အိုဆာကာ တန်ပူရာကြော်

အိုဆာကာ တန်ပူရာကြော်

အိုဆာကာ တန်ပူရာကြော်လုပ်နည်းကို ၀တ်ရည် တစ်နေ့က တီဗွီမှာ ဂျပန်စားဖိုမှူးတစ်ယောက် ချက်ပြတာကို တွေ့လိုက်တာနဲ့ သူနည်းအတိုင်း လုပ်စား ဖြစ်သွားတာပါ။ တကယ် ဂျပန်ဆိုင်က တန်ပူရာကြော် အတိုင်းပင်။ တိုကျို တန်ပူရာကြော် နှင့် အိုဆာကာ တန်ပူရာကြော် နှစ်မျိုးရှိသည်။ ချက်နည်းတွေကို ဝေမျှပေးလိုက်ပါသည်။

ပါဝင်သော ပစ္စည်းများ

၁။ အာလူး – ၄လုံး (အခွံနွာပြီး အ၀ိုင်း ထူထူလှီးပါ)

၂။ မုန်လာဥနီ – ၂ခု (အခွံနွာပြီး အရှည်လိုက် ပါးပါးလေးလှီးပေးပါ)

၃။ ပြောင်းဖူး (babycorn) – ၇ခု ( တစ်ခြမ်းခြမ်းပါ)

၎။ ကြက်သွန်နီ – ၃လုံး ( အခွံနွာပြီး အ၀ိုင်း ထူထူလှီးပါ)

၅။ ငါးတန် – ၁၀ကျပ်သား (အရေခွံဖယ်ပြီး အတုံးလေးများတုံးပေးပါ)

၆။ တန်ပူရာ အမှုန့် – ၇၀ ဂရမ်

၈။ ကြက်ဥအနှစ် – ၁လုံး

ချက်ပြုတ်နည်းများ

၁။ အောက်ပါ ပုံတွင် ပါသည့်အတိုင်း ၁.အာလူး အခွံနွာပြီး အ၀ိုင်း ထူထူလှီးပါ။ ၂.မုန်လာဥနီ အခွံနွာပြီး အရှည်လိုက် ပါးပါးလေးလှီးပေးပါ။ ၃.ပြောင်းဖူး တစ်ခြမ်းခြမ်းပါ။ ၄.ကြက်သွန်နီ အခွံနွာပြီး အ၀ိုင်း ထူထူလှီးပေးပြီး သွားကြာထိုးတံဖြင့် အ၀ိုင်းမပျက်သွားအောင် ထိုးပေးပါ။

၂။ ငါးတန် ဗိုက်သားများကို အရေခွံဖယ်ပြီး အတုံးလေးများတုံးပေးပါ။

၃။ ပြီးလျှင် လှီးထားသော ဟင်းရွက်များ၊ ငါးတန်များကို တန်ပူရာ အမှုန့်များ ကပ်ထားပေးပါ။

၎။ ထို့နောက် တန်ပူရာ မှုန့်နစ်ဖျော်ရန် ဇောက်ခွက် တစ်ခုထဲသို့ ကြက်ဥအနှစ် ၁လုံးထည့်ပြီး ဇောက်ခွက် တစ်ဝက်အထိ ရေအေးများထည့်လိုက်ပါ။

၅။ ပြီးမှ တန်ပူရာအမှုန့် (ရ၀ ဂရမ်)ကို ဇောက်ခွက်ထဲသို့ထည့်ပြီး မွှေတံဖြင့် နာနာလေးမွှေပေးပြီး တန်ပူရာ မှုန့်နှစ်ကို ရပါပြီ။

၆။ ထို့နောက် ဒယ်ထဲသို့ ဆီများများ ထည့်ပြီး ဆီပူလာလျှင် စကြော်လို့ ရပါပြီ။

တိုကျို တန်ပူရာကြော်နည်း

ရ။ တိုကျို တန်ပူရာ ကြော်ရန် တန်ပူရာအမှုန့်ကပ်ထားသော ဟင်းရွက်များနှင့် ငါးများကို တန်ပူရာ မှုန့်နှစ်ခွက်ထဲ ထည့်စိမ်ပါ။

