ပုဇွန်ကင်

ပုဇွန်ကင်

Grill_Prawn5

ပုဇွန်လုပ်ရတာလည်း အရမ်းလွယ်ပြီ အရသာက ချိုစိမ့် မွှေးနေပါတယ်။ ပုဇွန်ကျောခွဲပြီ အစာသွပ်ပြီမှ ကင်ထားတာမို့ အရမ်းစားကောင်းပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ပုဇွန်ကျား(အကောင်ကြီး) – ၅ကောင်
  • မုန်လာဥနီ – ၁ဥ (နှုတ်နှုတ်ဆင်းပါ)
  • ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်ဆင်းပါ)

  • ကြက်သွန်မြိတ် – ၁စည်း ( ပါးပါးလှီးပါ)
  • ခရုဆီ – စားပွဲတင်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်ဥ – တ၀က် (ခလောက်ပါ)
  • ဂျုံ – စားပွဲတင်ဇွန်း ၂ဇွန်း

One_Pack

ဆော့ရည်တွင် ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ – ၃မွှာ (နှတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း တ၀က်

မှတ်ချက် ။ ။ ဆော့ရည်တွင် ပါဝင်ပစ္စည်းများ အားလုံးကို သမအောင်ရောမွှေပေးပါ။

ချက်ပြုတ်နည်း

၁။ ပုဇွန်ကျားကို ရေစင်အောင် ဆေးပြီ ခေါင်းဖယ်၊ အခွံကို အလယ်ကနေ ကတ်ကြေးဖြင့် ညှပ်လိုက်ပါ။ ပြီလျှင် ဓားဖြင့် အလယ်ကြောကို အနည်းငယ် လှီးလိုက်ပါ။

Grill_Prawn

၂။ ပြီလျှင် အပေါ်မှ ဆား၊ ငရုတ်ကောင်းမှုန့် များဖြူးပေးပါ။

Grill_Prawn2

၃။ ပြီးလျှင် ပါဝင်သောပစ္စည်းများ ဖြစ်သော (ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ ခရုဆီ၊ ကြက်ဥ၊ ဂျုံ) တို့ကို ခွက်တစ်ခုထဲ ရောနယ်လိုက်ပါ။

Grill_Prawn1

၎။ ပြီးလျှင် ရောနယ်ထားသော အစာများကို ပုဇွန်ထဲသို့ အစာသွပ်ပေးပါ။

Grill_Prawn4

၅။ မီးကင်ပြားကို မကင်ခင် ဆီသုတ်ပေးပါ။ ပြီမှ ပုဇွန်များကို တဖက် ၄မိနစ်နှုန်းဖြင့် နှစ်ဖက်လှန်ပြီ ကင်ပေးပါ။

Grill_Prawn3

၆။ အရသာရော၊ အနံ့ပါ သင်းသည့် ပုဇွန်ကင်ကို ဆော့ရည်ဖြင့် သုံးဆောင်နိုင်ပါပြီ…

Grill_Prawn5

2 comments

  1. Ei Mon says:

    ပါပလာလုပ်​နည်း​လေးသိခြင်​ပါတယ်​။ မျှ​ဝေ​ပေးပါအုံး​နော်​။:-)

Leave a Reply

Your email address will not be published. Required fields are marked *