Premium Recipes

<< >>

ကြက်သား ဒန်ပေါက်

ကြက်သား ဒန်ပေါက် (၈ယောက်စာ) မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။ ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။ မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။ ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်… ဒန်ပေါက်တွင် ပါဝင်ပစ္စည်းများ ဒန်ပေါက်ဆန် (basmati rice)            ♦ နို့ဆီဘူး ၄လုံး (CityMart တွင် ၀ယ်ယူနိုင်သည်) ဇီယာစေ့                          ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ

ကြက်ဆီထမင်း

ကြက်ဆီထမင်း ထိုင်းစတိုင် ကြက်ဆီထမင်းလေးပါ။ ထိုင်းစတိုင် အရသာစစ်စစ်နဲ့ ကြက်ဆီထမင်းက ရန်ကုန်မှာစားနေကျ ကြက်ဆီထမင်းနဲ့တော့ အရသာမတူသာ အမှန်ပါ။ ဒါပေမယ့် စားလို့လည်းကောင်းပြီ လုပ်ရတာလည်း မခက်ပဲ လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ကြက်ဆီထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်… ကြက်ဆီထမင်း ပါဝင်ပစ္စည်းများ ကြက်ရင်ဗုံသား(သို့)ကြက်ပေါင်ရင်သား ♦ ၆၀၀ ဂရမ် (၄ခု) ရိုးရိုးဆန်                                                    ♦ နို့ဆီခွက် ၃ခွက် ဆား                                                            ♦ လက်ဖက်ရည်ဇွန်း တ၀က် ပဲငံပြာရည် အနောက်                            

မြိတ်ကတ်ကြေးကိုက်

မြိတ်ကတ်ကြေးကိုက် ကတ်ကြေးကိုက်မှာဆိုရင် မြိတ်ကတ်ကြေးကိုက်က နံမည်ကြီးပြီ လူကြိုက်များပါတယ်။ မြိတ်ကတ်ကြေးကိုက်က တခြား ကတ်ကြေးကိုက်တွေထက် ပင်လယ်စာ ပိုများပါတယ်။ တချို့ဆို ကမာ၊ ရှပ်၊ ပုဇွန်ခြေထောက်တို့က အစထည့်ပြီ ချက်ကြပါတယ်။ ဒီချက်နည်းလေးက ၀တ်ရည်ရဲ့ အဒေါ်ဆီက ရရှိတာပါ။ ချက်နည်းလေးကို ကြည့်ရအောင်… ပါဝင်သောပစ္စည်းများ ကတ်ကြေးကိုက် မုန့်ဖတ် – ၄၀ကျပ်သား ပုဇွန်ကျား – ၂၀ကျပ်သား (အမြှီးခံကာ အခွံနွာပြီ ကျောခွဲထားပေးပါ) ကင်ပွန်း (သို့) ပြည်ကြီးငါး – ၂၀ကျပ်သား (အညှိအခွဲတွေ စဉ်အောင် ရှာလကာရည်နဲ့ အရင်ဆေးပြီမှ ရေနဲ့ ပြန်ဆေးထားပါ။ ပြီလျှင် ကြက်ခြေခတ်ပုံ ဓားဖြင့် မွှန်းထားပေးထားပါ) ဂဏန်းချောင်း – ၇ချောင်း (အစောင်းပါးပါးလှီးပါ)

နန်းကြီးသုပ်

နန်းကြီးသုပ် (၄ယောက်စာ) မနက်စာ နှင့် အစာပြေ လုပ်စားနိုင်ဖို့ နန်းကြီးသုပ် လေးပါ။ အိမ်မှာ မိသားစုနှင့် တူတူ လုပ်စားမယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ နန်းကြီးသုပ်ကို မုန့်ကြွပ်၊ ငါးဖယ်၊ ဟင်းချိုတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်သည်။ ပါဝင်ပစ္စည်းများ နန်းကြီး ခေါက်ဆွဲ – ၁၀ကျပ်သား ကြက်သား – ၂၀ကျပ်သား ကြက်ဥ – ၃လုံး (ကျက်အောင်ပြုတ်ပြီပြီ အခွံနွှာ ပါးပါးလှီးထားပါ)

ဝက်သားတုတ်ထိုး အိမ်မှာလုပ်စားကြည့်ရအောင်

ဝက်သားတုတ်ထိုး ၀က်သားတုတ်ထိုးကို အားလုံးလိုလိုကြိုက်နှစ်သက်ကြပါတယ်။ ၀တ်ရည်ကိုယ်တိုင်လည်း အလွန်ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် အများစုက အပြင်ကပဲ ၀ယ်စားလေ့ရှိကြတယ်။ အိမ်မှာလည်း ၀က်သားတုတ်ထိုး လုပ်စားနိုင်ရန် ရည်ရွယ်ပြီးတင်ဖြစ်သွားတာပါ။ တုတ်ချိုးထားတာက ၂၀၀ကျပ်၊ တုတ်မချိုးထားတာ ၁၀၀ကျပ်ပါ၊ အားမနာပဲ အားပေးသွားနော်… ပါဝင်သောပစ္စည်းများ ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ (၀က်အူမ၊ အူချို၊ အူပိတ်၊ ၀က်နားရွက်၊ ၀က်အရွတ်၊ လျှာ၊ ၀က်ကလီစာ၊ ၀က်အသဲ၊ ၀က်အူ၊ ၀က်သား) – ၁ပိသာ ကြက်ဥ – ၂လုံး (ကျက်အောင် ပြုတ်ထားပါ) ခရုဆီ – စားပွဲတင်ဇွန်း ၅ဇွန်း

ကြက်ကချင်ချက်

ကြက်ကချင်ချက် ကြက်ကချင်ချက် ဟင်းလျာက တကယ်ကို ထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ ၀တ်ရည် အကြိုက်ဆုံး ဟင်းလျာထဲက တမျိုးအပါဝင်ဖြစ်ပါတယ်။ ကြက်သားကို ချဉ်စော်ခါးသီးရည်၊ ဖက်ဖယ်ရွက်၊ နံနံပင်၊ ပင်စိမ်း၊ တို့ဖြင့် ရောချက်ကြပါတယ်။ ကြက်ကချင်ချက်မှာ မျှစ်ချဉ်ပါ ထည့်တာမို့ ချဉ်စပ် အရသာလေးနဲ့ အရမ်းစားလို့ ကောင်းပါတယ်။ ထမင်းမြိန်မြိန် စားချင်သူတွေ ဒီဟင်းလျာကို ချက်ဖို့ မမေ့ကြနဲ့နော်… ပါဝင်ပစ္စည်များ ကြက် ပေါင်၊ ရင်ဗုံ – ၂တွဲ(အတုံးသေးများ တုံးပါ) မျှစ်ချဉ် – ၁ခု (အရှည်ပါးပါးလှီးပါ) ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)

