ဝက်သား ပေါက်စီ အိအိလေး
ဝက်သား ပေါက်စီ (၇လုံးစာ)
ဝတ်ရည် ကြက်သားကင် ပေါက်စီလုပ်နည်းတော့ တင်ဖူးတယ်။ ခု ၀က်သားပေါက်စီ စားချင်သူတွေအတွက် မနက်စာ ၀က်သားပေါက်စီ အိအိလေးပါ။
ပေါက်စီဒိုးတွင် ပါဝင်သော ပစ္စည်းများ (CityMart ဆိုင်တွင် ၀ယ်ယူနိုင်ပါသည်)
၁။ ပေါက်စီလုပ်သည့် ဂျုံ (Low –gluten flour) – ၂၄၀ ဂရမ်
၂။ Double Action Baking Powder – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၃။ Instant Yeast – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
၎။ သကြား (Castor sugar) – စားပွဲတင်ဇွန်း ၂ဇွန်း
၅။ Shortening – စားပွဲတင်ဇွန်း ၁ဇွန်း
(မှတ်ချက်။      ။ Shortening ၀ယ်မရလျှင် ဟင်းရွက်ဆီကိုသုံးပါ)
၆။ ရေ – ရေတစ်ခွက်
အစာသွပ်တွင် ပါဝင်သောပစ္စည်းများ
၁။ ၀က်သား – ၃၀ကျပ်သား (အဆီမပါ) (နှုတ်နှုတ်ဆင်းပါ)
၂။ ကြက်သွန်နီ – ၂ဥ (နှုတ်နှုတ်ဆင်းပါ)
၃။ ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်ဆင်းပါ)
၎။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၇။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
၉။ Abalone ဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း (ထည့်ချင်က ထည့်နိုင်ပါသည်)
အစာသွပ် ချက်ပြုတ်နည်း
၁။ အစာသွပ်ရန် ပါဝင်သောပစ္စည်းများ (၀က်သား၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ Abalone ဆော့) အားလုံးကို ခွက်တစ်ခုထဲ ထည့်၍ သမအောင် ရောနုယ်လိုက်ပါ။
၂။ ပြီးလျှင် ဒယ်ထဲ ဆီ အနည်းငယ်ထည့်ပြီး ဆီပူလာလျှင် ရောနုယ်ထားသော အစာပလာများကို ဆီပူထိုးပေးပါ။
၃။ ၀က်သားနူးအိရန် ရေတစ်ခွက်ခန့် ထည့်ပေးပါ။
၎။ ရေမခန်းခင် ကော်မှုန့် (စားပွဲတင်ဇွန်း ၂ဇွန်း)ကို ရေဖြင့်ဖျော်ပြီး ထည့်ပေးပါ။
၅။ ပြီးလျှင် ပန်းကန်တစ်ခုထဲ အစာပလာများကို ထည့်ထားပေးပါ။
၆။ ထို့နောက် အစာပလာများကို ပေါက်စီရလုံးစာ အလုံးလေးများလုပ်လိုက်ပါ။
၇။ အစာသွပ် ချက်ပြီးလျှင် ဒိုးစလုပ်ရပါမည်။
ဒိုးလုပ်နည်း
၁။ ဒိုးလုပ်ရာတွင် ပါဝင်သော ပစ္စည်းအားလုံးကို ရောနုယ်လိုက်ပါ။ ဒိုးကို နာနာနုယ်ပေးပါ။ ဒိုးအနေထားသည်  ချောမွတ်သော အနေထားရောက်အောင် နုယ်ပေးပါ။
၂။ ပြီးလျှင် ဒိုးကို ထလိမ့်တုံးဖြင့် ၃လက်မခွဲ အရွယ်အ၀ိုင်းဖြစ်အောင် လိမ့်ပေးပါ။
၃။ ထို့နောက် အစာသွပ်၇မည့် အသားများကို အလုံးလုံး၍ ဒိုးပြားထဲထည့် ပေါက်စီပုံဖော်ပေးပါ။
၎။ ပေါက်စီပုံဖော်နည်း အပြည့်အစုံကို ကြက်သားကင်ပေါက်စီ  မှာ ကြည့်ပါ။ ၀တ်ရည် တစ်ယောက်ထဲ ပေါက်စီလုပ်ရတော့ သေချာ အဆင့်ဆင့် ဓာတ်ပုံမရိုက်လိုက်နိုင်လို့ပါ။
