ဝက်သား အကြွပ်ကြော်နှင့် သီးရွက်စုံသုပ်

Pork Chop ၀က်သား အကြွပ်ကြော်နှင့် သီးရွက်စုံသုပ်

PorkChop11a

အီတလီယျံစတိုင် ၀က်သားလိုင်းသား Pork Chop ကို ပါမုန့်ခြောက်၊ ချိစ်ကပ်ပြီ အကြွပ်ကြော်ထားတာပါ။ သူနဲ့ တွဲဖက် သီးရွက်စုံသုပ်က အရည်ရွှမ်းတာမို့ ၀က်သား အကြွပ်ကြော်နဲ့ အရမ်းလိုက်ဖက်ပါတယ်။ ထို့ပြင် ချိုစပ်ဆော့ကိုလည်း အပေါ်က ဖြူးထားပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်သားလိုင်းသား – ၃ခု (အရိုးနဲ့အသားတွဲယှက်)
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
  • နွားနို့ – စားပွဲတင်ဇွန်း ၂ဇွန်း

  • ပါမုန့်ခြောက် – ခွက် ၁ခွက်ခွဲ
  • ချိစ် – ခွက်တ၀က်
  • တရုတ်နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ဖြူးရန်)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သစ်ဂျပိုးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (ဓားပြားရိုက်ပါ)

မှတ်ချက် ။ ။ ၀က်သားလိုင်းသား(အရိုးနဲ့အသားတွဲယှက်) အစား ၀က်သားလိုင်းသား အသားသီးသန့်ဖြင့် ချက်ပြုတ်နိုင်ပါသည်။

သီးရွက်သုပ်တွင် ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီးအသေး(Cheery Tomato) – ၈လုံး (ထပ်ခြမ်းခြမ်းပါ)
  • ဟင်းနုနွယ်(အရွက်သေး) – လက်တဆုတ်စာ
  • ကန်စွန်းဥ – ၁ဥ (နူအိသည်အထိ ပြုတ်ထားပေးပြီ အတုံးသေးများတုံးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ဥ၀က် (နှုတ်နှုတ်စဉ်းပါ)
  • သံပရာရည် – စားပွဲတင်ဇွန်း တ၀က်
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်

PorkChop7

ဆော့တွင် ပါဝင်ပစ္စည်းများ

  • ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • Mustard – စားပွဲတင်ဇွန်း တ၀က်
  • ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း

မှတ်ချက် ။ ။ ဆော့တွင် ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောမွှေထားပါ။

PorkChop6

ချက်နည်း

၁။ အရင်ဆုံး Pork Chop ၀က်သားလိုင်းသားကို (ဆား၊ ငရုတ်ကောင်းမှုန့်၊ သစ်ဂျပိုး၊ ငရုတ်သီးမှုန့်) တို့ အပေါ်မှ ဖြူးပေးပါ။

PorkChop

၂။ ပြီလျှင် ဇောက် ပန်းကန်တစ်ခုထဲ (ကြက်ဥ နှင့် နွားနို့) ရောခလောက်ပေးပါ။

PorkChop2

၃။ နောက်ပန်းကန်ထဲသို့ (ပါမုန့်ခြောက်၊ ချိစ်၊ တရုတ်နံနံ) တို့ကို ရောမွှေထားပါ။

PorkChop1

၎။ ထို့နောက် ၀က်သားလိုင်းသားကို အရင်ဆုံး ကြက်ဥခွက်ထဲ နှစ်စိမ် လိုက်ပါ။

PorkChop4

၅။ ပြီနောက် ကြက်ဥစိမ်ထားသော ၀က်သားလိုင်းသားများကို ပါမုန့်ခြောက်ကပ်ပေးပါ။

PorkChop5

၆။ ထို့နည်းအတိုင်း ကျန်ဝက်သားလိုင်းသားများကို ပါမုန့်ခြောက်ကပ်ပါ။

ရ။ ဒယ်ထဲဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ ဆီပူလျှင် မီးအသင့်တင့်နှင့် တဖက် ၃မိနစ်နှုန့် ၀က်သား ရွှေညိုရောင်သန်းလာသည်အထိ ကြော်ပေးပါ။

၈။ ပြီလျှင် Air Fryer ထဲထည့်ပြီ ၁၆၀ ဒီဂရီဖြင့် ၁၀ မိနစ်ခန့် လေပူဖြင့် ကြော်ပေးပါ။

မှတ်ချက် ။ ။ Air Fryer မရှိလျှင် ဒယ်ထဲ ဆီများများထည့်ပြီ မီးအတင့်သင့်ဖြင့် ၀က်သား(အတွင်းသား) ကျက်သည်အထိ တဖက် ၆မိနစ်နှုန်းဖြင့် ၁၂မိနစ်ခန့် ကြော်ပေးလျှင်လည်း ရသည်။

PorkChop9

၉။ ၀က်သားအကြွပ်ကြော်ရပြီ ဆိုလျှင် သီးရွက်စုံသုပ်အတွက် ပါဝင်ပစ္စည်းများဖြစ်သော (ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သံပရာရည်၊ သံလွင်ဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို ရောမွှေလိုက်ပါ။

၁၀။ ပန်းကန်ပြားထဲ ဆလတ်သုပ်ထည့် အပေါ်မှ ၀က်သားအကြွပ်ကြော်တင်လိုက်ပါ။

PorkChop11

၁၁။ ပြီလျှင် အပေါ်မှ ဆော့ရည်များ ဆမ်းပြီ အရသာရှိသော ၀က်သားအကြွပ်ကြော် နှင့် သီးရွက်စုံသုပ်ကို သုံးဆောင်နိုင်ပါပြီ…

PorkChop11a

One comment

  1. chocho says:

    စားချင်စရာလေးပါ စိတ်ဝင်စားတယ်အစ်မ

Leave a Reply

Your email address will not be published. Required fields are marked *