ရခိုင်မုန့်တီ

ရခိုင်မုန့်တီ (၁၀ယောက်စာ) နေ့လည်စာ လုပ်စားနိုင်ဖို့ ရခိုင် မုန့်တီပါ။ ဒီနေ့ ရခိုင်မုန့်တီချက်ဖို့ ငါးရွှေ လိုက်ရှာတာ ရှာမလို့ ဈေး၃ခုလောက် ပတ်ခဲ့ရတယ်။ ပတ်ခဲ့ရကြိုးနပ်ပါတယ်၊ အိမ်သားတွေက အားပေးကြတယ်။ လုပ်ရတာလည်း လွယ်တာမို့ ရခိုင်မုန့်တီကို ခုပဲ လုပ်စားကြည့်ရအောင်… မုန့်တီဟင်းရည်တွင် ပါဝင်ပစ္စည်းများ ငါးရွှေ – ၃၀ ကျပ်သား (၄၈၀ ဂရမ်) ငါးပိ – စားပွဲတင်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူ – ၁၀ မွှာ (မညက်တညက် ထောင်းပါ)

အိမ်လုပ် အီကြာကွေ

အီကြာကွေ (ရခု) မနက်စာ၊ အစာပြေ ကော်ဖီပူပူလေး တွဲစားဖို့ အိမ်လုပ် အီကြာကွေလေးပါ။ အဝေးရောက် မြန်မာတွေ အလွမ်းပြေ အီကြာကွေလေး အိမ်မှာ ကိုယ်တိုင် လုပ်စားနိုင်ဖို့ပါ။ လုပ်နည်းအဆင့်ဆင့်ကို ပုံနှင့် တကွဖော်ပြပေးထားတာမို့ လုပ်ရတာလည်း လွယ်ကူမှာပါ။ ခုပဲ အီကြာကွေ ကြွပ်ကြွပ်လေးကို လုပ်ကြည့်ရအောင်… preparation time: 4 hrs ၊ cooking time: 15 mins ပါဝင်ပစ္စည်းများ ရေ – ခွက် ၄ပုံ၃ပုံ ဂျုံ – ၂ခွက် (သို့) ၂၅၀ ဂရမ် yeast – လက်ဖက်ရည်ဇွန်း တ၀က်

ထောပတ်ထမင်း

ထောပတ်ထမင်း နဲ့ ကြက်သားဟင်း (၈ယောက်စာ) ထောပတ်ထမင်း နဲ့ ကြက်သားဟင်း ချက်နည်းလေးပါ။ အလျှူမင်္ဂလာပွဲတွေမှာပဲဖြစ်ဖြစ်၊ နေ့လည်စာ၊ ညနေစာပဲ ဖြစ်ဖြစ် လုပ်စားနိုင်အောင်ပါ။ ထောပတ်ထမင်းဆိုတာနဲ့ ထောပတ်အနံ့သင်းပြီ အရသာ အရမ်းကောင်းမွန်တယ်ဆိုတာ တန်းသိနိုင်မှာပါ။ ထို့ပြင် ချက်ရတာလည်း လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ထောပတ်ထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်… ထောပတ်ထမင်းတွင် ပါဝင်ပစ္စည်းများ ဘာစမာတီ ဆန် – နို့ဆီဘူး ၂လုံး (ရေဖြင့် ဆေးထားပေးပါ) ထောပတ် – ၈၀ ဂရမ် မုန်လာဥနီ – ၁ခွက်စာ (အတုံးလတ်များ တုံးပါ)

YKKO စတိုင် ကြေးအိုး

YKKO စတိုင် ကြေးအိုး (၄ယောက်စာ) YKKO စတိုင် ကြေးအိုး ချစ်သူတွေအတွက် ၀က် ကြေးအိုး နဲ့ ကြေးအိုး ဆီချက် လုပ်နည်းလေးပါ။ အိမ်သားတွေကတော့ YKKO ကြေးအိုး အရသာ အတိုင်းပဲတဲ့။ YKKO ကြေးအိုးလို အချို ခပ်လေးလေးနဲ့ ချက်ထားတာပါ။ ကြေးအိုးမှာ အရေးကြီးဆုံးက ၀က်ရိုးပြုတ်ရည်ပါ။ ၀က်နံရိုးကို ပြုတ်ရင် ဆိုင်ကကြေးအိုးတွေနဲ့ အရသာ မတူတာမို့၊ ချဉ်ဆီ များတဲ့ ၀က်ဒူးဆစ်ရိုးကို အသုံးပြု ထားပါတယ်။ ဒီဇင်ဘာ ဆောင်းအေးအေးလေးမှာ ကြေးအိုး ပူပူလေး သောက်ကြရအောင်… ကြေးအိုးတွင် ပါဝင်ပစ္စည်းများ ဆန်ကြာဇံ – ၁ထုပ် (ဇလုံတစ်ခုထဲတွင် ကြာဇံများကို ရေစိမ်ထားပေးပါ) ၀က်ဒူးဆစ်ရိုး – ၄ချောင်း (ဈေးတွင် ၀ယ်ယူနိုင်သည်)

မာလာဟင်း

မာလာဟင်း ချစ် ညီအစ်မတွေက မာလာဟင်း ချက်နည်းလေး တင်ပေးပါအုန်းဆိုလို့ တင်ဖြစ်သွားတဲ့ မာလာဟင်း ချက်နည်းလေးပါ။ ရွှေလီ အသားကင်ဆိုင်သွားစားတိုင်း မှာစားဖြစ်တယ်။ ဟင်းသီးဟင်းရွက် အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နာရွက်မှို၊ ပဲပြား အစုံအလင်ထည့်ထားပြီ မာလာဟင်း အနှစ်ကြောင့် စပ်စပ်လေးနဲ့ အနံ့အရော အရသာ ပြည့်စုံတဲ့ မာလာဟင်းလေးပါ။ ချက်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်နော်… မာလာဟင်း အနှစ်ချက်ရန် ပါဝင်ပစ္စည်းများ မာလဟင်းနှစ်ထုပ် – ၁ထုပ် ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ) ကြက်သွန်နီ – ၂ခု (နှုတ်နှုတ်စဉ်းပါ)

