Angry Bird Bento ထမင်းဘူး

Angry Bird Bento ထမင်းဘူး

AngryBird_Bento12

Angry Bird bento ထမင်းဘူးလေးပါ။ ထမင်းကို Angry brid ပုံဖော်ထားပြီ ကလေးတွေ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။ အဓိက ကြက်ဥကို မုန်လာဥနီ၊ ကြက်သွန်မြိတ် တို့နဲ့ ရောကြော်ထားတာပါ။ ပြီလျှင် ဟင်းသီးဟင်းရွက် အစုံ၊ အသီးအနှံတွေနဲ့ တွဲဖက် သုံးဆောင်ရမှာပါ။ ခုပဲ တူတူ ထမင်းဘူးလေး ပြင်ဆင်ကြည့်ရအောင်…

ထမင်းဘူးတွင် တခြား ပါဝင်ပစ္စည်းများ

  • ကြက်အူချောင်း – ၂ချောင်း (ကြက်အူချောင်းကို ၁လက်မအရွယ်များ ပိုင်းဖြတ်ပါ)
  • မုန်လာဥနီ – ၁ခု (အ၀ိုင်းပါးပါးလှီး၊ ပြုတ်ထားပေးပါ)

  • ပန်းဂေါ်ဖီစိမ်း – ၁စိတ် (အတုံးသေးတုံး၊ ပြုတ်ထားပေးပါ)
  • ပြောင်းဖူးသေး – ၅ခု (ထပ်ခြမ်းခြမ်းပြီ ပြုတ်ထားပါ)
  • ပြောင်းဖူး – ၁ဖူး (ပြုတ်ပြီ အတုံးသေးများတုံးထားပါ)
  • ဆလတ်ရွက် – ၃ရွက် (ခင်းရန် ရေစင်အောင် ဆေးပါ)
  • စပျစ်သီး – တွဲဖက် သုံးဆောင်ရန်

 ပြင်ဆင်နည်း

၁။ အရင်ဆုံး ကြက်အူချောင်းကို ဓားဖြင့် ၄ပိုင်းလှီးပေးပါ၊ အောက်ခြေထိ မလှီးရပါ။

၂။ ပြီလျှင် ဒယ်ထဲ ဆီထည့်ပြီ ကြက်အူချောင်းကျက်သည်အထိ ကြော်ပေးပါ။

၃။ ထို့နောက် ပြုတ်ထားသော မုန်လာဥနီ၊ ဂေါ်ဖီစိမ်း၊ ပြောင်းဖူးသေးများကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးထားပေးပါ။

ကြက်ဥ သီးရွက်စုံလိပ်တွင် ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၃လုံး (ခလောက်ထားပါ)
  • မုန်လာဥနီ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • နွားနို့ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ

ကြက်ဥ သီးရွက်စုံလိပ် ပြုလုပ်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးထဲ ကြက်ဥ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ နွားနို့၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်များကို ရောပြီ ခလောက်ထားပါ။

AngryBird_Bento1

၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း တ၀က်) ထည့်ပြီ ဆီပူလာလျှင် ကြက်ဥ(ယောက်ချိုဇွန်း ၁ဇွန်း)စာ ထည့်လိုက်ပါ။

AngryBird_Bento2

AngryBird_Bento3

၃။ ကြက်ဥ ကျက်သည်အထိ မီးနည်းနည်းဖြင့် တည်ထားပါ။ ကြက်ဥ ကျက်လျှင် တူဖြင့် အသာအယာ ခေါက်ပြီ ဘေးသို့ လိမ့်လိုက်ပါ။

AngryBird_Bento4

AngryBird_Bento5

၎။ ထို့နောက် လိပ်ထားသော ကြက်ဥကို ဒယ်အလယ်သို့ ရွေ့ပြီ ဒယ်ထဲ ဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ကြက်ဥ(ယောက်ချိုဇွန်း ၁ဇွန်း) ထပ်ထည့်ပါ။

AngryBird_Bento6

၅။ ကြက်ဥ ကျက်လျှင် ကြက်ဥကို တူဖြင့် ဖြည်းဖြည်းခြင်း လိမ့်သွားပေးပါ။

၆။ ထိုနည်းအတိုင်း ခွက်ထဲမှ ကြက်ဥများ ကုန်သည်အထိ ကြော်ပြီ လိမ့်ပေးပါ။ တဖြည်းဖြည်း ကြက်ဥ စတုဂံလိပ် ထူလာပါမည်။

ရ။ ကြက်ဥလိပ် ရပြီဆိုလျှင် မညီတဲ့ ဘေးအစွန်း နှစ်ဖက်ကို ဓားဖြင့် ပိုင်းဖြတ်ပြီ ကျန်တဲ့ ကြက်ဥ သီးရွက်စုံလိပ်ကို ၈ပိုင်းပိုင်းပေးပါ။

AngryBird_Bento7

Angry Bird ထမင်းတွင် ပါဝင်ပစ္စည်းများ

  • ချက်ပြီသား ထမင်း – ၁ခွက်ခွဲ
  • ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ချိစ် – ၁ပြား
  • ရေညိုရွက် – ၁ရွက်
  • မုန်လာဥနီ – တစိတ်

Angry Bird ထမင်းပုံဖော်နည်း

၁။ အရင်ဆုံး Angry Bird လုပ်ရန် ထမင်း ၃ပုံ၂ပုံကို ခရမ်းချဉ်သီးဆော့(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ကာ ရောနယ်လိုက်ပြီ ပလတ်စတစ် အကြည်ထုပ်ကာ အလုံးလေးများ ပြုလုပ်ပါ။

AngryBird_Bento8

AngryBird_Bento9

AngryBird_Bento10

၂။ ပြီလျှင် ခရမ်းချဉ်သီးဆော့နှင့် ရောနုယ်ထားသော ထမင်းလုံးကို ထပ်ခြမ်းခြမ်းလိုက်ပါ။ ပြီမှကျန် ထမင်းဖြူ ၃ပုံ၁ပုံကို အောက်ခြေမှာ ကပ်ပေးပါ။

AngryBird_Bento11

၎။ ထို့နောက် Angry Bird ပုံကြမ်းရပြီဆိုလျှင် မျက်လုံး၊ မျက်ခုံး အတွက် ရေညှိရွက်၊ ချိစ်ပြားကို အသုံးပြုပါ။

AngryBird_Bento13

၅။ နှာခေါင်း၊ အမောက်ကို မုန်လာဥနီနှင့် ပုံဖော်ပေးပါ။

Angry Bird Bento ထမင်းဘူး ပြုလုပ်နည်း

၁။ အရင်ဆုံး ထမင်းဘူးရဲ့ ဘယ်ဘက်တွင် ဆလတ်ရွက်ခင်း၊ Angry bird ထမင်းတင်၊ စပျစ်သီးထည့်ပါ။

၂။ ညာဘက်တွင် မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ပန်းဂေါ်ဖီစိမ်း၊ ပြောင်းဖူး၊ ကြက်အူချောင်း၊ ကြက်ဥ သီးရွက်စုံလိပ်တို့ကို အလှဆင်ပေးပါ။

၃။ စားချင်စဖွယ်ကောင်းသည့် Angry Bird bento ထမင်းဘူးကို ရရှိပါပြီ…

AngryBird_Bento12

Leave a Reply

Your email address will not be published. Required fields are marked *