ဂဏန်းသား ကော်ရည်ဟင်းချို

ဂဏန်းသား ကော်ရည်ဟင်းချို

Crab_Meat_Soup3

ဟင်းချိုကောင်းကောင်း ကြိုက်သူများအတွက် ဂဏန်းသား ကော်ရည် ဟင်းချိုလေးပါ။ အချိန်တိုအတွင်းပဲ လုပ်စားနိုင်တာမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်..

ပါဝင်သောပစ္စည်းများ

  • ဂဏန်းချောင်း – ရချောင်း (အရှည်ပါးပါးလှီးပါ)
  • ပြောင်းဖူး – ၁ဖူး ( ပြုတ်ပြီးသား)
  • ကြက်သွန်နီ – ၁လုံး ( နှုတ်နှုတ်ဆင်းပါ)

  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
  • ကြက်ဥ – ၂လုံး (ကြက်ဥ အကာကို ခလောက်ပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်ပြုတ်ရည် – ၅၀၀ မီလီလီတာ
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကော်မှုန့် – ၁ဇွန်းခွဲ (ရေဖြင့် ရောဖျော်ထားပါ)
  • ကြက်သွန်မြိတ် – ၁စည်း (အ၇ှည်ပါးပါးလှီးပါ)

One_Pack

Crab_Meat_Soup

ချက်ပြုတ်နည်း

၁။ ပြုတ်ထားသော ပြောင်းဖူးကို ခြစ်တံဖြင့် ခြစ်ပါ။ ပြီးလျှင် ခြစ်ထားသော ပြောင်းဖူးများကို ဘန်လ်တာ (blender)  ထဲထည့်၊ ရေကို ပြောင်းဖူးနှင့် အချိုးဆတူထည့် ကြိတ်ပေးပါ။

၂။ ထို့နောက် ဒယ်အိုးထဲ ရေ(၅၀၀ မီလီလီတာ) ထည့်ပြီး ဆူအောင်တည်ပေးပါ။

၃။ ပြီနောက် ကြက်သွန်ဖြူ ၊ ကြက်သွန်နီထည့် ၁မိနစ်ခန့် မွှေပေးပါ။

၃။ ပြီးလျှင် ဂဏန်းသား၊ ကြိတ်ထားသော ပြောင်းဖူးကို ထည့် ၂မိနစ်ခန့် မွှေပေးပါ။

Crab_Meat_Soup1

၎။ အရသာအတွက် ပဲငံပြာရည်၊ ဆား၊ ဆန်ဝိုင်၊ နှမ်းဆီတို့ကို ထည့်ပေးပါ။ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့် ဖြူးပေးပါ။

၅။ ပွက်ပွက်ဆူလာလျှင် ကော်ရည် (စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)ကို ရေဖျော်ပြီး ထည့်မွှေပေးပါ။

၆။ ထို့နောက် ခလောက်ထားသော ကြက်ဥအကာကို ထည့်ကာ နားနားလေး မွှေပေးပါ။

Crab_Meat_Soup2

ရ။ ဂဏန်းသား၊ ပြောင်းဖူး ကော်ရည် ဟင်းချိုကို ပူပူနွေးနွေး စားသုံးနိုင်ပါပြီ….

Crab_Meat_Soup3

5 comments

  1. ohn mar soe says:

    သောက်ေကာင်းမယ်။မဝတ်ရည်ရေ……..
    သားလေးကအရမ်းကြို က်တယ်။မဝတ်ရည်နည်းအတိုင်းလုပ်ပေးလိုက်မယ်။
    ကျေးဇူးအရမ်းတင်ပါတယ်။

  2. Chit Min Maung says:

    ကြက်ပြုတ်ရည်က ဘယ်နေရာမှာ ထည့်ရတာလဲခင်ဗျ၊ ကျေးဇူးပါ။

  3. Aye Swe says:

    We order this soap whenever we entertain Japanese guest which they like very much. And I want to know how to cook this for long time ago. Now, I got it. Thank you very much, Thamee.

  4. ei ei phyu says:

    ညီမလေးေ၇..ကော်မှုန့်ဆိုတာ…ဆန်မှုန့်ကိုပြောတာလား…ဂျုံမှုန့်ကိုပြောတာလား…

  5. Ei says:

    အသေအချာလုပ်စားပြီပဲ

Leave a Reply

Your email address will not be published. Required fields are marked *