အုန်းနို့ ခေါက်ဆွဲ

အုန်းနို့ ခေါက်ဆွဲ (ရယောက်စာ) မနက်စာ အုန်းနို့ ခေါက်ဆွဲ လေးပါ။ အုန်းနို့ခေါက်ဆွဲ ချစ်သူ တွေ သဘောကျမယ့် ချက်နည်းလေးပါ။ ၀တ်ရည်ရဲ့ ပထမဆုံး လက်ရာလေးမို့ အားပေးကြပါအုန်းနော်။ အိမ်သားတွေကတော့ အရမ်းကြိုက်ကြတယ်။ တချို့ကလည်း အုန်းနို့ခေါက်ဆွဲကို နို့စိမ်းနဲ့ ချက်တယ်။ ၀တ်ရည်ကတော့ အုန်းနို့နဲ့ ချက်ထားတာပါ။ ခုပဲ လုပ်နည်းလေး ကြည့်ရအောင်… အုန်းနို့ ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ ခေါက်ဆွဲဖတ် – ၄၀ ကျပ်သား အုန်းနို့နှစ် – ၁၆၀ ဂရမ် ကြက်သွန်နီ – ၁၀လုံး (အလုံးသေးများ အခွံနွှာထားပါ) ပဲအစိမ်းမှုန့် – ရ၀ ဂရမ် (ရေ ၂၅၀ မီလီလီတာဖြင့် ပဲမှုန့်များကို ဖျော်ထားပါ)

နိုင်လွန်ပုဇွန်

နိုင်လွန်ပုဇွန် နိုင်လွန်ပုဇွန်ကို တရုတ်လို ဟာကို လို့ခေါ်ပါတယ်။ နိုင်လွန်ပုဇွန်ကို မနက်စာ Dimsum အဖြစ် စားသောက်ဆိုင်တွေ အများအားဖြင့် ၀ယ်စားကြပါတယ်။ ၀တ်ရည်ကတော့ ဆိုင်မှာ ၀ယ်စားတာထက် အိမ်မှာ စိတ်ကြိုက် လုပ်စားရတာကို ပိုသဘောကျပါတယ်။ နိုင်လွန်ပုဇွန် လုပ်ပုံအဆင့်ဆင့်ကို ပုံနှင့် တကွ တင်ပေးလိုက်ပါတယ်။ အရသာကောင်းမွန်သော နိုင်လွန်ပုဇွန်ကို အိမ်မှာ လုပ်စားရင်း ပျော်ရွှင်နိုင်ကြပါစေ… ဂျုံဒိုး အတွက် ပါဝင်သောပစ္စည်းများ Wheat Starch (နိုင်လွန်ပုဇွန် လုပ်သည့် ဂျုံ) – ၈၀ ဂရမ် Tapioca Flour – ရ၀ ဂရမ် ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း ရေနွေး – ၁၇၀ မီလီလီတာ

ထမင်းပေါင်း

ထမင်းပေါင်း (၃ယာက်စာ) ပါဝင်သောပစ္စည်းများ ၁။ ချက်ပြီးသားထမင်း (ဆန်၁လုံး) ၂။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အပါး စောင်းလှီးပါ) ၃။ ကြက်အသဲမြစ် – ၂စုံ (အပါး စောင်းလှီးပါ) (optional)

ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)

ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ) မုန့်ဟင်းခါးကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အလွန်မှ ကြိုက်နှစ်သက်ကြပါတယ်။ မုန့်ဟင်းခါးကို ဆိုင်တွေမှာ ၀ယ်စားတာများပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်စားချင်သူများအတွက် အထူးရည်ရွယ်ထားပါတယ်။ မုန့်ဟင်းခါးထဲမှာမှ အိုးဘဲဥ မုန့်ဟင်းခါးမှ ၀တ်ရည်က ကြိုက်တာ။ ဒါပေမယ့် ၀တ်ရည် အရင်က မုန့်ဟင်းခါး တစ်ခါမှ ကိုယ်တိုင်မချက်ဖူးဘူး၊ အဒေါ်တို့၊ အမေတို့ ချက်တာတွေပဲ ကပ်စားနေတာ။ ဒီနေ့တော့ ကိုယ်တိုင် ချက်စားချင်တယ်၊ မြန်မာရိုးရာဓလေ့ဖြစ်တဲ့ မုန့်ဟင်းခါးတောင် မချက်ဖူးရင် မကောင်းဖူးရယ်လို့ တွေးမိတယ်။ ဒါကြောင့် စချက်တဲ့အနေနဲ့ မုန့်ဟင်းခါး ၁ပိသာစာ တအိမ်သားလုံး စားလို့ရအောင် ချက်ဖြစ်သွားတယ်။ အဒေါ်ပေးတဲ့နည်းအတိုင်း ချက်လိုက်တဲ့ အရသာက တကယ်ဂွတ်ရှယ်ပဲ၊ အိမ်သားတွေလည်း အရမ်းအားပေးကြတယ်။ ဒါကြောင့် ချက်နည်း အဆင့်ဆင့်ကို ပုံနှင့်တကွ ဖော်ထားထားပေးလိုက်ပါတယ်…

တို့ဟူးနွေး (၃ယောက်စာ)

တို့ဟူးနွေး (၃ယောက်စာ) တို့ဟူးနွေးကို လုပ်ရလွယ်ပြီ စားလို့ကောင်းတဲ့နည်းလေးနဲ့ တင်ဆက်ထားပါတယ်။ နေ့လည်စာ အစာပြေလုပ်စားနိုင်ဖို့ပါ။ လုပ်နည်းလေး ကြည့်ရအောင်… တို့ဟူးနွေး ပြင်ဆင်ရာတွင် ပါဝင်သည့်ပစ္စည်းများ ၁။ ဆန်စီခေါက်ဆွဲထုပ် – တ၀က် ၂။ မြေပဲ – စားပွဲတင်ဇွန်း ၃ဇွန်း (မညက်တညက် ထောင်းထားပေးပါ) ၃။ နံနံပင် (သို့) ကြက်သွန်မြိတ် – ၂ပင် (ပါးပါးလှီးပါ)

