အမဲ၊ အာလူး အချိုချက်

အမဲ၊ အာလူး အချိုချက်

Beef_Curry8
အမဲ၊ အာလူး အချိုချက် ဟင်းလျာပါ။ ဒီဟင်းလျာမှာ အမဲသားကို ညှီနံ့ကင်းအောင် မဆလာ၊ ငရုတ်ကောင်းမှုန့် နိုင်နိုင်နဲ့ အာလူးနဲ့ ရောပြီ အချိုချက်ထားတာပါ။ အမဲသားကို နူးအိနေအောင် Pressure cooker နဲ့ ချက်ထားပါတယ်။ အရသာကလည်း ချိုစိမ့်ပြီ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းလျာပါ။ ခုပဲ တူတူ ချက်ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • အမဲသား – ၂၅ကျပ်သား (အနေတော်အရွယ် တုံးပါ)
  • အာလူး – ၃လုံး (၈စိပ်စိပ်ထားပေးပါ)
  • မဆလာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း

  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – ခွက်တ၀က် (ပါးပါးလှီးပါ)
  • အမဲပြုတ်ရည်(သို့) ရေ – ခွက် ၄ပုံ၃ပုံ
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ

Beef_Curry

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။

Beef_Curry1

၂။ ပြီနောက် ငရုတ်သီး အရောင်တင်မှုန့်ထည့်ပြီ ရောမွှေပါ။

၃။ မဆလာ၊ ငရုတ်သီးမှုန့်၊ အမဲသားထည့် အရောင်ရအောင် ၁မိနစ်ခန့် ရောမွှေပေးပါ။

Beef_Curry2

၎။ ပြီနောက် အမဲသားများကို Pressure cooker ထဲ ပြောင်းထည့်ပါ။

၅။ ပြီလျှင် ရေ(ခွက် ၄ပုံ၃ပုံ)၊ ဆား၊ ကြက်သားမှုန့်၊ သကြား တို့ကို ထည့်ပါ။

Beef_Curry3

၆။ ထို့နောက် pressure cooker ကို အဖုံးအုပ်၊ လေလုံအောင် ပိတ်ပြီမှ နာရီဝက်ခန့် အမဲသား နူအိသည်အထိ တည်ထားပေးပါ။

Beef_Curry5

Beef_Curry4

ရ။ အမဲသား နူအိဆိုမှ အာလူးထည့်ပြီ နောက်ထပ် ၁၀မိနစ် ထပ်တည်ပေးပါ။

Beef_Curry6

၈။ အမဲသားနူအိသွားပြီဆိုလျှင် ဒယ်ထဲ ပြောင်းထည့်ပြီ ဆီပြန်သည်အထိ တည်ထားပါ။

၈။ အမဲ၊ အာလူးဟင်းလျာ ရပြီဆိုလျှင် အပေါ်မှ နံနံပင် အုပ်ပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

Beef_Curry8

——————————————————————————————

6 comments

  1. Jamine Phyu says:

    စားချင်လိုက်တာနော် 😀

  2. Poe Poe says:

    အမြဲအား​ပေး​နေပါတယ်​အမ။ အိမ်​မှာ tablet နဲ့ အမ site ဖွင့်​ပြီး ခပ်​တည်​တည်​နဲ့ ချက်​​ကျွေး​နေ၇တယ်​ ။ အသစ်​​လေး​တွေ တင်​ဦး​နော်​အမ..

    • admin says:

      ဟုတ်ကဲ့ တင်ပေးမယ်နော် sis 😀 အားပေးနေတယ်ဆိုလို့ ကျေးဇူး အများကြီးတင်ပါတယ်

  3. Thinn Thinn Myat says:

    I always visit your site.
    Thank you for your sharing.

  4. cherry says:

    အမရဲ့ဟင်းချက်နည်းတွေကို သိတာ ကြာပြီ
    အခုမှဘဲemail scribe လုပ်ဖြစ်တာ
    အမြဲတမ်းအားပေးနေတယ်နော်😄😃

Leave a Reply

Your email address will not be published. Required fields are marked *