အီတလီစတိုင် စပါ(ဂ်)တီ

အီတလီစတိုင် Spaghetti စပါ(ဂ်)တီ (၂ယောက်စာ)

အီတလီစတိုင် စပါ(ဂ်)တီ လုပ်နည်းလေးပါ။ စပါ(ဂ်)တီခေါက်ဆွဲနဲ့ Bolognese ဆော့လို့ ခေါ်တဲ့ အမဲသားဆော့လေးနဲ့ တွဲဖက်စားသုံးရတာပါ။ စပါဂ်တီက အရသာကလည်း အထူးကောင်းမွန်ပြီ  အနံ့လေးကလည်း အနောက်တိုင်း အမွှေးအကြိုင်အနံ့လေးနဲ့မို့ ထူးခြားနေပါတယ်။ ဒီချက်နည်းလေးက ခက်လည်း မခက်ပဲ၊ လူတိုင်း အလွယ်တကူ လုပ်စားနိုင်မှာမို့ စပါ(ဂ်)တီ ချစ်သူတွေ ကြိုက်နှစ်သက်မှာ ကြိမ်းသေပါပဲ။ ခုပဲ တူတူလုပ်စားလိုက်ရအောင်…

စပါဂ်တီတွင် ပါဝင်ပစ္စည်များ

  • စပါဂ်တီ ခေါက်ဆွဲထုပ် – တ၀က် (၁၅၀ ဂရမ်)
  • ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ရေ – ၂လီတာ
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • Parmansen ချိစ် – ၂ပြား (ဖြူးရန် ခြစ်တံခြစ်ထားပါ)

Bolognese ဆော့အတွက် ပါဝင်သောပစ္စည်းများ

  • အမဲသား (သို့) ၀က်သား – ၂၅ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ခရမ်းချဉ်သီး အနှစ် (Tomato Paste) – စားပွဲတင်ဇွန်း ၄ဇွန်း
  • ခရမ်းချဉ်သီး – ၃လုံး (ပြုတ်ပြီ အစေ့ထုတ် အတုံးသေးလေးများ တုံးထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
  • သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် (အမဲ) – စားပွဲတင်ဇွန်း တ၀က် (ထောင်းပြီးသား အမှုန့်)
  • ဟင်းချက်ဝိုင်နီ (Red Wine) – စားပွဲတင်ဇွန်း ၃ဇွန်း
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • Oregano၊ Thyme – စားပွဲတင်ဇွန်း တ၀က်စီ (အနောက်တိုင်း ဟင်းခတ် အမွေးအကြိုင်)

(City Mart Market Place တွင် Oregano, Thyme အမွှေးအကြိုင်များ ၀ယ်ယူနိုင်သည်)

 

ချက်ပြုတ်နည်း

၁။ အရင်ဆုံး Bolognese Sauce ကို အရင်ချက်ရပါ့မယ်။

၂။ ဒယ်ထဲ သံလွင်ဆီ (စားပွဲတင်ဇွန်း ၄ဇွန်း) ထည့် ကြက်သွန်ဖြူ၊ နီထည့်ဆီသပ် အညှိရောင်သန်းလာသည် အထိ မွှေပေးပြီ ငရုတ်သီးမှုန့်ထည့်ပေးပါ။

၃။ ပြီးလျှင် အမဲသား(သို့) ၀က်သား၊ ၀ိုင်နီ၊ ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးအနှစ်၊ ဆား၊ သကြားတို့ကို ထည့်ပေးပါ။

၎။ ထို့နောက် အမဲသားကျက်ရန် ရေတခွက်ထည့်၍ မီးသင့်တင့်တင့်ဖြင့် တည်ထားပေးပါ။

၅။ ရေနည်းနည်းကျန်လျှင် အပေါ်မှ oregano၊ thyme၊ ငရုတ်ကောင်းမှုန့်် တို့ကို ဖြူးပေးပါ။

၆။ Bolognese Sauce ကိုရပြီး ဆိုလျှင် စပါဂ်တီ ခေါက်ဆွဲကို ပြုတ်ပါမည်။ ပြုတ်ရန် ဒယ်အိုးတစ်ခုထဲ ရေ(၂လီတာ) ထည့်ကာ ဆူအောင် တည်ထားပါ။