ဟောင်ကောင် ဘဲကင်

‘ဟောင်ကောင် ဘဲကင်’   ဟောင်ကောင်စတိုင် အိမ်လုပ် ဘဲကင်လေးပါ။ ပျားရည်၊ တရုတ်ဟင်းခတ်၊ ဆန်ဝိုင်တို့နဲ့ နှပ်ထားတာမို့ ဘဲကင်ရဲ့ ချိုစိမ့်တဲ့ အရသာရယ်၊ ဘဲကင်ရဲ့ မွှေးရနံ့ကိုပါ အပြည့်အ၀ ရရှိမှာဖြစ်ပါတယ်။ လုပ်နည်းကလည်း လွယ်တာမို့ အိမ်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက် ရောင်းရန်ပဲ ဖြစ်ဖြစ် လုပ်စားနိုင်ပါတယ်။ လုပ်နည်းလေးကို တူတူကြည့်လိုက်ရအောင်… ပါဝင်ပစ္စည်းများ [Ingredients] ဘဲ [duck]                            ♦ ၁ကောင်( ၅-၆ပေါင် ) ပျားရည် [honey]                ♦ စားပွဲတင်ဇွန်း ၆ဇွန်း ရှာလကာရည် [vinegar]    ♦ စားပွဲတင်ဇွန်း ၂ဇွန်း

“Wutyee Food House မှ ကြိုဆိုပါသည်”

Email Subscription : လုပ်ခြင်းဖြင့် ဒီဘလောက်မှာ ဟင်းလျာအသစ်တင်တိုင်း  တင်ထားသော ဟင်းလျာများကို အီးမေးက တဆင့်အကြောင်းကြားပေးပါတယ်။

Categories : အောက်မှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ပီဇာ၊ လာအို၊ အနောက်တိုင်း ဟင်းချက်နည်းခွဲ တားပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ ချက်နည်းများကို အလွယ်တကူရှာဖွေ နိုင်ပါသည်။

Cooking Method : ၀တ်ရည် ချက်နည်း အဆင့်အဆင့်ကို ပုံတွေနဲ့တကွ ဖော်ပြပေးထားပါတယ်။

Blog : ဒီဘလောက်ကို တခေါက်ဝင်ကြည့်ပြီးတိုင်း နောက်တခါဝင်ကြည့်ဖို့ရယ်၊ နီးစပ်ရာ သူငယ်ချင်းတွေကို share လုပ်ပေးဖို့ မမေ့ကြနဲ့နော်။ ၀တ်ရည်ဘလောက်ကို ၀င်ကြည့်သူတိုင်း အရှေ့တိုင်း၊ အနောက်တိုင်း ဟင်းလျာများကို ကိုယ်တိုင် ချက်ပြုတ်ရင်း ပျော်ရွင်နိုင်ပါစေ ဆုမွန်တောင်းလျှက်……

ရဲယိုရွက် ငါးပေါင်းထုပ်

ရဲယိုရွက် ငါးပေါင်းထုပ် (၁၀ထုပ်စာ)

Steam_Fish8

ထမင်းမြိန်စေမယ့် ရဲယိုရွက် ငါးပေါင်းထုပ်ပါ။ တချို့လည်း ငါးပေါင်းထုပ်ထဲ ဗူးသီး ပါးပါးလှီးပြီ ထည့်ပေါင်းပါတယ်။ ရဲယိုရွက်က ဆေးဖက်ဝင်တာမို့ ကြိုက်နှစ်သက်ရင် ငါးပေါင်းထုပ်နဲ့ ရဲယိုရွက်ပါ တွဲစားလို့ရပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ငါးကြင်း(သို့)ငါးခူ(သို့)ငါးရံ့ – ၄၀ကျပ်သား
  • ရဲယိုရွက် – ရွက် ၃၀ (ရေစင်အောင် ဆေးထားပါ)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)

Read more

မော်လမြိုင် မုန့်ဟင်းခါး

မော်လမြိုင် မုန့်ဟင်းခါး

MawLaMyaing_Mote_HinKar7

သင်္ကြန် အကြိုနေ့အတွက် မော်လမြိုင် မုန့်ဟင်းခါးပါ။ မော်လမြိုင် မုန့်ဟင်းခါးက ဆီနည်းနည်း၊ ဟင်းရည် ခပ်ကျဲကျဲနဲ့မို့ ရန်ကုန်မုန့်ဟင်းခါးနဲ့တော့ မတူပေမယ့် တမျိုး စားလို့ ကောင်းပါတယ်။ ထူးထူးခြားခြား ငါးပြုတ်ရည်ထဲ ထန်းညက်ခဲ ထည့်ပြီ ပြုတ်ရတာပါ။ ဒီချက်နည်းကို ပေးတဲ့ အန်တီအေးမွန်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ မော်လမြိုင်မုန့်ဟင်းခါးကို တူတူ ချက်ကြည့်ရအောင်…

မော်လမြိုင် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ

၁။ မုန့်ဟင်းခါးဖတ် – ၄၀ကျပ်သား

၂။ ငါးခူ – ၃၀ ကျပ်သား (ငါးခူကို ထန်းညက် ၃ခဲ၊ ငါးငံပြာရည်၊ ဆား၊ စပါးလင်တို့ဖြင့် ပြုတ်ရမည်)

Read more

Tikka ကြက်သားကင် နှင့် ချိစ်

Tikka ကြက်သားကင် နှင့် ချိစ်

Chicken_Tika_cheese4

ကြက်သား Tikaကင်ကို အိန္ဒိယစတိုင်နဲ့ အနောက်တိုင်းစတိုင်ကို Fusion လုပ်ထားတဲ့ ချက်နည်းပါ။  ကြက်သားကို နူအိအောင် အိန္ဒိယဟင်းခတ်အမွှေးအကြိုင်၊ ဒိန်ချဉ်နဲ့ နုပ်ပြီမှ ကင်ထားတာပါ။ အရသာက အီစိမ့်စိမ့်လေးဖြစ်အောင် ချိစ်ကို ထည့်နုယ်ထားပါတယ်။ အအီပြေအောင် သံပရာသီး၊ ကြက်သွန်နီတို့နှင့် တွဲဖက်သုံးဆောင်ရပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံ – ၂ခု (၄၀၀ ဂရမ်) (၁လက်မအရွယ် အတုံးများတုံးထားပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (ညက်အောင် ထောင်းထားပါ)
  • ဂျင်း – လက်တဆစ် (ညက်အောင် ထောင်းပြီ အရည်ညှစ်ထားပါ)

Read more

သင်္ကြန် မုန့်လုပ်နည်း ၁၅မျိုး

သင်္ကြန် မုန့်လုပ်နည်း ၁၅မျိုး

မြန်မာ အတာနှစ်ကူးမှာ စိတ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်း၊ ကိုယ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့  Wutyee Food House မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ သင်္ကြန်မှာ မုန့်တွေ တ၀ကြီး လုပ်စားနိုင်ဖို့ မုန့်လုပ်နည်း ၁၅မျိုးကို တင်ဆက်ပေးလိုက်ပါတယ်..

