ကြက်သားကင်၊ ဟင်းရွက်စုံဆလတ်သုပ်

ကြက်သားကင်၊ ဟင်းရွက်စုံဆလတ်သုပ်

Grilled_Chicken_Vg_Salad6a

ကြက်သားကင် နှင့် ဟင်းရွက်စုံ ဆလတ်သုပ်လေးပါ။ ကြက်သားကင်ရယ်၊ ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ ကြက်သွန်ဖြူ ပါမုန့်ကင် တို့ကို ဂေါ်ဖီနဲ့ ထုပ်ပြီ သုံးဆောင်ရတာပါ။ ဆော့အနေနဲ့ အီတလီယျံ ဆော့ရည်ကို သုံးထားပါတယ်။ တလုပ်စားရုံနဲ့ ချို၊ချဉ်၊ စူးရှတဲ့ အရသာအားလုံးကို တခါတည်းခံစား ရရှိစေမယ့် ဟင်းလျာတစ်ခုပါ။

အသုပ်တွင် ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး – ၄လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ)
  • ဆလတ်ရွက် – လတ်တဆုပ်စာ (ရေစင်အောင် ဆေးပြီ ပါးပါးလှီးပါ)
  • ဂေါ်ဖီခရမ်း – တစိတ် (ခြစ်တံဖြင့် ခြစ်ပေးထားပါ)
  • ဂေါ်ဖီထုပ် – တ၀က် (ရေစင် အောင် ဆေးထားပါ)

ကြက်သားကင်တွင် ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား – ၂၀၀ ဂရမ် (၁ခု)
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပျားရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ရေ – စားပွဲတင်ဇွန်း ၂ဇွန်း
  • နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

ကြက်သွန်ဖြူပါမုန့် မီးကင် (Garlic Croutons)တွင် ပါဝင်ပစ္စည်းများ

  • ပါမုန့် – ၃ချပ် (လက်မ၀က်အရွယ် အတုံးများတုံးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (ညက်အောင် ထောင်းပါ)
  • ထောပတ် – စားပွဲတင်ဇွန်း ၄ဇွန်း

အီတာလီယျံ ဆော့ရည်

  • ဆန်ဝိုင်ရှာလကာရည် – စားပွဲတင်ဇွန်း ၈ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • စပါးမုန်စပါးစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ပင်စိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • တရုတ်နံနံပင် – စားပွဲတင်ဇွန်း တ၀က် (ပါးပါးလှီးပါ)

မှတ်ချက် ။ ။ ဆော့ရည်အတွက် ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် အရည်ပျော်သည်အထိ ရောမွှေပေးပါ။

Grilled_Chicken_Vg_Salad2A

ကြက်သွန်ဖြူပါမုန့် မီးကင်လုပ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ထောပတ်ထည့်ပြီ အရည်ပျော်အောင် အပူပေးလိုက်ပါ။

Grilled_Chicken_Vg_Salad

၂။ ပြီလျှင် မီးပတ်ပြီ ကြက်သွန်ဖြူ၊ ပါမုန့်ထည့်ပြီ ထောပတ်များဖြင့် ရောမွှေလိုက်ပါ။

Grilled_Chicken_Vg_Salad1

၃။ ထို့နောက် Oven (သို့) AirFryer ထဲထည့်ပြီ ၁ရ၀ ဒီဂရီဖြင့် ရမိနစ်ခန့် ကင်ပေးပါ။

Grilled_Chicken_Vg_Salad2

၎။ ကြွပ်ရွတဲ့ ကြက်သွန်ဖြူ ပါမုန့်မီးကင်ကို ရရှိပါပြီ..

ကြက်သား ကင်နည်း

၁။ အရင်ဆုံး ဇောက်ခွက်ထဲတွင် (ကြက်သား၊ ပဲငံပြာရည်၊ ပျားရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ရေ၊ နှမ်းဆီ) တို့ကို ရောနုယ်ပြီမှ နာရီဝက်ခန့် နုပ်ထားပေးပါ။

Grilled_Chicken_Vg_Salad3

၂။ ပြီလျှင် ဒယ်ကို အပူပေးပြီ နုပ်ထားသော ကြက်သားကို ထည့်ပြီ အဖုံးအုပ်ကာ မီးနည်းနည်းဖြင့် pan-grilled ကင်ပေးပါ။

Grilled_Chicken_Vg_Salad4

၃။ ကြက်သားကင်ရပြီဆိုလျှင် ၁လက်မအရှည် ပါးပါးလှီးပေးပါ။

Grilled_Chicken_Vg_Salad5

ဆလတ်သုပ်နည်း

၁။ ဂေါ်ဖီထုပ်ကို ခင်းပြီ အပေါ်မှ(ဆလတ်ရွက်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီခရမ်း၊ ကြက်သားကင်၊ ကြက်သွန်ဖြူပါမုန့် မီးကင်) တို့ကို ထည့်ပေးပါ။

၂။ ပြီမှ အပေါ်မှ ဆော့ရည်ကို စားပွဲတင်ဇွန်း(တ၀က်)စီ လောင်းထည့်ပေးပြီ အရသာရှိသော ကြက်သားကင်၊ ဟင်းရွက်စုံ ဆလတ်သုပ်ကို သုံးဆောင်နိုင်ပါပြီ…

Grilled_Chicken_Vg_Salad6a

2 comments

  1. Hla Thaung says:

    After reading the recipe, decided to cook some day and then watch the photos of the dishes, oh..oh, nearly water at the mouth (salivate ), Yum Yum . Thank you.

Leave a Reply

Your email address will not be published. Required fields are marked *