ဝက်သား နှင့် မှို စတူး

ဝက်သား နှင့် မှို စတူး

Pork_Stew_Mushroom6

တရုတ်စတိုင် ၀က်သား နှင့် မှိုစတူး ဟင်းလျာပါ။ ၀က်သား၊ မုန်လာဥနီ၊ မှိုတို့ဖြင့် ရောပြီ စတူး ချက်ထားတာပါ။ ၀က်သားကလည်း နူညံ့ပြီ မုန်လာဥနီ၊ မှို၊ ရဲ့ အရသာကလည်း ချိုစိမ့် အထူး ကောင်းမွန်ပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်အဆီနဲ့ အသား – ၃၀၀ ဂရမ် (အနေတော်အရွယ် တုံးပေးပါ)
  • မှိုပွင့်ခြောက် – ၆ခု (ရေနွေးဖြင့် ၃မိနစ်ခန့် ပြုတ်ပြီ ပါးပါးလှီးပါ)
  • မုန်လာဥနီ – ဥကြီး ၁ဥ (အခွံနွှာပြီ အတုံးလတ်များ တုံးပါ)

  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
  • ကြက်သွန်နီ – ၁လုံး (၄စိပ်စိပ်ပါ)
  • ကြက်ဥ – ၃လုံး (ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
  • ရေ – ၂ခွက် (Measurement ချိန်ခွက် ၂ခွက်)

ဝက်သားကို နုပ်ထားရန် ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲငံပြာရည် (အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆန်ဝိုင် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နတ်နတ်ပွင့် – ၂ခု
  • တရုတ် မဆလာ(Chinese Five-Spices) – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့်(အဖြူ) – အနည်းငယ်

Pork_Stew_Mushroom1

One_Pack

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ၀က်သားများကို နုပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ပဲငံပြာရည်(အကြည်)၊ ပဲငံပြာရည်(အနောက်)၊ သကြား၊ ခရုဆီ၊ ဆန်ဝိုင်၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ နတ်နတ်ပွင့်၊ တရုတ်မဆလာ၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်) တို့ဖြင့် သမအောင် ရောနုယ်ပေးပြီ နာရီဝက်ခန့် နုပ်ထားပေးပါ။

Pork_Stew_Mushroom

၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီပူထိုးပေးပါ။

Pork_Stew_Mushroom1a

၃။ ပြီလျှင် နုပ်ထားသော ၀က်သားကို ထည့်ပြီ ကြက်သား အညှိရောင် အနည်းငယ် သန်းသည်အထိ ၂မိနစ်ခန့် ရောမွှေပေးပါ။

၎။ ပြီနောက် မှို၊ မုန်လာဥနီ၊ မုန်လာဥဖြူ တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။

Pork_Stew_Mushroom2

၅။ ပြီမှ ရေ(၂ခွက်)ကို ထည့်ကာ ဆီပြန်သည်အထိ အဖုံးအုပ်ပြီ တည်ထားပေးပါ။

(သို့)

၅။ ပြီမှ ရေ(၁ခွက်)ထည့်ပြီ Pressure cooker ဖြင့် နာရီဝက်ခန့် အဖုံးအုပ်ပြီ တည်ထားပေးပါ။

Pork_Stew_Mushroom5

၆။ အရသာရှိသော ၀က်၊ မှိုစတူး ဟင်းလျာကို ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပြီ သုံးဆောင်နိုင်ပါပြီ..

Pork_Stew_Mushroom6

5 comments

  1. Minn Thu Hein says:

    အစ်မရေ ကော်ရည်ခေါက်ဆွဲလုပ်နည်းလေး ပြောပြပေးပါအုံး……….

  2. utinaung says:

    ဝက်သားမှိုနဲ့ချက်ထားတဲ့တရုတ်ဟင်းလေးကစားချင်စဖွယ်လေးပါ။ချက်ကြည့်လိုက်ပါမယ်။

  3. ရည်​မွန်​ထွန်း says:

    Pressure cooker မရှိရင်​​ကော ချက်​လို့ရနိုင်​လား .. အမ

Leave a Reply

Your email address will not be published. Required fields are marked *