ထိုင်းငါးခူမွကြော်သုပ်

ထိုင်းငါးခူမွကြော်သုပ်

ထိုင်းငါးခူမွကြော်သုပ်ကို မြန်မာပြည်က ထိုင်းစားသောက်ဆိုင်တွင်မှာ မှာယူစားသောက်နိုင်သလို လူကြိုက်များတဲ့ ထိုင်းအသုပ်တစ်ခုပါ။ ကိုယ်တိုင်လည်း အိမ်မှာ ချက်စားနိုင်စေရန် တင်လိုက်ခြင်းဖြစ်ပါတယ်…..

ပါဝင်သောပစ္စည်းများ

၁။ ငါးခူ – ၆၀ကျပ်သား (မီးကင်ပေးပါ)

၂။ သီဟိုစေ့ – စားပွဲတင်ဇွန်း ၄ဇွန်း

၃။ သရက်သီးစိမ်း (အချဉ်) – ၁လုံး (ပေါက်ပေးပါ)

၎။ ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပေးပါ)

၅။ ကြက်သွန်မြိတ် – ၂စည်း (ပါးပါးလှီးပေးပါ)

၆။ ငရုတ်သီးစိမ်း – ၄ခု (ပါးပါးလှီးပေးပါ)

ဆော့တွင် ပါဝင်သောပစ္စည်းများ

၁။ သကြား – စားပွဲတင်ဇွန်း ၂ဇွန်း

၂။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း

၃။ သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း

ဆော့ပြုလုပ်နည်း

၁။ သကြား၊ ငါးငံပြာရည်၊ သံရာရည် အားလုံးကို ခွက်တစ်ခုထဲထည့် ရောမွှေလိုက်ပါ။

၂။ ပြီးလျှင် ဒယ်ထဲ ရောမွှေထားသော သကြား၊ ငါးငံပြာရည်၊ သံပရာ၇ည် တို့ကို မီးနည်းနည်းဖြင့် စက္ကန့်၂၀ခန့် တည်ထားပေးပါ။

၃။ ပြီးလျှင် ဆော့အရည်ကို  ခွက်တစ်ခုထဲထည့်ထားပေးပါ။

ချက်ပြုတ်နည်း

၁။ ငါးခူကို မီးကင်ပေးပြီး ခဏအခြောက်ခံထားပါ။

၂။ ပြီးမှ ငါးခူအရေခွံကို ဖယ်ပြီး အသားများကို ခရင်းဖြင့် မွ၍နွင်းပေးပါ။ အရိုးမပါပါစေနှင့်။

၃။ မွထားသော ငါးခူများကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ရောမွှေပေးပါ။

၎။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်ပြီး မွထားသော ငါးခူများကို နည်းနည်းစီခွဲပြီး ၄ခါ အညှိရောင်သန်းလာသည် အထိ ကြော်ပေးပါ။

၅။ ကြော်ပြီးလျှင် ဇကာဖြင့် ဆီပြန်စစ်ထားပေးပြီး ပန်းကန်ပြားတစ်ခုထဲ ထည့်ထားပေးပါ။

၆။ ပြီးလျှင် သီဟိုစေ့များကို ဒယ်ထဲ ထည့်ပြီး အညှိရောင်သန်းလာသည် အထိကြော်ပေးပါ။

၇။ ကြော်ပြီးလျှင် ပန်းကန်တစ်ခုထဲသို့ ကြော်ထားသော ငါးခူ၊ သီဟိုစေ့၊ (ပေါက်ထားသော) သရက်သီး၊ (ပါးပါးလှီးထားသော) ကြက်သွန်နီ၊ (ပါးပါးလှီးထားသော) ငရုတ်သီးစိမ်း၊ (ပါးပါးလှီးထားသော) ကြက်သွန်မြိတ် ထည့်ပါ။

၈။ ထို့နောက် အပေါ်မှ ဆော့အရည်ကို ဆမ်းပေးပြီး အားလုံးကို ရောမွှေလိုက်ပါ။

၉။ ထိုင်းစတိုင် ငါးခူမွကြော်သုပ်ကို မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီး….