၎။ ပေါက်စီအောက်ပိုင်းကို ဆီအနည်းငယ်သုတ်ပြီး ပန်းကန်ပြားတစ်ခုထဲ ထည့်ထားပေးပါ။
၅။ ထိုနည်းအတိုင်း ကျန်ပေါက်စီ ၆လုံးကို ဆက်လုပ်ပါ။
၆။ ပေါက်စီ အရွယ် ၂ဆကြီးလာသည်အထိ ထားထားပေးပါ။
၇။ ပေါက်စီ ၂ဆကြီးလာလျှင် အပူခံ ပန်းကန်ပြားထဲထည့် ပေါင်းအိုးထဲ ၁၀မိနစ်ခန့်ထည့်ပေါင်းပေးပါ။
၈။ ၀က်သား ပေါက်စီ အိအိလေးကို စားသုံးနိုင်ပါပြီး။
44 comments
  1. Fatty says:
  2. DOJ says:
    Ee… shalut… 😛 I like paozi… samosa.. many more Indian and Chinese food… 555+++
    • chowutyee says:
  3. Hmone Gyi says:
    sar chin like tar naw…so hungry 🙁
  4. leo says:
    မန်းမြို့တော်ပေါက်စီ ကိုတောင် သတိရရဲ့ဗျာ..ဟီ..။ တလုံးမြည်းသွားတယ်နော်။း)
  5. လုလု says:
    ကောင်းလိုက်တာ။ မြန်မာပြည်က မန်းမြို့တော်ပေါက်ဆီတောင် လွမ်းသွားတယ်။ အရမ်းတော်တာပဲနော် ၀တ်ရည်က။
    ချစ်ခင်စွာဖြင့်
    လုလု
  6. jewel says:
    အစ်မေ၇ low gruten flour မှာတခြားနာမည်၇ှိသေးလား ၇ှာမတွေ.ဘူးဖြစ်နေလို.ပါ
    • chowutyee says:
      Jewel ရေ ပေါက်စီလုပ်တဲ့ ဂျုံလို့ မေးဝယ်ရင် ပိုလွယ်ပါတယ်။ ဂျုံထုပ်ရှေ့မှာ ပေါက်စီပုံပါရင် ၀ယ်လို့ ရပါတယ်… 🙂
  7. နိုင်လင်း says:
    Double Action Baking Powder က ဘာကိုပြောတာလဲ soda မှုန့်နဲ့အတူတူပဲလား မသိဘူး
    Shortening မရရင် ပဲဆီနဲ့ရောလုပ်လို့ရလားမဝတ်ရည် ပြောပြပေးပါနော်
    တစ်ကယ်လုပ်စားတော့မှာမို့ပါ
    • chowutyee says:
      နိုင်လင်းရေ၊ Double Action Baking Powder ဆိုတာ ပါမုန့်ဖုတ်ရင် သုံးတဲ့ Baking Powder ကိုပြောတာပါ။ ရိုးရိုး Baking Powder ကိုသုံးရင်လည်း ရပါတယ်။ Soda နဲ့တော့ မတူပါဘူး… Baking Powder ကို Supermarket တွေမှာ မေးပြီ အလွယ်တကူ ၀ယ်နိုင်ပါတယ်နော်…
      Shortening ရှာမရရင်၊ ဟင်းရွက်ဆီနဲ့ သုံးလို့ရပါတယ်.. 😛
  8. MoeGyi says:
    ဒီနေ့စမ်းကြည့်ဖြစ်တယ်။ မျက်စိမှိတ်ပြီးစားရင် ချွတ်စွတ်ဘဲ။ 😀 ပေါက်စီပုံစံမထုပ်တတ်တော့ ရုပ်ပျက်စင်းပျက်တွေဖြစ်ကုန်လို့။ haha
    • chowutyee says:
      ကိုမျိုးကြီးရေ စိတ်မပျက်သွားပါနဲ့။ အစပိုင်းက ၀တ်ရည်လည်း ဒီအတိုင်းပဲ ပုံပျက်သွားတာပါပဲ။ နောက်ပိုင်း စမ်းရင်နဲ့ အိုကေသွားတာပါ… 😀
  9. GraceChan says:
    ပေါက်စီလေး လုပ်စားဖြစ်တယ် …Baking Powder တော့မထည့်ြ့ဖစ်ဘူး ဆိုင်ကရောင်းပေးတဲ့ ပွဆေး ဆိုလားတော့ ထည့်ဖြစ်တယ် မ၀တ်ရည် လုပ်သလို မဖြစ်ဘူးဗျ… ပေါက်စီနည်းနည်းကျစ်သွားတယ် ပွမလားဘူး အစာသွပ်ပြီး 2နာရီလောက်မထားမိလို့ …:P
  10. naing says:
    ညီမလေးရေ နံပြားလုပ် ဂျုံ သုံးလို့ရမလား၊?
