French Crepe ပန်ကိတ်

French Crepe ပန်ကိတ်

French_Crepe10

အရသာထူးခြားကောင်းမွန်တဲ့ ပြင်သစ်စတိုင် Crepe ပန်ကိတ် လုပ်နည်းပါ။ အားလပ်ရက်မှာ မိသားစုနဲ့ တူတူ ပျော်ပျော်ပါးပါး လုပ်စားနိုင်ဖို့အတွက်ပါ။ ပန်ကိတ်ထဲမှာ ဟမ်(သို့)ဘေကွန်၊ ချိစန်ရယ်၊ ကြက်ဥရယ်ထဲပြီ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပန်ကိတ်ရည်တွင် ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၄လုံး
  • ဂျုံမှုန့် – ၁ခွက်ခွဲ
  • နွားနို့ – ၃၀၀ မီလီလီတာ
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

အစာပလာ ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၄လုံး
  • ဟမ် – ၁၅ချပ် (ထပ်ခြမ်းခြမ်းထားပါ)
  • ချိစ် – ၁၂ ချပ် (ထပ်ခြမ်းခြမ်းထားပါ)
  • ပင်စိမ်း – စည်းဝက် (ခပ်ပါးပါးလှီးပါ)

ပန်ကိတ် ပြင်ဆင်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲမှာ (ကြက်ဥ ၄လုံး) ထည့်ပြီ နာနာလေး ခလောက်ပေးပါ။

French_Crepe

၂။ ပြီမှ ဂျုံမှုန့်၊ ဆားထည့်ပြီ ကြက်ဥနဲ့ ဂျုံမှုန့် ရောမွှေ ရောမွှေပါ။

French_Crepe1

၃။ ပြီနောက် နွားနို့(၃၀၀ မီလီလီတာ) နည်းနည်းစီလောင်းထည့်ပေးပြီ ပန်ကိတ်အရည် ခပ်နာနာလေး ရောမွှေပါ။

French_Crepe2

၎။ ပန်ကိတ်အရည်ရပြီဆိုရင် ဒါကို ၁၅မိနစ်ခန့် ခဏနုပ်ထားလိုက်မယ်။

ပန်ကိတ် ပြုလုပ်နည်း

၁။ အရင်ဆုံး ပန်ကိတ်လုပ်မယ် Non-stick ဒယ်ပြားထဲကို ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ။

၂။ ပြီနောက် ဒယ်ပူလာလျှင် မီးလျှော့လိုက်ပြီ ပန်ကိတ်အရည် (ယောက်ချိုဇွန်း ၂ဇွန်း) ထည့်ပြီ ဒယ်ဘေးပတ်ပတ်ထိ ရောက်အောင် အ၀ိုင်းပြားပြုလုပ်ပေးရမှာပါ။

French_Crepe5

French_Crepe6

၃။ ပြီလျှင် ကြက်ဥတစ်လုံးကို ပန်ကိတ်အလယ်မှ ဖောက်ထည့်ပြီ ပန်ကိတ်ပတ်ပတ်လည်ထိ ပြန့်အောင် ဇွန်းပြားဖြင့် ဖြန့်ပေးပါ။

French_Crepe7

၎။ ထို့နောက် အစာပလာဖြစ်တဲ့ ချိစ်၃ပြား၊ ဟမ် ၄ပြားကို ပန်ကိတ်တခြမ်းမှ ခမ်းပေးပါ။

French_Crepe8

၅။ အပေါ်မှ ဆား၊ ပင်စိမ်း နည်းနည်း ဖြူးပေးပြီ ပန်ကိတ် တခြမ်းကို ခေါက်လိုက်ပါ။

၆။ ပန်ကိတ်တဖက် ကြွပ်သွားလျှင် နောက်တဖက်သို့လှန်ပေးပြီ မီးနည်းနည်းဖြင့် တည်ထားလိုက်ပါ။

French_Crepe9

ရ။ ချိစ်၊ ဟမ်လည်း ကျက်ပြီဆိုရင် ပန်ကိတ်ကို စဉ့်နီတုံးပေါ်တင်ပြီ ၄ပိုင်းပိုင်းလှီးပေးပါ။

၈။ ခုဆိုရင် အရသာရှိတဲ့ ပြစ်သစ်စတိုင် ပန်ကိတ်ကို သုံးဆောင်နိုင်ပါပြီ…

French_Crepe10

 

5 comments

  1. Thazin says:

    ဟမ်က ဘာလဲဟင် အစ်မ။ အသားပြားကိုပြောတာလား။

  2. khinsoeaung says:

    အရမ်းကြိုက်​ပါတယ်

  3. သန့်ဇင်စိုး says:

    ဂျုံမှုန့် – ၁ခွက်ခွဲ ကဘယ်ခွက်နဲ့လည်းဆိုတာ ပြောပြပေးပါလား

  4. S H H says:

    Arigatou:))

Leave a Reply

Your email address will not be published. Required fields are marked *