36 comments

  1. တေားသား says:

    ကျွန်တော် Italian Food ချက်တဲ.ဆရာကြီးမဟုတ်ရပါဘူးဗျာ ပညာသင်နေတဲ.အဆင်.ပါ ဟင်းတွေပတ်သက်လာရင် ဘယ်လိုအစားစာမျိုးကိုမဆို လေ.လာပါတယ် အခုလို ဟင်းတွေကိုဘယ်လိုချက်ရမယ် ဘာတွေပါဝင်တယ် ချက်ပြုတ်ချိန် ဘယ်လောက်တော.ကြာမယ် ဆိုတာတွေကို လေလာနေတဲ. ပညာရှာနေတဲ.တေားသားပါ ။ အတန်းပညာ ကိုမသင်ခဲ.ရလို. ၅ တန်းနဲ.ကျောင်းထွက်ခဲ.ရပြီး အတတ်ပညာရှာတဲ.အချိန်မှာ Chef တစ်ယောက်ဖြစ်ခြင်လို. အစားအစာမျိုးစုံကို လေ.လာနေတဲ.သူပါ ။ အမှားပါခဲ.ရင်လဲး တောင်းပန်ပါတယ် ။ နိုင်ငံများစွာရဲ. အစားစာတွေကတော. ၀ါသနာပါသူတွေအတွက်လေ.လာသင်.တဲ.နေရာလေးတစ်ခုမလို. အခုလိုဝင်ရောက်လေ.လာတာပါ ။ အချိန်ရရင်တော.နေတိုင်းလာဖတ်ပါမယ် ။ တင်သမျှ ရေးသမျှတွေကို မှတ်သားထားမှာပါ ။ ဆရာကြီးလဲးမဟုတ်ရပါ ဆရာလေးလဲးမဟုတ်ပါ ပညာသင်လေးပါ ပန်ကန်ဆေးလေးပါ ။

    • chowutyee says:

      ဘယ်လိုပဲဖြစ်ဖြစ်ပါလေ.. ခုလို လာအားပေးလို့ အရမ်းကျေးဇူးတင်ပါတယ်နော်… 🙂

  2. leo says:

    ဆရာ..အဲ့ဂလို မပြောရဘူးလေ..
    မ၀တ်ရည်..ဆောရီးဗျာ..ကျွန်တော့် ဆရာက နည်းနည်း ဟိုဒင်း…. ဖြစ်နေလို့..ဟီးးး
    စကားပြော မတတ်တဲ့ ကျွန်တော့်ဆရာလေးကို ခွင့်လွှတ်ပေးပါဗျာ။

  3. ဒီမှာ ငါးခူမတွေ့ဘူးဟ.. မြန်မာဆိုင်မှာတော့ ရှိတယ်.. ရေခဲရိုက်ထားတား(

    • chowutyee says:

      နေခြည် ငါးခူမရရင် ငါးကြင်းနဲ့ လုပ်ကြည့်ပါ့လား.. ငါတော့ ငါးကြင်းနဲ့ မလုပ်ဖူးဘူး.. ဒါပေမယ့် ငါးကြင်းနဲ့ဆို အသားပိုများများရမယ်၊ အရသာလည်း သိပ်မကွာဘူးထင်တယ်.. 🙂

  4. hmone says:

    it is really my favourite dishes…..yummy

  5. Moe Thaike says:

    ဒီဆိုဒ်လေးကိုအခုမှမျက်စိလည်ရောက်လာတာ၊ အတော်စုံတဲ့ဆိုဒ်လေးဘဲ၊
    အရမ်းကြိုက်သွားပြီ။ ညီမလေးကရုပ်ကလဲချော၊ အချက်အပြုတ်လဲတော်လိုက်တာ။
    အမတို့ကအရှေ့တိုင်းအစားစာပိုကြိုက်တယ်၊ ချက်နည်းတွေထပ်တင်ပါအုံး။ အားပေးနေတယ်နော်။ညီမလေးနည်းတွေအတိုင်းချက်ကြည့်ရအုံးမယ်။

    • chowutyee says:

      ကျေးဇူးပါပဲ မမိုးရယ်… မမိုးမြှောက်ပြောလို့ ဘယ်လိုနေရမှန်းတောင် မသိတော့ဘူး.. ဟီးဟီး… နောက်လည်း ချက်နည်းတွေ တိုးတိုးတင်ဖို့ရှိပါတယ်.. အမြဲလည်း လာပြီး အားပေးပါအုန်းနော်…း)

  6. ThiThiAung says:

    အမရေ အခုနည်းကို ကြိုက်ပါတယ် တစ်ခုလောက်သိချင်လို့ပါ သရက်သီးမရှိရင် ဘာနဲ့လုပ်ရမလည်းသိချင်လို့ပါ
    ကျေးဇူးတင်ပါတယ်။

    • chowutyee says:

      သီသီအောင်ရေ သရက်သီးမပါလည်း ငါးခူမွကြော်သုတ်စားလို့ ကောင်းပါတယ်… သရက်သီးပါတော့ ငါးခူမွကြော်သုတ်က ပိုများတယ် ထင်ရတာပေါ့၊ ပိုလည်း စားကောင်းတာပေါ့လေ။ မထည့်လည်း ရပါတယ်.. 🙂

