Mario Bento ထမင်းဘူး

Mario Bento ထမင်းဘူး

Mario_Bento8

ဒါကတော့ သားသားမီးမီးတွေအတွက် ဂိမ်းဇာတ်ကောင် Mario ထမင်းဘူးလေး ပြုလုပ်ထားပါတယ်။ ထမင်းဘူးထဲမှာ ဂျပန်တို့ဟူးကင်၊ ရေညိုသုပ်၊ ကြက်အူချောင်းကြော်၊ ဂဏန်းချောင်းကြော်၊ ၀က်သားပြားကြော်၊ အစုံအလင်ထည့်သွင်းပေးထားပါတယ်။ ထမင်းစားပြီ သုံးဆောင်နိုင်အောင် ငပျောသီးလေးပါ ထည့်ထားပါတယ်။ စားချင်စဖွယ်ကောင်းတဲ့ Mario Bento ထမင်းဘူးလေးကို ခုပဲ တူတူလုပ်ကြည့်ရအောင်…

ထမင်းဘူးတွင် တခြားပါဝင်ပစ္စည်းများ

  • ·         ကြက်အူချောင်း – ၂ချောင်း (၁လက်မအရွယ်များ ပိုင်းဖြတ်ကြော်ပေးပြီ ရေညိုပတ်ထားပေးပါ)
  • ·         ဂဏန်းချောင်း – ၂ချောင်း (ဆီဖြင့် ကြော်ပေးထားပြီ ရေညိုရွက်ပတ်ပါ)
  • ·         ၀က်သားပြား – ၂ပြား (ဆီဖြင့် ကြော်ထားပြီ ရေညိုရွက် ပတ်ပါ)
  • ·         ရေညိုသုပ် – ၁ခွက်စာ (ရေညိုခြောက်ကိုေ၇စိမ်ပြီ နှမ်းဆီ၊ ပဲငံပြာရည်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ရှာလကာရည်(စားပွဲတင်ဇွန်း တ၀က်)၊ သကြား(လက်ဖက်ရည်ဇွန်း တ၀က်) တို့ဖြင့် ရောနုယ်ထားပါ)
  • ·         ငပျောသီး – ၁လုံး (ပါးပါးလှီးပါ)

Mario_Bento

ဂျပန် တို့ဟူးကင်တွင် ပါဝင်သောပစ္စည်းများ

  • ·         တို့ဟူး (သို့) ပဲပြား                 ♦ ၄တုံး
  • ·         လီမွန်ရည် [orange juice]              ♦ စားပွဲတင်ဇွန်း ၄ဇွန်း
  • ·         ပဲငံပြာရည်အကြည် [light soysauce]    ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ·         သကြား [sugar]                          ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ·         နှမ်းဆီ [sesaem oil]                    ♦ စားပွဲတင်ဇွန်း တ၀က်

တို့ဟူးကင်နည်း

၁။ တို့ဟူးကို နုပ်ထားရန် ဆော့ကို စလုပ်ပါမည်။ ဆော့အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (လီမွန်ရည်၊ ပဲငံပြာရည်၊ သကြား၊ နှမ်းဆီ) တို့အားလုံးကို ခွက်တစ်ခုထဲသို့ ရောထည့်လိုက်ပါ။

၂။ ပြီနောက် ဆော့ထည့်ထားသော ခွက်အတွင်းကို မွှေတံဖြင့် သမအောင် (သကြားများ ပျော်အောင်) အထိ မွှေပေးပါ။

၃။ ဆော့ရပြီဆိုလျှင် တို့ဟူးပန်းကန်ထဲသို့ ဆော့ရည်များကို လောင်းထည့်ပေးပြီ ၁နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။

Mario_Bento4

၎။ ပြီလျှင် ဒယ်ထဲ ဆီနည်းနည်းသုပ်ပြီ တို့ဟူးနှင့် ဆော့ရည်များ လောင်းထည့်ပြီ အရည်ခမ်းသည်အထိ တည်ထားရမှာ ဖြစ်ပါတယ်။

Mario_Bento5

၅။ အရည်ခမ်းခါနီးတွင် တို့ဟူးကို အတုံးလတ်များ တုံးပေးပြီ ဆော့ရည်ဖြင့် ရောနုယ်လိုက်ပြီ အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူးပေးပါ။

Mario_Bento6

 Mario ထမင်းပုံဖော်နည်း

၁။ ချက်ထားပြီသား ထမင်း(၁ခွက်)ကို ပလတ်စတစ် အကြည်ဖြင့် Mario ခေါင်းပုံ ဖော်ပေးရပါမည်။ ပုံဖော်ပြီလျှင် ပလတ်စတစ် အကြည်ဖယ်ပြီ ထမင်းဘူးထဲ ထည့်လိုက်ပါ။

Mario_Bento1

၂။ ပြီနောက် ချိစ်ကို မျက်လုံးပုံ အရှည်အ၀ိုင်း ပုံဖော်ပေးပါ။

၃။ ရေညိုရွက်ကို မျက်စံ၊ နှုတ်ခမ်းမွှေး၊ မျက်ခုံးမွှေး၊ နှာသိုင်းမွှေး များ ပိုင်းဖြတ်ပါ။

၃။ ထို့နောက် ဦးထုပ်အတွက် ဂဏန်းချောင်း အနီပိုင်းများဖြင့် ပြုလုပ်ပေးပါ။

၎။ နှာခေါင်းအတွက် ထမင်းလုံး သေး၁လုံးကို ပြုလုပ်ပေးပါ။

၅။ M ပုံအတွက် ပြုတ်ထားတဲ့ ကြက်ဥနှင့် ဂဏန်းချောင်း အနီဖြင့် ပြုလုပ်ပေးပါ။

Mario_Bento2

Mario_Bento3

၆။ Mario ထမင်းပုံဖော်ပြီလျှင် ထမင်းဘူး အတွက် စပြင်ပါတော့မည်။

ထမင်းဘူး ပြုလုပ်နည်း

၁။ အရင်ဆုံး ထမင်းဘူးထဲ Mario ပုံဖော်ထားတဲ့ ထမင်း၊ တို့ဟူးကင်၊ ဂဏန်းချောင်း၊ ၀က်သားပြားကြော်၊ ကြက်အူချောင်းကြော်၊ ရေညိုသုပ်၊ ငပျော်သီး တို့ဖြင့် အလှဆင်ပေးပါ။

၂။ တကယ်ကို စားချင်စဖွယ်ကောင်းတဲ့ Mario ထမင်းဘူးကို ရရှိပါပြီ…

Mario_Bento8

4 comments

  1. jasmine says:

    စားရက်စရာမရှိပါ လှလွန်းလို့

  2. Kyawlwin says:

    Good
    ကျေးဇူး

  3. Su lei says:

    Sis Saba fish ကင်နည်းလေးပြောပြပါဦး

  4. မေသူ says:

    ညီမရေ လုပ်စားဖြစ်ပါတယ် အဆင်ပြေတယ် ရေးထားတာကပြည့်စုံတော့ကျေးဇုးပါညီမ ချစ်ဝတ်ရည်လေးရေ

Leave a Reply

Your email address will not be published. Required fields are marked *