ဗီယက်နမ်စတိုင် ၀က်သားကင်

ဗီယက်နမ်စတိုင် ၀က်သားကင်

Grilled_Honey_Pork4

ဗီယက်နမ်မှာ လူကြိုက်များတဲ့ ၀က်သားကင် လုပ်နည်းပါ။ အဓိက ၀က်သားကင်ကို နုယ်ဖို့ ငါးငံပြာရည်၊ ပျားရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ စပါးလင်က အဓိက ကျပါတယ်။ တချို့ကလည်း ၀က်သားကင်နဲ့ အသုတ်အနေနဲ့လည်း မုန်လာဥနီ၊ သခွာသီး၊ ပဲပင်ပေါက်တို့နဲ့ သုံးဆောင်လို့ရပါတယ်။ ၀တ်ရည်ကတော့ ၀က်သားကင်ကို ဆော့ရယ်၊ ဆလတ်ရွက်လေးနဲ့ ထုပ်ပြီ သုံးဆောင်ပါတယ်။ အရသာက ချိုစိမ့်ပြီ အရမ်းစားကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်မိုခိုသား – ၃၅၀ ဂရမ် (အရှည် ၂လက်မခွဲအရွယ် အရွယ် အပါးအစောင်းလှီးပါ)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း

  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပျားရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • စပါးလင် – ၁ခု (အဖြူပိုင်းကို ပါးပါးလှီပြီ ညက်အောင်ထောင်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ညက်အောင် ထောင်းပါ)
  • နှမ်းဆီ – စားပွဲတင်ဇွန်း တ၀က်
  • ဆလတ်ရွက် – တွဲဖက်သုံးဆောင်ရန်
  • မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက်ထောင်းပါ)
  • ကြက်သွန်မြိတ် – အလှဆင်ရန် (အပါးအစောင်းလှီးပါ)

ဆော့တွင် ပါဝင်ပစ္စည်းများ

  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)
  • သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း

ကင်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးထဲ (၀က်သား၊ ငံပြာရည်၊ ပဲငံပြာရည်၊ သကြား၊ ပျားရည်၊ ငရုတ်ကောင်းမှုန့်၊ စပါးလင်၊ ကြက်သွန်ဖြူ၊ နှမ်းဆီ) တို့ကို ထည့်ပြီ သမအောင် ရောနုယ်လိုက်ပါ။

Grilled_Honey_Pork

၂။ ပြီလျှင် ၀ါးတုတ်(သို့)စတီတုတ်ဖြင့် ၀က်သားများကို သီပေးပြီ အနည်းဆုံး နာရီဝက်ခန့် နုပ်ထားပေးပါ။

Grilled_Honey_Pork0

၃။ ထို့နောက် မီးကင်ပြားဖြင့် ၀က်သားများ ကျက်သည်အထိ တဖက်ကို ၃မိနစ်နှုန်းဖြင့် ကင်ပေးပါ။

Grilled_Honey_Pork1

၎။ ပြီလျှင် ပန်းကန်ပြားထဲ ဆလတ်ရွက်ခင်းပြီ အပေါ်မှ ၀က်သားကင်များ တင်ပေးပါ။

Grilled_Honey_Pork2

၅။ ထို့နောက် ဆော့ရည်အတွက် ပါဝင်ပစ္စည်းများဖြစ်သော (ရှာလကာရည်၊ သကြား၊ ရေ၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သံပရာရည်) တို့ကို သကြား အရည်ပျော်သည်အထိ ရောမွှေပါ။

Grilled_Honey_Pork3

၆။ ထို့နောက် ဆော့ရည်များကို ၀က်သားကင်ပေါ်သို့ ဆမ်းပေးပြီ၊ အပေါ်မှ မြေပဲ၊ ကြက်သွန်မြိတ်များ ဖြူးပေးပါ။

ရ။ အရသာရှိသော ဗီယက်နမ်စတိုင် ၀က်သားကင်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

Grilled_Honey_Pork4

2 comments

  1. mawmaw says:

    thanks sis

  2. mar thi says:

    အရမ်းကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *