်တဲ့ သူတွေ အတွက် အရမ်းကောင်းတဲ့ Page လေးပါ..
    သူငယ်ချင်းတွေ ကိုလည်း လက်ဆင့်ကမ်းပြောပြလိုက်ပါမယ်နော်…
    • admin says:
      ဟုတ်ကဲ့ ခုလို လာအားပေးတာ ကျေးဇူး အများကြီးတင်ပါတယ် sis.. နောက်လည်း လာအားပေးပါအုန်းနော် 😀
Leave a Reply
Your email address will not be published. Required fields are marked *