Read more

ကြက်ခြေထောက်ပေါင်း

ကြက်ခြေထောက်ပေါင်း

Chicken_Feet6

တရုတ် ဒင်းဆမ်း ကြက်ခြေထောင်းပေါင်းကို မန်ထိုပေါက်စီနဲ့ တွဲဖက်ပြီ မနက်စာ၊ အစာပြေအဖြစ် သုံးဆောင်လို့ရပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ကြက်ခြေထောက်တွင် ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက် – ၄၀၀ ဂရမ် (သန့်စင်ပြီသား)
  • သကြား – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
  • နတ်နတ်ပွင့် – ၃ခု

Read more

အာလူး၊ ချိစ် ဆမ်ဝေ့ကင်

အာလူး၊ ချိစ် ဆမ်ဝေ့ကင်

Aloo_Sandwich6

ဆမ်ဝေ့ အသစ်အဆန်း စားချင်သူများအတွက် အာလူး၊ ချိစ် ဆမ်ဝေ့ကင်ပါ။ အစာပြေအဖြစ် အနောက်တိုင်း ချက်နည်းနဲ့ အိန္ဒိယချက်နည်း fusion ပေါင်းစပ်ထားပါ။ ပါမုန့်ကင် ကြွပ်ကြွပ်လေးကို ၀ါးလိုက်ရင် အထဲက အာလူး၊ ချိစ် အရသာနဲ့ မဆလာနံ့လေး သင်းပြီ စားလို့ အရမ်းကောင်းပါတယ်။ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အာလူး – ၄လုံး (အာလူးကို နူအောင် ပြုတ်ထားပြီ အခွံနွှာ၊ ပါးပါးလှီးပါ)
  • ကြက်သွန်နီ – ၂လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ချိစ် – ခွက်တ၀က် (ခြစ်တံဖြင့် ခြစ်ထားပါ)

Read more

ကင်ချီ ထမင်းကြော်

ကင်ချီ ထမင်းကြော်

Kimchi_Pork_Rice4

လက်တင် နှင့် ကိုရီယားစတိုင် fusion ကင်ချီထမင်းကြော် ချက်နည်းလေးပါ။ လုပ်ရတာလည်း လွယ်ပြီ အရမ်းလည်း စားလို့ ကောင်းပါတယ်။ ခုပဲ တူတူ ကြော်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ချက်ပြီသား ထမင်း – ၄ယောက်စာ
  • ၀က်သားသုံးထပ်သား – ၂၀၀ ဂရမ်
  • ကင်ချီ – ခွက်တ၀က် (ပါးပါးလှီးပါ)

Read more

ကြက်သား လက်ဖက်ဟင်း

ကြက်သား လက်ဖက်ဟင်း

Tea_Leave_Chicken6

ကြက်သားကို လက်ဖက်ရွက်ကို ပြုတ်ပြီ ရတဲ့ အရည်နဲ့ ချက်ထားတာမို့ လက်ဖက်နံ့လေး သင်းနေပါတယ်။ အရသာက အီ၊ ချဉ်၊ စိမ့်စိမ့်လေးနဲ့ တမူထူးခြား ကောင်းမွန်ပါတယ်။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် – ၄ခု (အရေခွံဖယ်ပြီ ထက်ခြမ်းခြမ်းထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းထားပါ)

Read more

သင်္ကြန်ထမင်း

သင်္ကြန်ထမင်း

Thingyan_Rice5

မွန်ရိုးရာ သင်္ကြန်ထမင်းပါ။ သင်္ကြန်မှာ မပါမဖြစ် အစားအစာ တစ်မျိုးဖြစ်ပါတယ်။ သင်္ကြန်ထမင်းကို ဖယောင်းချက် အနံ့ မွှေးမွှေးလေးနဲ့ သုံးဆောင်ရတာပါ။ တချို့ကတော့ ဖယောင်းအနံ့ကို မကြိုက်တာမို့ ထည့်မချက်ထားပါဘူး။ သင်္ကြန်ထမင်းကို ငါးခြောက်ကို သရက်သီးစိမ်းနဲ့ ကြော်ရယ်၊ ရေအေးထည့်ပြီ သုံးဆောင်ကြပါတယ်။ ၀တ်ရည်က တမျိုးဆန်းသွားအောင် သရက်ချဉ်သုပ်နဲ့ ငါးခြောက်ထောင်းကြော်ရယ် နှစ်မျိုးခွဲထားလိုက်တာပါ။ ဒီနည်းလေးလည်း စားလို့ ကောင်းတာမို့ လုပ်စားကြည့်ကြရအောင်..

သင်္ကြန်ထမင်း ပါဝင်ပစ္စည်းများ

  • ဆန် – ၂ခွက်
  • ဖယောင်းချက် – အနည်းငယ် (Optional)
  • ငရုတ်သီးခြောက်နီ – ၄ခု (ဆီဖြင့် အနည်းလှော်ပေးပါ)

Read more

ဆေးဘဲဥသုပ်

ဆေးဘဲဥသုပ်

Medicine_Egg_Salad1

ထမင်းမြိန်စေမယ့် ဆေးဘဲသုပ်ပါ။ ဆေးဘဲဥကို ဆလတ်ရွက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ မြေပဲ၊ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီး နှင့် သံပရာသီးတို့ဖြင့် ချဉ်ငံ့စပ် သုပ်ထားတာပါ။ စားလို့ ကောင်းတာမို့ ခုပဲ တူတူ သုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဆေးဘဲဥ – ၃လုံး (အခွံနွှာပြီ ဆေးဘဲဥ ၈ပိုင်ပိုင်းထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ကာ ပါးပါးလှီးပါ)

Read more

ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်

ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်

Stuffed_Fish_Egg7

နေ့လည်စာ အဆာပြေအဖြစ် လုပ်စားနိုင်အောင်ပါ။ အရသာလည်း ရှိပြီ စားလို့ ကောင်းတဲ့ ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်လေးပါ။ ချက်နည်း တူတူ ကြည့်ရအောင်..