ရ။ ပြီနောက် ရေဆူလာလျှင် သံလွင်ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ စပါဂ်တီခေါက်ဆွဲများကို ၁၀မိနစ်မှ ၁၅မိနစ် ထိ ကျက်သည်အထိ ပြုတ်ပေးပါ။

၈။ စပါဂ်တီခေါက်ဆွဲ ကျက်လျှင် ရေအေးပြန်စိမ် ပေးပြီ ဇကာဖြင့် ပြန်စစ်ပေးပါ။

၉ ။ မစားမှီ ဒယ်ထဲ ထောပတ်(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ) ထည့်ပြီ ဇကာ စစ်ထားသော စပါဂ်တီခေါက်ဆွဲ ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးက အနံ့ရော အရသာပါ ပိုမိုကောင်းမွန်သော စပါ(ဂ်)တီ ခေါက်ဆွဲကို ရရှိမှာပါ။

၁၀။ စပါဂ်တီ တစ်ပွဲစာ ပြင်ရန် ခေါက်ဆွဲ တ၀က်ကို ပန်းကန်ပြားထဲ ထည့်လိုက်ပါ။

၁၁။ Bolognese ဆော့ တ၀က်ကို ထည့်ကာ အပေါ်မှ ချိစ်များ ဖြူးပေးပြီ သုံးဆောင်နိုင်ပါပြီ…

———————————————————————————————————

 

36 comments

  1. Hmone Gyi says:

    looking very nice….yummy

  2. Fatty says:

    စားချင်သေးတယ် 😀

    • chowutyee says:

      ဟီးဟီး နောက်နေ့ကျ ကြက်သားနဲ့ လုပ်ပေးမယ် 🙂

  3. leo says:

    မွှေးနေတာပဲဗျာ…ဟီးးး

    • chowutyee says:

      မွှေးဆို အနောက်တိုင်းဟင်းခတ် အမွှေးအကြိုင် သုံးထားတာကို..း)

  4. Evy says:

    looks delicious! Well done Wut Yee.

  5. ငြိမ်းငြိမ်း says:

    ငါ့ညီမကအီတလီစာကြိုက်တာပဲ။ နောက်တစ်နည်းထပ်ပေးမယ်နော်။ရောမမြို့ ရဲ့ traditional plate ပါ။ Carbonara လို့ ခေါ်တယ်။ ကြက်ဥတစ်လုံးကိုပန်းကန်တစ်ခုထဲမှာခေါက်ထားပါ။ ဒယ်အိုးထဲဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူ ၁ မွှာထည့်မွှေပါ။ မီးအပူချိန်နည်းနည်းပဲထားပါ။ ပြီးရင်ဝက်ပေါင်ခြောက်အတုံးလေးတွေထည့် ကြော်ပါ။ ခဏပဲကြော်ပါ .အကြာကြီးကြော်ရင် အရမ်းငံသွားတတ်လို့ ။ ပြီးရင်ပြုတ်ထားတဲ့ spaghetti ကိုရောလိုက်ပါ။spaghetti ကပူနေဖို့လိုပါတယ်။ ပြီးရင်ခေါက်ထားတဲ့ကြက်ဥကိုရောမွှေလိုက်ပါ။ငရုတ်ကောင်းမှူန့်(အမည်း) နည်းနည်းထည့်ပါ။ ကြိုက်တတ်ရင် cheese အမှုန့်လေးတွေအပေါ်ကဖြူးပြီးစားပါ.
    spaghetti မကြိုက်တဲ့အမတောင် Carbonara ကိုကြိုက်တယ်။ လုပ်စားကြည့်ပါ..

