ဟမ်၊ ချိစ် ဆမ်ဝေ့

ဟမ်၊ ချိစ် ဆမ်ဝေ့

Sandwich_Quail10

Croque Madames လို့ခေါ်တဲ့ ပြင်သစ်စတိုင် မနက်စာ၊ အဆာပြေ လုပ်စားနိုင်ဖို့ အတွက် ဟမ်၊ ချိစ် ဆမ်ဝေ့ပါ။ ဆမ်ဝေ့မှာ ဟမ်၊ ချိစ် အပြင် White sauce လေးပါဝင်တာမို့ အရသာ ချိုစိမ့်ပြီ ထူးခြား ကောင်းမွန်ပါတယ်။ ထို့ပြင် ငုန်းဥကြော်လေးနဲ့မို့ တကယ်ကို ပြီပြည့်စုံတဲ့ မနက်စာလေးတစ်မျိုးပါ။

ဆမ်ဝေ့မှာ ပါဝင်ပစ္စည်များ

  • ပါမုန့် – ၆ချပ်
  • ထောပတ် – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဟမ် – ၃ပြား

  • Mustard
  • ငုန်းဥ – ၁၂လုံး
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

White Sauce တွင် ပါဝင်ပစ္စည်းများ

  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဂျုံမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • နွားနို့ – ခွက်တ၀က် (၁၀၀မီလီလီတာ)
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဇာဒီပ္ဖိုလ်သီး (Nutmeg) – ၁ခု (ခြစ်တံဖြင့် ခြစ်ထည့်ပေးပါ)

White Sauce ချက်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ထောပတ်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပါ့မယ်။

၂။ ပြီလျှင် ဂျုံမှုန့် (စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီ Roux ထိုးပေးမည်။ (ဂျုံနဲ့ထောပတ် ရောချက်သည်ကို Roux ထိုးသည်ဟု ခေါ်ပါသည်)

၃။ ပြီနောက် နွားနို့(ခွက်တ၀က်) ထည့်ပြီ ဆူအောင် တည်ထားပေးပါ။

၎။ ဆူလာလျှင် မွှေတံဖြင့် white sauce ပျစ်လာသည်အထိ တည်ထားရမှာပါ။

၅။ ပြီမှ ဆား၊ Nutmeg ခြစ်တံဖြင့် ခြစ်ထည့်ပေးပြီ မီးပိတ်လိုက်ပါ။

Sandwich_Quail1

ဆမ်ဝေ့လုပ်နည်း

၁။ အရင်ဆုံး ပါမုန့်ကို ထောပတ် နှစ်ဖက်လုံးစီ သုပ်ပေးပါ။

၂။ ပြီနောက် ဒယ်ကို အပူပေးပြီ ပူလာလျှင် ပါမုန့်များ အရောင်ရသည်အထိ မိနစ်ဝက်ခန့် ကင်ပေးပါ။

၃။ ပါမုန့်မီးကင်ရပြီဆိုလျှင် အပေါ်မှ ဟမ်၊ ချိစ် တပြားစီ တင်လိုက်ပါ။ mustard (လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ) ဖြူးပါ။

Sandwich_Quail2

၎။ ပြီနောက် ပါမုန့်မီးကင် ၁ချပ်ကို အပေါ်မှအုပ်လိုက်ပါ။ ထိုပါမုန့်ပေါ်မှ white sauceကို ဆမ်းပေးပြီ ချိစ်၁ပြားတင်လိုက်ပါ။

Sandwich_Quail3

Sandwich_Quail4

၅။ ပြီနောက် Oven ထဲထည့်ပြီ ချိစ်များ အရည်ပျော်သည်အထိ ၁၈၀ဒီဂ၇ီဖြင့် ရမိနစ်ခန့် ကင်ပေးပါ။

၆။ ထို့နောက် ဆမ်ဝေ့ကို Oven ထဲမှ ပြန်ထုတ်ပြီ ဘေးသားများ လှီးကာ လေးပိုင်းပိုင်းလိုက်ပါ။

ရ။ ဆမ်ဝေ့ရပြီဆိုရင် ဒယ်ထဲ ဆီထည့်ကာ ငုန်းဥများကို ၃သုတ်ခွဲပြီ ကြော်ပေးပါ။ အပေါ်မှ ဆားနည်းနည်း ဖြူးပေးပါ။

၈။ ငုန်းဥကြော်လည်း ရပြီဆိုရင် ဆမ်ဝေ့ပေါ် ငုန်းဥကြော်များ တင်ပြီ အရသာရှိသော မနက်စာကို သုံးဆောင်နိုင်ပါပြီ…

Sandwich_Quail10

2 comments

  1. kim says:

    Kim ​တော့ ပိန်​ဦးမှာ မြင်​​ယောင်​​သေးတယ်​။ မဖြစ်​ဘူး စိတ်​ထိန်းထားမှဖြစ်​မယ်​။

  2. ကျေးဇူးပါဗျာ

Leave a Reply

Your email address will not be published. Required fields are marked *