ပါဝင်သောပစ္စည်းများ

၁။ ကြက်ဥ – ၃လုံး (ခလောက်ပေးပါ)

၂။ ငါးဖယ် – ၁၀ကျပ်သား (ညက်အောင် ထောင်းပါ)

၃။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)

Read more

အညာ ထမင်းသုပ်

အညာ ထမင်းသုပ်

Rice_Salad_Prawn4

အညာစတိုင် ပဲမှုန့် များများနဲ့ ထမင်းအချိုသုပ်လေးပါ။ ထမင်းသုပ်ကို ပုဇွန်ထုပ်ကြော်လေးနဲ့ တွဲဖက် ထားပါတယ်။ လုပ်ရတာလည်း လွယ်ပြီ အရသာရှိတာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ထမင်းသုပ်တွင် ပါဝင်ပစ္စည်းများ

  • ချက်ပြီသား ထမင်း – ၃ယောက်စာ
  • ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း ၃ဇွန်း (ကြက်သွန်နီ ၂လုံး ပါးပါးလှီးပြီ ဆီဖြင့် ကြော်ပါ)

Read more

ရွှေညောင်ပင် ကြက်သားသုပ်

ရွှေညောင်ပင် ကြက်သားသုပ်

Chicken_Indian_Salad8

ရွှေညောင်ပင် ကြက်သားသုပ်လို ချဉ်စပ် ကြက်သားသုပ်လေးပါ။ ရွှေညောင်ပင် ကြက်သားသုပ်မှာ အရိုးသုပ်၊ ကြက်ရေပြားသုပ်၊ အစုံသုပ်၊ အသားသုပ်ဆိုပြီ ရှိပါတယ်။ ခု ၀တ်ရည် လုပ်ထားတာက အစုံသုပ်လေးပါ။ လုပ်ရလည်း လွယ်တာမို့ တူတူ လုပ်စားကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ကြက်ရိုး၊ ကြက်တောင်ပံ၊ ကြက်ပေါင် – ၅၀ကျပ်သား (အသဲအမြစ်အစုံ ထည့်လိုက ထည့်နိုင်သည်)
  • ပဲမှုန့် (အစိမ်းမှုန့်)- ၃၅ ဂရမ် (ရေ ၂၀၀မီလီလီတာဖြင့် ရောဖျော်ထားပါ)
  • အုန်းနို့နှစ် – ၁ဘူး (၁၆၀ မီလီလီတာ)

Read more

ဝက်သားနီချက်

ဝက်သားနီချက်

Pork_Red_Curry4

မြန်မာဟင်းလက်ရာ ၀က်သားနီးချက်ပါ။ ၀က်သားနီချက်မှာ သကြားကို ဆီသပ်တာက အဓိက ကြပါတယ်။ သကြားနီညှိရောင်သန်းသွားမှ ၀က်သားထည့်ကာ ၀က်သားနီသည်အထိ လုံးချက်ရတာမို့ ၀က်သားနီချက်လို့ ခေါ်ကြတာပါ။ အရသာ ချိုချဉ် အရသာလေးနဲ့ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းတခွက်ဖြစ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်အဆီနဲ့အသား (သို့) ၀က်သားသုံးထပ်သား – ၅၆၀ ဂရမ် (၃၅ကျပ်သား) (အတုံးကြီးများ တုံးထားပေးပါ)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)

Read more

ငါးသလောက်ပေါင်း

ငါးသလောက်ပေါင်း

Fish_Anchovy_Steam5

ငါးသလောက်ပေါင်း ကြိုက်သူတွေ ပေါင်းအိုးလိုက်သာ အားပေးသွားကြပါနော်။ ကြံခင်းပြီ ငါးသလောက်ကို ပေါင်းထားတာပါ။ ကြံကြိတ်ကို ခင်းသလို၊ ကြံကို ထပ်ခြမ်းခြမ်းပြီ ခင်း(သို့) စပါးလင်ကို ထုချည်ပြီခင်းကာ ငါးသလောက်ကို ပေါင်းလို့ရပါတယ်။ အဓိက ငါးသလောက် အိုးအောက်ခြေနဲ့ မကပ်ဖို့အတွက်ပါ။ ဒီ ငါးသလောက်ကို Slow cooker နဲ့ချက်ထားတာမို့၊ အရိုးပါ စားလို့ရတဲ့အထိ အရမ်းနူးအိပြီ အရမ်းစားကောင်းပါတယ်။ အလျှူတွေ အတွက်ပဲ ဖြစ်ဖြစ်၊ အိမ်မှာ လုပ်စားဖို့ပဲဖြစ်ဖြစ် ချက်နည်း ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ငါးသလောက် – ၁ကောင် (၄၅၀ ဂရမ်) (ငါးကို ကြေခွံဖယ်ပြီ သန့်စင်ထားပေးပါ) (အကောင်ကြီး ၁ကောင်၊ အကောင်သေး ၂ကောင်)
  • ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပေးပါ)

Read more

ပုန်းရည်ကြီးသုပ်

ပုန်းရည်ကြီးသုပ်

Pone_Yay_Gyi_Salad3

အညာစတိုင် ပုန်းရည်ကြီးသုပ်ပါ။ ပုန်းရည်ကြီးကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ငရုတ်သီးစိမ်း၊ ဆီ တို့ဖြင့် ရောနုယ်သုပ်ထားတာပါ။ ထမင်းမြိန်စေမယ့် ဟင်းအရံတမျိုးပါ…

ပါဝင်ပစ္စည်းများ

  • ပုန်းရည်ကြီး – ၃ထုပ်
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)

Read more

အမဲသားခပတ်၊ အာလူးဟင်း

အမဲသားခပတ်၊ အာလူးဟင်း

Beef_Kabab_Potato6

အမဲသားခပတ်၊ အာလူးဟင်း ချက်နည်းလေးပါ။ လုပ်ရတာလည်း လွယ်ပြီ စားလို့ အရမ်းကောင်းပါတယ်။ အာလူးကို ကြော်ပြီ အမဲသားခပတ်ဟင်းနဲ့ တွဲရောချက်ထားတာပါ။ ထမင်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • အမဲသား – ၃၂၀ဂရမ်(၂၀ကျပ်သား) (နုပ်နုပ်စဉ်းပါ)
  • အာလူး (အလုံးသေး) – ၅လုံး (နူအောင် ပြုတ်ထားပေးပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီး ၈စိပ်လှီးပါ)
  • ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ကြက်သောက်ဆမ်း

ကြက်သောက်ဆမ်း (မွန်စတိုင်)

Chicken_Soup (Mon Style3)

