Gaint အမဲသားလုံး ပါစတာ

Gaint အမဲသားလုံး ပါစတာ

IMG_1829a

အနောက်တိုင်းစတိုင် အမဲသားလုံး ပါစတာ ခေါက်ဆွဲချက်နည်းလေးပါ။ အမဲသားကို ပန်းသီးအရွယ်အစား အလုံးကြီးများ ပြုလုပ်ပြီ ကင်ထားပြီမှ ပါစတာ ခ၇မ်းချဉ်သီးဆော့နဲ့ ပြန်ရောချက်ပေးထားတာမို့ အ၇သာက ပျော်ဖွယ်စရာမရှိအောင် အထူးကောင်းမွန်ပါတယ်။

ပါစတာတွင် ပါဝင်ပစ္စည်များ

  • ပါစတာ ခေါက်ဆွဲခြောက်ထုပ် – တ၀က် (၁၅၀ ဂရမ်)
  • ရေ – ၂လီတာ

  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • Parmansen ချိစ် – ၂ပြား (ဖြူးရန် ခြစ်တံခြစ်ထားပါ)
  • ပင်စိမ်း – စားပွဲတင်ဇွန်း ၂ဇွန်း စာ  (ပါးပါးလှီးပါ)

အမဲသားလုံး ပါဝင်ပစ္စည်းများ

  • အမဲသား– ၃၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ပါမုန့်ခြောက် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၃ပုံ၁ပုံ (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ချိစ် – စားပွဲတင်ဇွန်း ၂ဇွန်းစာ( ခြစ်တံဖြင့် ခြစ်ထားသော)
  • Oregano – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ဆော့အတွက် ပါဝင်သောပစ္စည်းများ

  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ခရမ်းချဉ်သီး အနှစ် (Tomato Paste) – စားပွဲတင်ဇွန်း ၄ဇွန်း
  • ခရမ်းချဉ်သီး – ၃လုံး (ပြုတ်ပြီ အစေ့ထုတ် အတုံးသေးလေးများ တုံးထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
  • သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် (အမဲ) – စားပွဲတင်ဇွန်း တ၀က် (ထောင်းပြီးသား အမှုန့်)
  • ဟင်းချက်ဝိုင်နီ (Red Wine) – စားပွဲတင်ဇွန်း ၃ဇွန်း
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • Oregano၊ Thyme – စားပွဲတင်ဇွန်း တ၀က်စီ (အနောက်တိုင်း ဟင်းခတ် အမွေးအကြိုင်)

ပြင်ဆင်နည်း

၁။ ဒယ်အိုးတစ်ခုထဲ ရေ(၂လီတာ) ထည့်ကာ ဆူအောင် တည်ထားပါ။

၂။ ပြီနောက် ရေဆူလာလျှင် သံလွင်ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ ပါစတာ ခေါက်ဆွဲများကို ၁၀မိနစ်မှ ၁၅မိနစ် ထိ ကျက်သည်အထိ ပြုတ်ပေးပါ။

၃။ ပါစတာခေါက်ဆွဲ ကျက်လျှင် ဇကာဖြင့် ပြန်စစ်ပေးပါ။

အမဲသားလုံး ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် (အမဲသား၊ ပါမုန့်ခြောက်၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချိစ်၊ oregano၊ ဆား၊ ကြက်သားမှုန့်) တို့ကို ရောနုယ်ပေးပါ။

၂။ ပြီမှ ရောနုယ်ထားသော အမဲသားများကို လက်ဖြင့် ထပ်ခြမ်းခြမ်းလိုက်ပြီ Gaint အမဲသားလုံး ၂လုံး ပြုလုပ်ပေးပါ။

၃။ ထို့နောက် Grill oven ထဲထည့်ပြီ မိနစ် ၂၀ခန့် ကင်ပေးပါ။

၎။ ကင်ပြီလျှင် အသားလုံးများကို oven ထဲမှ ပြန်ထုတ်ထားပါ။

၅။ ပြီလျှင် ခရမ်းချဉ်သီးဆော့ ချက်ပါမည်။

ခရမ်းချဉ်သီးဆော့ ချက်နည်း

၁။ ဒယ်ထဲ သံလွင်ဆီ (စားပွဲတင်ဇွန်း ၄ဇွန်း) ထည့် ကြက်သွန်ဖြူ ဆီသပ် ပေးပါ။

၂။ ပြီလျှင် ဂျုံမှုန့် (စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။

၃။ ပြမှ ၀ိုင်နီ၊ ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးအနှစ်၊ ဆား၊ သကြား၊ ရေ(ခွက်တ၀က်) တို့ကို ထည့်ပေးပါ။

၎။ ပြီမှ အပေါ်မှ oregano၊ thyme၊ ငရုတ်ကောင်းမှုန့်် တို့ကို ဖြူးပေးပါ။

၅။ ကင်ထားတဲ့ အမဲသားလုံးများကို ခရမ်းချဉ်သီးဆော့များကို နောက်ထပ် ၁မိနစ်ရောတည်ပေးပါ။

၆။ ထို့နောက် ပန်းကန်ထဲ ပါစတာ ခေါက်ဆွဲများ ခင်းပြီ အပေါ်မှ အမဲသားလုံး၊ ခရမ်းချဉ်သီးဆော့များ လောင်းထည့်ပေးပါ။

ရ။ အပေါ်ဆုံးမှ Parmensan ချိစ်၊ ပင်စိမ်း ဖြူးပေးပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

IMG_1829a

——————————————————————————————————————

One comment

  1. sandar aung says:

    ဟင်းချက်နည်းတွေကို အသေးစီတ် တင်ပေးတဲ.အတွက် ကျေးဇူးအများကြီးတင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *