ကမ္ဘောဒီးယားစတိုင် ကြက်သားအစပ်ဟင်း

ကမ္ဘောဒီးယားစတိုင် ကြက်သားအစပ်ကြော်

Combodian_Stir_Fry_Chicken4

ကမ္ဘောဒီးယားစတိုင် ကြက်သားအစပ်ကြော်ပါ။ ကမ္ဘောဒီးယား ဟင်းလျာတော်တော် များများမှာ ဂျင်းကို အဓိက ထားပြီ ကြော်ချက် ကြပါတယ်။ အရင်ဆုံး ကြက်သွန်ဖြူ၊ ငရုတ်သီနီ၊ ဂျင်း ဆီသပ်ပြီမှ ကြက်သားကို ထည့်ရောကြော်ပြီ အရသာ စပ်ရှိန်ရှန်လေး ချက်ထားတာပါ။ တကယ်ကို ထမင်းနဲ့ တွဲဖက်သုံးဆောင်မယ်ဆိုရင် စပ်တယ်ဆိုတာ မပြောပလောက်ပါဘူး။ အရသာ အရမ်းကောင်းမွန်ပြီ အချိန်တိုတွင်းမှာပဲ လွယ်လင့်တကူ ချက်စားနိုင်တာမို့ ခုပဲ ချက်နည်းကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား -၂ခု (အပါးအစောင်းလှီးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်တဆစ် (အရှည်ပါးပါးလှီးပါ)
  • ငရုတ်သီးနီ – ၃-၄တောင့် (ထပ်ခြမ်းခြမ်းပေးထားပါ)

  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲငံပြာရည်(အချို) – စားပွဲတင်ဇွန်း တ၀က်
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • နံနံပင် – စည်းဝက် (ပါးပါးလှီးထားပါ)

One_Pack

Combodian_Stir_Fry_Chicken

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲ ကြက်သားကို (ဆား၊ ကြက်သားမှုန့်) အနည်းငယ်ဖြင့် ရောနုယ်ထားပါ။

၂။ ပြီနောက် ဒယ်ထဲဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးနီ ဆီသပ်ပေးပါ။

Combodian_Stir_Fry_Chicken1

၃။ ပြီမှ ကြက်သားထည့်ပြီ အရောင်ရသည်အထိ ၁-၂မိနစ်ခန့် ရောမွှေပါ။

၎။ ထို့နောက် ငါးငံပြာရည်၊ ပဲငံပြာရည်၊ သကြား၊ ရေ(ခွက်၃ပုံ၁ပုံ)ထည့်ပြီ အဖုံးအုပ်ကာ ၄-၅မိနစ်ခန့် တည်ထားပေးပါ။

၅။ နောက်ဆုံးမှ ငရုတ်ကောင်းမှုန့်၊ နံနံပင် ဖြူးပေးပြီ မီးပိတ်လိုက်ပါ။

Combodian_Stir_Fry_Chicken3

၆။ အရသာရှိသော ကမ္ဘောဒီးယားစတိုင် ကြက်သားအစပ်ကြော်ကို ထမင်းပူပူလေးဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…

Combodian_Stir_Fry_Chicken4

——————————————————————————————————-

One comment

  1. myamyamin says:

    လုပ်ရလွယ်တယ်နော်။ လုပ်စားမယ် မ၀တ်ရည် ကျေးဇူးပါ

Leave a Reply

Your email address will not be published. Required fields are marked *