ကြက်သောက်ဆမ်း ချက်နည်းလေးပါ။ ကြက်သောက်ဆမ်း ချက်နည်းက မြန်မာစတိုင်ဆိုရင် ကြက်ကာလသဟင်းလို့ ခေါ်ပါတယ်။ ရခိုင်စတိုင် ကြက်သောက်ဆမ်းလည်း ရှိပါသေးတယ်။ ရခိုင်စတိုင် ကြက်သောက်ဆမ်းက ပိုစပ်ပြီ ငပိပါ ထည့်ချက်ပါတယ်။ ခုမွန်စတိုင် ချက်နည်းက ငရုတ်သီး ဓားပြရိုက်ထည့်၊ ပင်စိမ်းအုပ်၊ မဆလာ လေးနဲ့ အရသာက စားလို့အရမ်းကောင်းပါတယ်။ ကြက်သောက်ဆမ်းအရည်ကို ထမင်းပေါ် ဆမ်းလည်း စား၊ ဟင်းချို အနေနဲ့လည်း သောက်လို့ရပါတယ်။ ၀တ်ရည်က ပိုထူးခြားသွားအောင် ကြက်သား အရင်နုပ်ထားပြီမှ ချက်ထားတာပါ။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ကြက်သား – ၄၅၀ ဂရမ် (အတုံးသေးများ တုံးပါ)(ကြက်ပေါင်၊ တောင်ပံ၊ ကြက်ခြေထောက် မိမိကြိုက်နှစ်ရာ ထည့်ချက်နိုင်သည်)
  • ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးစိမ်း – ၄တောင့် (ဓားပြရိုက်(သို့) ထက်ခြမ်းခြမ်းပါ)

Read more

အမဲသား နှင့် Broccoli ကြော်

အမဲသား နှင့် Broccoli ကြော်

Beef_Broccoli_Fry4

တရုတ်စတိုင် အမဲသား နှင့် Broccoli ပန်းကော်ဖီစိမ်း ကြော်လေးပါ။ အမဲသားက ဆန်ဝိုင်ဖြင့် နုပ်ထားပြီမှ ချက်ထားမို့ အမဲသားက နူးအိပါတယ်။ လွယ်လွယ်ကူကူပဲ ချက်လို့ရပြီ ဟင်းသီဟင်းရွက်တွေနဲ့ ရောကြော်ထားတာမို့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အမဲသား(သို့) ၀က်သား – ၄၀၀ ဂရမ် (အရှည် ပါးပါးလှီးပေးပါ)
  • ပန်းကော်ဖီစိမ်း (Broccoli) – ၂ခွက်စာ (အတုံးများ တုံးထားပါ)
  • ငရုတ်သီးပွနီ – ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးထားပါ)

Read more

ရွှေဖရုံသီး ဟင်းချို

ရွှေဖရုံသီး ဟင်းချို

Pumpkin_Soup4

အရသာက ချိုစိမ့်ပြီ သောက်လို့ကောင်းတဲ့ ရွှေဖရုံသီး ဟင်းချိုပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး – ၁စိတ်(၁၀၀၀ ဂရမ်) (ပေါင်းအိုးပြီ မိနစ် ၂၀ ပေါင်းပေးထားပါ)
  • အာလူး – ၁လုံး (ပြဲအောင် ပြုထားပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ဆယ်မွန်ငါးကင် နှင့် သစ်သီးဆလတ်သုပ်

ဆယ်မွန်ငါးကင် နှင့် သစ်သီးဆလတ်သုပ်

Salmon_Grill2

ဆယ်မွန်ငါးကင် နှင့် သစ်သီးဆလတ်သုပ်ပါ။ ဆယ်မွန်ကို တာရီယာကီဆော့နဲ့ ကင်ထားတာမို့ အရမ်းစားလို့ ကောင်းပါတယ်။ ဆယ်မွန်ငါးကင် နှင့် သစ်သီး ဆလတ်သုပ်က ကျန်မာရေးနဲ့ ညီညွှတ်ပြီ လုပ်ရလည်း လွယ်ပါတယ်။ ခုပဲ တူတူလုပ်စားကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ဆယ်မွန်ငါး – ၄၀၀ ဂရမ် (အလယ်အရိုးကနေ ထက်ခြမ်းခြမ်းထားပေးပါ)
  • ပန်းသီး – ၁လုံး (အခွံနွှာပြီ အတုံးများ တုံးပါ)
  • စပျစ်သီး – ၁၀လုံး

Read more

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော်

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော်

Fried_Brown_Rice4

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော် ချက်နည်းပါ။ ဆန်လုံးညှိမှာ ရိုးရိုး ဆန်ဖြူထက် ဗီတာမင် ဘီ၊ သံဓာတ် တွေ ပိုပြီ ပါဝင်တဲ့အပြင် ဆီချိုရောဂါရှိသူတွေအတွက် အလွန် သင့်လျော်ပါတယ်။ ဆန်လုံးညှိက ဖွယ်ပြီ ကစီဓာတ်နည်းတာမို့ ၀ိတ်ချချင်သူတွေ စားမယ်ဆိုလည်း သင့်လျော်ပါတယ်။ ဆန်လုံးညှိကို ဒီအတိုင်း ထမင်းချက်သလို၊ ချက်စားနိုင်ပြီ။ ဆန်လုံးညှိက ဆန်ကြမ်းဆိုပေမယ့် ဆန်လုံးညှိကို ထမင်းကြော် အနေနဲ့ အရမ်းစားကောင်းတာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဆန်လုံးညှိ (ချက်ပြီသား) – ၂ခွက်စာ (ရိုးရိုးထမင်းချက်သလို Rice cooker နဲ့ချက်ပေးပါ)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

အမဲသား Stroganoff

အမဲသား Stroganoff

Beef_Strongoff4

အနောက်တိုင်း စတိုင် အမဲသား Stroganoff သည် အရသာအလွန်စိမ့်သဖြင့် ထမင်းနှင့် တွဲစားလျှင် အလွန်သင့်လျော်ပါသည်။ Brandy နဲ့ ချက်ထား၍ အမဲသားက နူအိပြီး စားလို့ကောင်းပါသည်။ အားပေးသွားကြပါအုန်း..