  11. ying says:
    စားချင်တာကြာပြီမစားရတာလည်းတော်တော့်ကိုကြာပြီ….ဝယ်စားတယ်ဒါပေမဲ့အကြိုက်မဟုတ်တော့…..အမြဲတန်းတမ်းတမိတယ်ခုတော့နည်းသီသွားပြီဆိုတော့လုပ်ကြည့်လိုက်ဦးမယ်ကျေူးဇုတင်လိုက်တာ…..လုပ်နည်းတင်ပေးလိုက်တဲ့အတွက်
  12. fkthet says:
    ပေါက်စီလုပ်ရင် shortening baking powder တို့ပါမှန်းမသိဘူး
    ရေးပေးတာကောင်းလိုက်တာ စမ်းကြည့်လိုက်ဦးမယ် တချို့က ကန့် ဖြတ်မှ ပေါက်စီက ဖြူတယ်ပြောကြတယ် ဟုတ်လားမသိဘူး
    တခြားဆိုက်တွေမှာဖတ်တာလည်း ညီမလေးလောက် စေ့စေ့စုံစုံမရှိဘူး
    ကျေးဇူးနော် စမ်းကြည့်လိုက်မယ် မနက်ဖန်တော့ အုန်းစိမ်းကျောက်ကျော စမ်းမယ်လေ
    အခု အာဂါးထွက်ဝယ်တာ အစိမ်းထုပ်ဖဲရတယ် အရင်လက်ဟောင်းတယ်လီဖုန်းတံဆိပ်ဆို ဘယ်လိုနေမလဲ ညီမ ဒီမှာ က လူရိုင်းလဲမရှိဘူး လူယဉ်ဘဲရှိတယ.် ဟိဟိ
    • chowutyee says:
      ပေါက်စီလုပ်တာ ကန့်ဖြတ်စရာ မလိုပါဘူး။ ဒီနည်းအတိုင်း လုပ်လည်း ပေါက်စီက ဖြူဖြူအိအိလေး ရပါတယ်။ အာဂါးကျောက်ကျောထက် တယ်လီဖုန်းတံဆိပ်က ပိုကောင်းတယ်။ လုပ်စားပြီရင် ၀တ်ရည်ကိုလည်း ကျွေးအုန်းနော်.. 🙂
  13. NWE says:
    အမေ၇ ပေါက်ဆီလုပ်နည်းလေးကိုမြန်မာလိုလေးေ၇းပေးပါ DOUBLE ACTION BAKING POWER ဘာလဲအမ INSTANT YEAST
  14. nwe says:
    မမေ၇နားမလည်ဘူး Instant yeast ဆိုတာဘာအမှုန့်လဲ တကယ်မသိတာပါမုန့်လဲတခါမှမလုပ်ဘူးလို့ပါ
  15. […] March 24, 2010 ၀က်သား ပေါက်စီ အိအိလေး […]
  16. yoe lay says:
    မ၀တ်ရည်ရေ..
    ပေါက်စီလုပ်စားချင်လို့ပါ.. ဒါပေမယ့် plain flour ၀ယ်လို့မရခဲ့လို့ပါ.. superlite flour ပဲ ၀ယ်ခဲ့ရပါတယ်.. super lite flour နဲ့လုပ်လို့ရလားသိချင်လို့ပါ.. ပီးတော့ အဲ့ဒါနဲ့ဆိုရင်ရော မ၀တ်ရည်ပြောတဲ့အချိုးအတိုင်းပဲသုံးရမလားဆိုတာလဲပြောပြပေးပါဦးနော်.. ကျေးဇူးတင်စွာဖြင့်
    • admin says:
      ပေါက်စီဂျုံက သာမန
      • yoe lay says:
        မ၀တ်ရည်ရေ.. အဲ့ဒီနေ့က super lite flour နဲ့ပဲလုပ်ကြည့်လိုက်တာ ပေါက်စီက မပွဘူးဖြစ်နေတယ် .. ဟီး … ပေါက်စီအဖြစ်လုံးပီးတော့ ၁ နာရီနဲ့ ၁၅ မိနစ်လောက်ထားပါတယ်.. ၂ဆမပွဘူး ပီးတော့ ပေါင်းလိုက်တော့ မာနေတယ် .. အစာကတော့ စားကောင်းတယ် .. အချိန်ဘယ်လောက်ထားရမယ်.. ဘယ်နေရာမှားနေလဲဆိုတာရယ် .. super lite flour နဲ့လုပ်ရင် yeast & baking powder အချိုးလေးပါ အဆင်ပြေရင်ပြောပြပေးပါဦးနော်..
