ကင်းမွန်တန်ပူရာ ရွရွလေး

ကင်းမွန်တန်ပူရာ ရွရွလေး


ပါဝင်သောပစ္စည်းများ

၁။ ကင်းမွန် – ၂၀ကျပ်သား

၂။ တန်ပူရာ အမှုန့် – ၉၀ ဂရမ်

၃။ ကော်မှုန့် – ၁၅ ဂရမ်

၎။ ဆိုဒါမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

၅။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်

၆။ ရှာလကာရည် – စားပွဲတင်ဇွန်း တ၀က်

၇။ ဆီ

ချက်ပြုတ်နည်း

၁။ ကင်းမွန်ကို သေချာအောင် ဆေးကြော်ပါ။ အပေါ်မှ အခွံများ၊ အညှီအချွဲအားလုံးကို ဖယ်ရှားပေးပါ။

၂။ ပြီးမှ ကင်းမွန်ကို လက်သန်းအရွယ် အရှည်လေးများ လှီးပေးပါ။

၃။ ပြီးလျှင် ကင်းမွန်ကို ရှာလကာရည် စားပွဲတင်ဇွန်း တ၀က်ထည့် ပြီး အနံ့ပျောက်အောင် နုပ်ထားပေးပါ။

၎။ မကြော်မီ နာရီဝက်အလိုတွင် ခွက်တစ်ခုထဲ တန်ပူရာအမှုန့်၊ ကော်မှုန့်၊ ဆိုဒါမှုန့်၊ ဆား၊ ရေတစ်ခွက်ခန့်ထည့်ပြီး မပျစ်မကျဲ အနေထားရောက်အောင် ဖျော်ပေးပါ။

၅။ ဖျော်ခါနီးမှ မှုန့်နှစ်ခွက်ထဲသို့ ကင်ပွန်းများကို ရောမွှေပေးပါ။

၆။ ထို့နောက် ဒယ်ထဲဆီ များများထည့်ပြီး ဆီပူလာလျှင် မုန့်နှစ်စိမ်ထားသော ကင်ပွန်းများကို ခွဲပြီး အညှိရောင်သန်းလာသည် အထိကြော်ပေးပါ။

၇။ ကြော်ပြီးလျှင် ဆီစုတ်စက္ကူခံထားသော ပန်းကန်ပြားထဲသို့ ကင်းမွန်တန်ပူရာ ကြော်များကို ဇကာဖြင့် ဆယ်၍ထည့်ပေးပါ။

၈။ ကင်းမွန်းတန်ပူရာ ကြွပ်ကြွပ်ရွရွလေးများကို ကြိုက်နှစ်သက်ရာ ဆော့နှင့်တွဲစားသုံးနိုင်ပါပြီး…

5 comments

  1. leo says:

    အမြည်းအနေ တပွဲ စွဲသွားတယ်။း)

    • chowutyee says:

      အများကြီးကြော်ထားတာ စားချင်သလောက် စားသွားပါရှင်း)

  2. Hmone Gyi says:

    i really love that food..will try for sure 😉

    • chowutyee says:

      ကိုယ်ကြော်ပြီးရင် ပြန်ပြောအုန်းနော်… 😉

  3. May Thu Khine Soe says:

    တန်ပူရာ အမှုန့် ka a kyawမှုန့် ko pyaw tar lar?a ma

Leave a Reply

Your email address will not be published. Required fields are marked *