ပါဝင်သောပစ္စည်းများ

  • အမဲသား(သို့) ၀က်သား – ၂၀ကျပ်သား (အရှည်လိုက် ပါးပါး လေးများလှီးပါ)
  • ကြက်သွန်နီ – ၃လုံး ( အ၀ိုင်းပါးပါးလှီးပါ)
  • ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

Read more

ဝက်သား နှင့် ခရုဆီကြော်

ဝက်သား နှင့် ခရုဆီကြော်

Pork_Oyster7

တရုတ်စတိုင် ၀က်သားနဲ့ ခရုဆီ ကြော်ပါ။ အချိန်တိုအတွင်းမှာပဲ အလွယ်တကူ ချက်စားနိုင်ပါတယ်။ ခုပဲ တူတူ ချက်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ၀က်သား – ၂၀ကျပ်သား (အစောင်း ပါးပါးလှီးပါ)
  • ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးပွစိမ်း – အကြီး ၁ခု (အစေ့ထုတ်ပြီ ၄စိပ်စိပ်ပါ)

Read more

ဘူးသီးကြော် ပူပူလေး

ဘူးသီးကြော် ပူပူလေး

ButhiKyaw_Fried_Calabash

ဘူးသီးကြော် ပူပူလေးသုံးဆောင် ကြပါအုန်းနော်။ လုပ်နည်းကတော့ လွယ်ပါတယ်။ နှစ်သစ်ကူးနေ့က အိမ်မှာ မိသားစုနဲ့ အတူ အကင်တွေ အကြော်တွေ အစုံလုပ်စားဖြစ်တယ်။

ပါဝင်ပစ္စည်းများ

  • ဘူးသီး – တစိတ်  (၃လက်မ အရှည်များ လှီးပေးပါ)
  • ရွှေလိပ်စာ အကြော်မှုန့် – ၁၅၀ ဂရမ် (သို့) ဂျုံမှုန့် – ရ၀ ဂရမ် +ကောက်ညှင်းမှုန့် – ၄၅ ဂရမ် + ဆန်မှုန့် – ၃၅ ဂရမ်
  • ဆိုဒါ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ရေ – ၁ခွက် (၂၀၀ မီလီလီတာ)
  • ဆလက်ရွက် – စည်းဝက် (ရေစင်အောင် ဆေးထားပါ)

Read more

Wutyee Food House ဟင်းလက်ရာ (၁၀၂)မျိုး စာအုပ်သစ်

”Wutyee Food House ဟင်းလက်ရာ (၁၀၂)မျိုး စာအုပ်သစ်”

Untitled-1a

ချစ်ညီအစ်မ၊ ညီအစ်ကိုတွေကို Wutyee Food House ဟင်းချက်လက်ရာ ၁၀၂မျိုး ဟင်းချက်စာအုပ် ထုတ်ဝေလိုက်ပြီ ဆိုတဲ့ သတင်းကောင်းလေး ပါးပါရစေ။ ဟင်းချက်စာအုပ်တွင် ပါဝင်တဲ့ ဟင်းချက်နည်း ၁၀၂မျိုး ချက်နည်းများကိုလည်း ၀က်ဆိုက်ပေါ်မှာ အခမဲ့ ကြည့်ရူနိုင်ပါတယ်။ စာအုပ်အဖြစ် သိမ်းထားချင်တယ်၊ သူငယ်ချင်းတွေကို ဟင်းချက်စာအုပ် ကောင်းကောင်းလေး လက်ဆောင် ပေးချင်တယ်ဆိုရင်တော့ ”Wutyee Food House ဟင်းချက်လက်ရာ ၁၀၂ မျိုး ဟင်းချက်စာအုပ်” ကိုအားပေးကြပါနော်…

Read more

မှို ခရင်(မ်) ဟင်းချို (Mushroom Cream Soup)

မှို ခရင်(မ်) ဟင်းချို (Mushroom Cream Soup)

Mushroom_Cream_Soup3

အနောက်တိုင်းစတိုင် မှို ခရင်(မ်) ဟင်းချို ပါ။ အရသာစိမ့်စိမ့်လေးနဲ့ အရမ်းစားလို့ ကောင်းပါတယ်။ ချက်ရတာလည်း လွယ်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်များ

  • ကောက်ရိုး မှို – ၂၀ ကျပ်သား (ပါးပါးလှီးထားပါ)
  • Shimeji မှို – ၅ခု (ရေဖြင့် နူအောင် ပြုတ်ပြီ ရေပြန်စစ်ကာ ပါးပါးလှီထားပါ)
  • ထောပတ် (သို့) သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ကြက်သားနှင့် မှို စတူး

တရုတ်စတိုင် ကြက်သားနှင့် မှို စတူး

Stew_Chicken6

တရုတ်စတိုင် ကြက်သား နှင့် မှို စတူးပါ။ Slow cooker နဲ့ ချက်ထားတာမို့ ကြက်သား၊ မှို နှင့် ဟင်းရွက် အားလုံး အရမ်းနူးအိပြီ စားလို့ ကောင်းပါတယ်။ အရသာက ချိုစိမ့်ပြီ ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်ဖို့ အရမ်းလိုက်ဖက်ပါတယ်။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်၊ ရင်ဗုံတွဲယှက် – ၂စုံ (အတုံးကြီးများ တုံးပါ)
  • ပြောင်းဖူး – ၁ဖူး (ရေဖြင့် ကျက်အောင် အရင်ပြုတ်ပြီ ၁လက်မအရွယ်များ ပိုင်းဖြတ်ပါ)
  • မုန်လာဥနီ – ၂ခု (အတုံးများ တုံးပါ)

Read more

New Year & Christmas ကင်နည်း-၃၂မျိုး

New Year & Christmas ကင်နည်း-၃၂မျိုး

ပျော်ရွှင်စရာ ခရစ်စမတ်နှင့် ပျော်ရွှင်စရာ နှစ်ကူးဖြစ်ပါစေလို့ Wutyee Food House မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ခရစ်စမတ် နှင့် New Year မှာ မိသားစုတွေနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေ စုပြီ အကင်တွေ လုပ်စားနိုင်ဖို့။ ကင်နည်း ၃၂မျိုးကို စုစည်း တင်ဆက်ပေးလိုက်ရပါတယ်.. ထို့ပြင် အကင် နှင့် တွဲဖက် စားသုံးဖို့ ထမင်းကြော်၊ ၀က်သားဒုတ်ဒိုး၊ ခေါက်ဆွဲကြော် လုပ်နည်းတွေပါ ထည့်သွင်းထားပါတယ်။

Read more

ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့

ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့

တရုတ်စတိုင် ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့ ဟင်းပါ။ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်အဆင့်ကိုပါ သေသေချာချာ ဓာတ်ပုံနဲ့ တကွ တင်ပေးထားတဲ့ အတွက် ချက်ပြုတ်ရမှာ လွယ်ကူမှာ ဖြစ်ပါတယ်။ အရသာကတော့ ကောင်းလား မမေးနဲ့ ချက်ကြည့်လိုက်ပါ၊ ကြိုက်သွားမှာ သေချာပါတယ်နော်…

ကြက်တောင်ပံ အစာသွပ် ပါဝင်သောပစ္စည်းများ

  • ကြက်တောင်ပံ – ၁၀ခု
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)

Read more