        • yoe lay says:
          P.S : super lite flourက 1kg တောင်ဆိုတော့ ဘယ်လိုဖြေရှင်းရမှန်းမသိလို့ပါ @_@ 😛
        • admin says:
          ဂျုံနဲ့ မဆိုင်ဘူးထင်တယ် sis။ ၀တ်ရည် အရင်က ရိုးရိုးဂျုံနဲ့တောင် လုပ်ဖူးသေးတယ်။ ပွတာ မပွတာက Yeast ထည့်တာနဲ့ပဲ ဆိုင်တယ်။ Yeast ထည့်ပြီ ၂နာရီလောက်ထားရင် ပွကိုပွတယ်။ ဒါပေမယ့် တချို့ Yeast တွေက Expire ဖြစ်နေတာလို့၊ သို့မဟုတ်လည်း လေသလပ်ပြီ မကောင်းတော့တာလည်း ဖြစ်နိုင်တယ်။ Yeast အချိုးအစားက အပေါ်မှာ ရေးထားတဲ့အတိုင်းပဲ sis.. Plz try again.. Thanks
          • yoe lay says:
            sis , ကျေးဇူးတင်ပါတယ်…
            ဖြစ်နိုင်ပါတယ် .. လေသလပ်သွားလို့ထင်တယ် .. အဲ့နေ့က ၂ လုံးစာလေးပဲ လုပ်တာဆိုတော့ ပလတ်စတစ်လေးနဲ့ မအုပ်ဘဲ ပန်းကန်ပြားနဲ့အဖြစ်အုပ်လိုက်လို့ပါမယ်ထင်တယ် .. နောက်တစ်ခေါက် ထပ်လုပ်ပီး ပလပ်စတစ်နဲ့အုပ်လိုက်တော့ အိုခေသွားပါတယ်.. ကျေးဇူးတင်ပါတယ်နော်..
            • admin says:
              ဟုတ်တယ် sis.. ၀တ်ရည်လည်း ချက်နည်းထဲမှာ ရေးဖို့ ကျန်ခဲ့တာ။ ပလပ်စတစ် (သို့) ရေနည်းနည်းစိုစွတ်တဲ့ အ၀တ်နဲ့ အုပ်ထားရတယ်။ မဟုတ်ရင် လေသလပ်သွားရော .. 🙂
  17. shanghtin says:
    i really want to know how to make it 🙂 thanks
  18. ဝေမွန် says:
    အမရေ လုပ်စားဖြစ်တာ ၂ ခါရှိုပြီ ဒါပေမဲ့ ပေါက်စီက ပေါင်းတုန်းနွေးတုန်းခဏပဲ အိတာ ..အေးတော့ အပေါ်ယံတွေမာသွားရော.. အဲဒါဘာလို့ပါလိမ့်… ဂျုံနယ်တုန်းက ဆားထည့်လိုက်လို့များလား ..ပြီးတော့ ၂ ဆမပွဘူး.. တစ်ဆ ခွဲလောက်ပဲပွတယ်…ဘာလို့ပါလိမ့်.. အဖြေရှာပေးပါဦး…
    • admin says:
      ပေါက်စီက ပေါင်းပြီခြင်း အပြင်မှာထားထားရင် လေသလပ်ပြီ အပေါ်ယံမာသွားတတ်တယ် sis။ အဲဒါကြောင့် အ၀တ်သန့်ဖြင့် အုပ်ထားတာပဲ ဖြစ်ဖြစ်၊ စားခါနီး ပေါင်းအိုးနဲ့ ပြန်နွေးပေးပါ။ Double Action Baking Powder နဲ့ ရိုးရိုး baking powder နဲ့တော့ နည်းနည်းကွာတယ်။ ဒါပေမယ့် ပွရင် အဆင်ပြေပါတယ်.. sorry for late reply 🙂
  19. kyawthiha says:
    အရမ်းအရသာရှိမှာပဲ။
  20. po moe san says:
  21. min htet says:
    ရရင်​ ဘယ်​လိုလုပ်​ရတာလဲ
    သိချင်​လို့ပါ
  22. Thiri says:
    Thank you Wut Yee ! Let me try this one and wil post u the feedback !!
Leave a Reply
Your email address will not be published. Required fields are marked *