Wutyee Gourmet Foods ဟင်းချက်နည်း အမျိုး (၁၀၀) စာအုပ်သစ်

Wutyee Gourmet Foods ဟင်းချက်နည်း အမျိုး (၁၀၀) စာအုပ်သစ်

WY_cooking book cover

Wutyee Gourmet Foods ဟင်းချက်နည်း အမျိုး (၁၀၀) စာအုပ်သစ် ထွက်ပြီ”

– ချစ်ခင် လေးစားရပါသော အန်တီ၊ အန်ကယ်၊ ညီအစ်မ၊ ညီအစ်ကိုတွေကို Wutyee Gourmet Foods ဟင်းချက်နည်း အမျိုး (၁၀၀) စာအုပ်သစ်ကို ၀တ်ရည်ရဲ့ ၄အုပ်မြှောက် စာအုပ်အဖြစ် ထပ်မံ ထုတ်ဝေလိုက်ပြီ ဖြစ်တဲ့အကြောင်းကို သတင်းကောင်း ပါးပါရစေ။

– ဟင်းချက်စာအုပ်အဖြစ် သိမ်းထားချင်တယ်၊ သူငယ်ချင်းတွေကို ဟင်းချက်စာအုပ် ကောင်းကောင်းလေး လက်ဆောင် ပေးချင်တယ်ဆိုရင်တော့ ”Wutyee Gourmet Foods ဟင်းချက်နည်း အမျိုး (၁၀၀) စာအုပ်” ကိုအားပေးကြပါနော်… <3

ဈေးနှုန်း – ၅၀၀၀ ကျပ်
ဟင်းချက်နည်း – ၁၀၀မျိုး
စာမျက်နှာ – ၁၃၂
ဝယ်ယူနိုင်သည့် နေရာ – စာအုပ်ဆိုင်တိုင်း၊ City Mart၊ Ocean Supermarket၊ Capital၊ Better Day Media Publication

စာအုပ်အကြောင်း

Wutyee Gourmet Foods ဟင်းချက် အစီအစဉ်သည် Skynet MNTV ရုပ်သံလိုင်းတွင် အောက်တိုဘာလ၊ ၂၀၁၅ခုနှစ် မှစပြီ ပြသခဲ့ရာ ခုဆိုရင် ၁နှစ်ပြည့်သွားပြီ ဖြစ်သည်။  ထိုကြောင့် Wutyee Gourmet Foods ဟင်းချက်အစီအစဉ်တွင် ပြသခဲ့ပြီသော ဟင်းချက်နည်းများကို စုစည်းကာ Wutyee Gourmet ဟင်းချက်စာအုပ်အား မချိုဝတ်ရည်၏ စတုတ္တမြှောက် စာအုပ်အဖြစ် ထုတ်လုပ်ခြင်း ဖြစ်ပါသည်။

Wutyee Gourmet Foods ဟင်းချက် စာအုပ်တွင် ‘ကြက်သား/ဘဲသားဟင်းလျာ ချက်နည်းများ’၊ ‘၀က်သားဟင်းလျာ ချက်နည်းများ’၊ ‘ပင်လယ်စာ ဟင်းလျာ ချက်နည်းများ’၊ ‘အမဲ/ဆတ်သား ဟင်းလျာ ချက်နည်းများ’၊ ‘ထမင်းချက်နည်းများ’၊ ‘ခေါက်ဆွဲ/ပါစတာ ချက်နည်း’များ အပြင် ‘အဆာပြေချက်နည်း’ ပေါင်း အမျိုး(၁၀၀) ပါဝင်တာလည်း ဖြစ်ပါသည်။

ချက်နည်းများအပြင် ချက်ပုံအဆင့်ဆင့်ကိုလည်း ပုံများနှင့်တကွ ဖော်ပြထားပါတယ်။ အရသာရှိသော ဟင်းလျာများကို ချက်ပြုတ်ရင်း ပျော်ရွှင်ချမ်းမြှေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါရစေ။

ချိုဝတ်ရည် (Wutyee Food House)

17634801_10155245818753112_8556055282510422954_n

17630033_10155245818968112_7721736105028824305_n

17626571_10155245819978112_8086627185588205693_n

17553778_10155245819823112_3109975836028900522_n

17634596_10155245820933112_4386504623907579208_n

17457386_10155245820828112_8330570494586778723_n

7 comments

  1. ဦးအောင်ကိုး says:

    သက်သတ်လွတ် ဟင်းလျာများသီးသန့် စာအုပ်တအုပ်လောက်ထုတ်စေလိုပါသည်။ အသားမစားသော သူများအနေနဲ့ ပိုမိုပြည့်စုံအဟာရဖြစ်စေမည့် ဟင်းလျာများချက်ပြုတ်နည်းကိုပါဖြည့်စွက်ထုတ်ဝေ လျှင်ပိုမိုပြည့်စုံပါလိမ့်မည်

  2. Ma Aye Mu says:

    Thank you wut yee for a new book publication. I will try to get from the places you mentioned. Take care, and wish you more successful life!

    Ma Aye Mu

  3. maung myint says:

    အမ အချိန် ၂ ပတ်ရလို့ ဟင်းချက်သင်တန်းတက်ချင်ပါတယ် ဆက်သွယ်ပေးပါ ဖုန်း၉၉၅၅၅၂၁၉၆၄

  4. Marita says:

    Hi there to all, for the reason that I am genuinely keen of reading
    this weblog’s post to be updated regularly. It carries good
    material.

  5. Sakmon says:

    Thank you so much sis

  6. Sakmon says:

    i want to buy MaMa Cooking book,because of we get study about every food in the world.MaMa product cooking book i have power for our country and our like that the cooking, good health MaMa,thank you so much

  7. Aung says:

    Her husband is supporting Myanmar Junta terrorist who is accountable for many lives of Myanmar citizens. Please think twice before ordering.

Leave a Reply

Your email address will not be published. Required fields are marked *