  7. ThiThiAung says:

    အမရေထပ်မေးရအုံးမယ် ငါးကိုအစိမ်းကင်ရမှာလား ပြုတ်ပြီးမှကင်ရမှာလားဆိုတာလေးပါထပ်သိချင်လို့နော်

    • chowutyee says:

      ငါးခူးကို အစိမ်းကင်တာပါ… ကျက်သွားမှ အသားနွင်းရတာပါ… 😉

  8. THITHIAUNG says:

    အခုလိုပြောပြတာကျေးဇူးတင်ပါတယ်အမ နောက်သိချင်တာလေးတွေရှိရင်မေးမယ်နော်

  9. Mein Mein says:

    What kind of sauce do we need to use?

    • chowutyee says:

      Mein Mein ရေဆော့ ချက်နည်း အပေါ်မှာ ရေးထားပါတယ်… ဆော့ အရင်ချက်ပြီမှ ငါးခူမွကြော်အတွက် ပြင်ဆင်ရမှာပါ… အောက်မှာ ပြန်ကူရေးပေးလိုက်ပါတယ်နော်

      ဆော့ပြုလုပ်နည်း

      ၁။ သကြား(စားပွဲတင်ဇွန်း ၂ဇွန်း)၊ ငါးငံပြာရည်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ သံရာရည်(စားပွဲတင်ဇွန်း ၄ဇွန်း) အားလုံးကို ခွက်တစ်ခုထဲထည့် ရောမွှေလိုက်ပါ။

      ၂။ ပြီးလျှင် ဒယ်ထဲ ရောမွှေထားသော သကြား၊ ငါးငံပြာရည်၊ သံပရာ၇ည် တို့ကို မီးနည်းနည်းဖြင့် စက္ကန့်၂၀ခန့် တည်ထားပေးပါ။

      ၃။ ပြီးလျှင် ဆော့အရည်ကို ခွက်တစ်ခုထဲထည့်ထားပေးပါ။

  10. may aye says:

    ကျေးဇူးတင်တယ်နော်

  11. […] March 21, 2010 ထိုင်းငါးခူမွကြော်သုပ် […]

  12. ကျော်ဝေယံဖြိုး says:

    မဝတ်ရည်ရေ…..ငါးခူကို ovenနှင့်ကင်လို့ ရလား။ ရမယ်ဆိုရင် ကြာချိန်နှင့် အပူချိန်လေး ပြောပြပေးပါ။

    • admin says:

      oven နဲ့ကင်ဖို့ မလိုပါဘူး။ အကယ်၍ မကင်ချင်ရင်တောင် ပေါင်းအိုးနဲ့ ပေါင်းပြီ အသားနွင်းလို့ ရရင်ရပါပြီ…

  13. […] ထိုင်းငါးခူမွကြော်သုပ် […]

  14. PHOE PYAE says:

    thank u sis….

  15. nini says:

    ညီမရေသရက်သီးစိမ်းမရှိရင် သရက်ချဉ်ထည့်လို့ ရမလားဟင်

    • admin says:

      ဟုတ် ထည့်လို့ရပါတယ်..၊ တချို့လည်း ပန်းသီးစိမ်းကို ထည့်တယ်..

  16. nweni says:

    ကျေးဇူးတင်ပါတယ်

  17. si han says:

    ငါးခူမွကြော်သိပ်ကြိုက်တယ်လုပ်စားကြည့်အုံးမယ်ကျေးဇူးပါနောက်လဲဟင်းချက်နည်းလေးတွေဆက်တင်အုံးနော်ဝါသနာပါတယ်

    • admin says:

      ဟုတ်ကဲ့ တင်ပေးပါ့မယ်.. လုပ်စားကြည့်ပါနော်…

  18. ma khin oo says:

    တစ်​ဦးနဲ့တစ်​ဦးချက်​နည်း​လေး​တွေမတူကွဲပြားကြတာကိုစိတ်​ဝင်​စားဖို့​ကောင်းလို့..​လေ့လာရင်းသင်​ယူ​နေတုန်းပါ..

  19. zayar says:

    အမ ငါးခူကိုမကင်​ဘဲနဲ့ပြုတ်​ရင်​​ကော်​ရမလား​မေးကြည့်​တာပါ

  20. poe poe says:

    အမရေ ငါးခူကို ကင်ပြီး နွှာတော့အသားတွေကပ်နေတယ်…အဲဒါကြော်လိုက်တော့ မွမွလေးမဖြစ်တော့ဘဲ ကပ်သွားလို့…ဘယ်လိုလုပ်ရမလဲအမ

Leave a Reply

Your email address will not be published. Required fields are marked *