ဗီယက်နမ် ငါးအုန်းနို့ မြေအိုးချက်

ဗီယက်နမ် ငါးအုန်းနို့ မြေအိုးချက်

ButterFish_Coconut_Curry6

ဗီယက်နမ်စတိုင် ငါးအုန်းနို့ မြေအိုးချက်ပါ။ ငါးတန်ကို ဆီနည်းနည်းနဲ့ အုန်းနို့ကြောင့် ချို့စိမ့်အရသာရယ်၊ ငရုတ်သီးတောင့်ရှည်ကြောင့် ခပ်စပ်ရှိန်ရှိန်နဲ့မို့ ထမင်းနဲ့ အရမ်းလိုက်ဖက်ပါတယ်။ ထို့ပြင် မြေအိုးနဲ့ ချက်ထားတာမို့ ငါးက ပိုမိုထူးခြား ကောင်းမွန်ပါတယ်။ ဒါကြောင့် ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ငါးတန် – ၃၀၀ ဂရမ် (၂လက်မအရွယ် အတုံးများတုံးထားပေးပါ)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း

  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)
  • အုန်းနို့ခရင်မ် – ၈၀ ဂရမ်
  • ရေ – ခွက်တ၀က် (၁၀၀ မီလီလီတာ)
  • ငရုတ်သီးစိမ်းရှည် – ၁ခု (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ် – ၂ခု (အပါးအစောင်း လှီးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

One_Pack

ButterFish_Coconut_Curry2

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးထဲ (ငါးတန်၊ ငံပြာရည်၊ ပဲငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ဖြင့် သမအောင် ရောနုယ်ထားပါ။

ButterFish_Coconut_Curry1

၂။ ပြီနောက် မြေအိုးထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးတောင့်ရှည် တို့ကို ထည့်ပြီ ဆီသပ်ပေးပါ။

ButterFish_Coconut_Curry4

၃။ ငါးတန်ထည့်ပြီ ၁မိနစ်ခန့် အရောင်ရသည်အထိ ကြော်ပေးပါ။

၎။ ပြီမှ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ အုန်းနို့၊ ရေ တို့ကို ထည့်ပြီ မြေအိုးကို အဖုံးအုပ်ကာ ဆီပြန်သည်အထိ တည်ထားပေးပါ။

ButterFish_Coconut_Curry5

၅။ ငါးအုန်းနို့ ဆီပြန်လာလျှင် အပေါ်မှ ကြက်သွန်မြိတ်များ ဖြူးပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

ButterFish_Coconut_Curry6

———————————————————————————————————————

3 comments

  1. Thinn Thinn Myat says:

    ချက်စားကြည့်ပါမယ်

  2. myamyamin says:

    Thanks ငါးကို မျိုးစုံချက်ဖူးတယ်၊ ၀တ်ရည် ချက်သလို အုန်းနို့နဲ့ ချက်စားကြည့်မယ်

Leave a Reply

Your email address will not be published. Required fields are marked *