၈။ ပြီးမှ ဒယ်ထဲသို့ အသုတ်လိုက်ခွဲ၍ အညှိရောင်သန်းလာသည်အထိ ကြော်ပေးပါ။

၈။ ပြီးမှ တိုကျို တန်ပူရာကြော်များကို ဆီစုတ်စက္ကူဖြင့် ဆီစစ်ထားပေးပြီး ဂျပန်ငံပြာရည်နှင့် တွဲဖက်စားသုံးနိုင်ပါပြီ။

အိုဆာကာ တန်ပူရာကြော်နည်း

၉။ အိုဆာကာ တန်ပူရာကြော်ရဲ့ ထူးခြားမူကတော့ ဆီပူလာလျှင် တန်ပူရာအမှုန့်ကပ်ထားသော ဟင်းရွက်များနှင့် ငါးများကို တန်ပူရာ မှုန့်နှစ်ခွက်ထဲ ထည့်စိမ်လိုက်ပါ။

၁၀။ ပြီးမှ ဒယ်ထဲသို့ အသုတ်လိုက်ခွဲထည့်ပြီး အပေါ်မှ တန်ပူရာမှုန့်နှစ်ရည်များကို ဖြန်းပေးရခြင်းဖြစ်ပါသည်။

၁၀။ အပေါ်မှ မှုန့်နှစ်ရည်များ ဖြန်းပေးခြင်းဖြင့် ပိုမိုကြွပ်ရွပြီး စားကောင်းပါသည်။

၁၁။ အိုဆာကာ တန်ပူရာကြော်များကိုလည်း ဆီစုတ်စက္ကူဖြင့် ဆီစစ်ပြီး ဂျပန်ငံပြာရည် ဖြင့် တွဲဖက်စားသုံးနိုင်ပါပြီ။

9 comments

  1. cho says:

    ymmy fried potato 😉 love it

  2. reddevil says:

    တန်ပူရာ အမှုန့်က ဘယ်မှာဝယ်လို့ရလဲ မမ
    တန်ပူရာ အမှုန့်ဆိုတာကရော ဘာလဲဟင်

    • chowutyee says:

      Tempura Flour ကို CityMart မှာဝယ်လို့ရပါတယ်။ နေရာ တော်တော် များများမှာလည်း ရပါတယ်… တန်ပူရာ အမှုန့်ဆို အကြော်မှုန့်ကို ခေါ်တာပါ:D

  3. phyophyo says:

    ဝတ် ၇ည်
    တန်ပူရာ အမှုန့်က ဘယ်မှာဝယ်လို့ရလဲ ။
    English လို ဘယ်လို ခေါ်လဲ။

    Thanks

    • chowutyee says:

      တန်ပူရာအမှုန့်ကို အင်္ဂလိပ်လို Tempura Flour လို့ခေါ်ပါတယ်… CityMart မှာဝယ်လို့ရပါတယ်။ နေရာ တော်တော် များများမှာလည်း ရပါတယ်… 😀

  4. […] July 6, 2010 အိုဆာကာ တန်ပူရာကြော် […]

  5. zar says:

    အရမ်းကြိုက်တဲ့ ဘလော့ထဲမှာ ၀တ်ရည်ဘလော့က ထိပ်ဆုံးမှာပါ ။
    သင်တန်းမတက်နိုင်သူတွေ ။ ဘလော့ကို ကူးယူခွင့်ပေးတာတွေက အရမ်းကောင်းပါတယ် ။တချို့ဘလော့တွေက
    ပုံတွေပေါ်မှာ စာရေးထားတာတွေ ။ကူးယူခွင့်မပေးတာ တွေက မြန်မာနိုင်ငံမှာလို့ အင်တာနက်က အချိန်ပြည့်မသုံး နိုင်သူတွေ အတွက် ပြသနာပါ။ အခုတော့ ကူးထားတော့ အင်တာနက်မရှိပေမဲ့လည်း ကွန်ပြူတာလေးရှိတာနဲ့ ကူးထားတာလေးတွေကို ချက်ခါနီးဖွင့်ပြီးတော့ ကြည့်လို့ရတာ သိပ်အဆင်ပြေပါတယ် ။ခနောမှာလည်း ၀တ်ရည်ဟင်းချက်စာအုပ်ပေါက်လို့ အရမ်းဝမ်းသာပါတယ် ကျေးဇူးတင်ပါတယ်

Leave a Reply to chowutyee Cancel reply

Your email address will not be published. Required fields are marked *