  6. chowutyee says:

    မငြိမ်းရေ Carbonara စားလို့ကောင်းမယ့်ပုံပဲ လုပ်စားကြည့်အုန်းမှ.. ကျေးဇူးပဲနော်..း)

  7. တေားသား says:

    carbonara မှာ ၀က်ပေါင်ခြောက်နဲ.မလုပ်ရဘူးဗျို. bacon နဲ.ချက်ရတာပါ ။ ငရုပ်ကောင်းမှုန်.နဲ. cheese နဲ.ကြက်ဥ အနှစ် ကိုသေခြာစွာမွှေပေးရပါတယ် bacon ကို အနဲးငယ်ကြွတ်မှကောင်းတာပါ ။ bacon မှာနှစ်မျိုးရှိပါတယ် ပုံမှန် bacon နဲ. pancaumttar လို.ခေါ်တဲ. bacon တစ်မျိုးကိုအသုံးပြုရပါတယ် ။

    ဆရာလုပ်တာမဟုတ်ပါ ကျွန်တော် လက်ရှိ လုပ်နေတာ Italian food ကိုလုပ်နေတဲ. ပန်ကန်ဆေး ခွက်တိုက် ဟင်းချက်နေတဲ.တောသားပါ။

    • chowutyee says:

      Italian food ချက်တဲ့ နေရာမှာ တကယ် ဆရာကြီးပေါ့နော်.. ၀တ်ရည်ကတော့ မတတ်သခေါက်လောက်ပါပဲ… Carbonara သေချာပေါက်ချက်စား ပါမယ်.. ကျေးဇူးပဲနော်.. 🙂

  8. သိုးငယ် says:

    အနောက်တိုင်း ဟင်းခတ်အမွေးအကြိုင်ဆိုတာ ဘာတွေကိုပြောတာလဲ အစ်မ။

    • chowutyee says:

      အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင် ဆိုတာ Oregano, Thyme, Rosemary, etc… ကိုပြောတာပါ။ အနောက်တိုင်းဟင်းတွေ ချက်ရင် အသုံးများတဲ့ အမွှေးကြိုင်တွေပါ။ 😉

  9. phyo pa pa says:

    bacon ဆိုတာ ဘာလည်းဟင် ဒီကလည်း စပါဂတီ အရမ်းကြိုက်ပါသည်။ သို့သော် မလုပ်တတ်ပါ

  10. phyo pa pa says:

    bacon ဆိုတာ ဘာလည်းဟင် ဒီကလည်း စပါဂတီ အရမ်းကြိုက်ပါသည်။ သို့သော် မလုပ်တတ်ပါ
    pancaumttar

    • chowutyee says:

      Bacon ဆိုတာ ၀က်ပေါင်ခြောက်ကို ပြောတာပါ။ စပါဂတီက သိပ်မခက်ပါဘူး။ လုပ်စားကြည့်ပါ… 😀

  11. Steve says:

    We add parsley, garlic powder and Tabasco pepper sauce as toppings as well in Japan. But yours is also perfect.

  12. […] အီတလီစတိုင် စပါ(ဂ်)တီ […]

  13. si han says:

    စာချင်လိုက်တာ

  14. Someone says:

    အမ ကျေးဇူးတင်ပါတယ်

  15. Chyuu Min D says:

    အရမ်းကြိုက်တာတွေ အများကြီးပဲ

  16. nananhuan says:

    အစားအစာ ချက်ပြုတ်တာကို
    တအားကြိုက်နှစ်သက်လို့ပါ

  17. Thiha says:

    Oregano ရော Thyme ရော City Mart မှာ ၀ယ်မရတော့လို့  မဆာလာပဲ ထည့်ပလိုက်တယ် 😛 ဟိဟိ .. အရသာကတော့ ရှယ်ပဲ ။။ တခြား အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင်လေးတွေ ပြောပြပါဦး .. ဈေးလဲ သင့်တော်ပီး လွယ်လွယ်ကူကူ ၀ယ်လို့ ရမယ့်ဟာမျိုးလေးတွေ ..

    Thanks for recipe 🙂

    • admin says:

      မဆလာ… သေဂေါ 😛 oregano နဲ့ thyme ရှာမရရင် ပင်စိမ်းထည့်ချက်လို့ရတယ် bro… 🙂

  18. nyanwinhtet says:

    မဆလာနဲ့ ဆိုတော့
    ဘယ်လိုခေါ်ရမလဲ

  19. zawlatt says:

    carbonara ချက်တာ cream ပါသေးလားခင်ဗျာ

  20. ko hlaingwin says:

    thank you ပါဗျို့
    ဒီနေရာလာမိတာ အကျိုးရှိလိုက်တာ

  21. sandar moe tun says:

    ဘာချိစ်ထည့်ရမလဲညီမလေး

Leave a Reply

Your email address will not be published. Required fields are marked *