ငါးခူ အုန်းနို့ဟင်း

ငါးခူ အုန်းနို့ဟင်း

Catfish_recipe5

အရသာရှိပြီ ခံတွင်းတွေ့စေမယ့် ငါးခူ အုန်းနို့ ဟင်းလျာပါ။ ဟင်းခတ်အမွှေးအကြိုင် များများနဲ့ ရောပြီ ချက်ထားတာမို့ အရသာရော၊ အနံ့ပါ ထူးခြားကောင်းမွန် ပါတယ်။ အုန်းနို့ကြောင့် အရသာက ချိုစိမ့်ပြီ ထမင်းမြိန်စေတဲ့ ဟင်းလျာတစ်ခုပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ငါးခူ – ၃၀ ကျပ်သား(အကောင်ကြီး ၃ကောင်)
  • ကြက်သွန်နီ – ၁လုံး (ညက်အောင် ထောင်းပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (ညက်အောင် ထောင်းပါ)

  • ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
  • ပျဉ်တော်သိမ်းရွက် – ၁၀ ရွက်
  • ငရုတ်သီး(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • မုန့်ညှင်းစေ့ – စားပွဲတင်ဇွန်း တ၀က်
  • ဇီယာစေ့ – လက်ဖက်ရည်ဇွန်း တ၀က်
  • စမုံစပါးစေ့ – လက်ဖက်ရည်ဇွန်း တ၀က် (ညက်အောင် ထောင်းပါ)
  • မဆလာမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • အုန်းနို့ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း

Catfish_recipe1

One_Pack

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ငါးခူများကို ခေါင်းဖယ်ပြီ ၁လက်မအရွယ် အတုံးများ တုံးပေးပါ။

Catfish_recipe

၂။ ထို့နောက် ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ပျဉ်တော်သိမ်းရွက် တို့ကို ဆီသပ်ပေးပါ။

Catfish_recipe2

၃။ ပြီလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်၊ ဇီယာ၊ မုန့်ညှင်းစေ့၊ စမုံစပါးစေ့ တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။

၎။ ပြီမှ ခ၇မ်းချဉ်သီး၊ ငါးခူ၊ ရေခွက်(၁ခွက်)ထည့်ပြီ အဖုံးအုပ်ကာ တည်ထားပါ။

Catfish_recipe3

၅။ အရသာအတွက် ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပြီ ရောမွှေပါ။

၆။ ဆီပြန်ခါနီးလျှင် အုန်းနို့ထည့်၊ မဆလာ၊ နံနံပင်အုပ်ပေးပါ။

Catfish_recipe4

ရ။ အရသာရှိသော ငါးခူ အုန်းနို့ဟင်းလျာကို ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ…

Catfish_recipe5

 

2 comments

  1. May Oo says:

    ငါးခူးကို ဒီလို တခါမချက်ဖူးဘူး ချက်က်ြည့မယ်နော် 😀

Leave a Reply

Your email address will not be published. Required fields are marked *