ထိုင်းစတိုင် ပဲကြာဇံသုတ်

ထိုင်းစတိုင် ပဲကြာဇံသုတ် (၂ယောက်စာ)

ပါဝင်သောပစ္စည်းများ

၁။ ပဲကြာဇံ – ၁စည်း (ရေနွေးဖျော်ထားပေးပြီး ဇကာဖြင့် ပြန်ဆယ်ထားပါ)

၂။ မီးနီ ပုဇွန် – အကောင်၂၀ (ဆားအနည်းငယ်ထည့်ပြီး လှော်ပေးပါ)

၃။ အားလူး – ၂လုံး (နူးအောင် ပြုတ်ပေးပြီး အရှည်လေးပြန်လှီးပေးပါ)

၎။ ခရမ်းချဉ်သီး – ၁လုံး ( အစေ့ထုတ်ပြီး အရှည်လှီးပေးပါ)

၅။ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၃ဇွန်း (ကျေညက်အောင် ထောင်းပေးပါ)

၆။ ငရုတ်သီးစိမ်း – ၁၀တောင့် (ကျေညက်အောင် ထောင်းပေးပါ)

၇။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်

၈။ နံနံပင် – တ၀က် ( ၅ပိုင်းပိုင်ပေးပါ)

၉။ ကြက်သွန်မြိတ် – ၁စည်း

၁၀။ သံပရာသီး – ၁လုံး (အကြီး)

၁၁။ မြေပဲ – စားပွဲတင်ဇွန်း တ၀က် (မညက်တညက်ထောင်းထားပေးပါ)

၁၂။ ပဲငံပြာရည် အကြည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

သုတ်နည်း

၁။ ရေနွေးဖျော်ပြီးသား ပဲကြာဇံကို ပန်းကန်ခွက် တစ်ခုထဲထည့်ပါ။

၂။ ပြီးလျှင် ထောင်းထားသော ငရုတ်သီးစိမ်းများကို ထည့်နုယ်ပေးပါ။

၃။ ဒယ်ထဲ ဆီ စားပွဲတင်ဇွန်း ၂ဇွန်းထည့်ပြီး ငရုတ်သီးမှုန့် ထည့် ငရုတ်သီးဆီသပ်ပေးပါ။

၎။ ထိုဆီသပ်ထားသော ငရုတ်သီးအနှစ်များကို ပဲကြာဇံသုပ်သော ခွက်ထဲထည့်ပေးပါ။

၎။ ပြီးနောက် လှော်ထားသော ပုဇွန်၊ ခရမ်းချဉ်သီး၊ အားလူး၊ ပုဇွန်ခြောက်၊ မြေပဲ တို့ကို ထည့်ရောမွှေပေးပါ။

၅။ အရသာ အပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ပဲငံပြာရည်၊ သံပရာသီး ၁လုံးကို ညှစ်ထည့်ပေးပါ။

၆။ ထို့နောက် အရသာ အနေတော်လျှင် အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်တို့ ဖြူးပေးပြီး အားလုံးကို ရောမွှေလိုက်ပါ။

၇။ ထိုင်းစတိုင် ပဲကြာဇံသုပ် စပ်စပ်လေးကို စားသုံးနိုင်ပါပြီး…

24 comments

  1. thant says:

    wutyee yay,thank a lot 4 all ur post.sometimes no idea what 2 cook..i come here n see it from u..u kn???that’s why,,,,,2mrow i going 2 made this,,,it’s my favourite .

  2. Hmone Gyi says:

    i never ate that one before but looking yummy so will try…

  3. kyel Zin says:

    that loooks yummy mama =] thx for sharing

  4. zaw says:

    ကြာဇံ သုပ်လေးက စားလို.တော.ကောင်းမှာသေခြာတယ် မြင်ရတာတောင် စားခြင်လာပြီ ။ ဘယ်လိုကြာဇံ နဲ.သုပ်ရမှာလဲး ဆန်ကြာဇံ နဲ.လား ပဲးကြာဇံ ခေါ် ဂျုံကြာဇံနဲ.လားဆိုတာလေးကိုပြောပါဦး ကျေးဇူးအထူးတင်ပျက် !!!!!!!!!!!!!

    • chowutyee says:

      ဇော်ရေ ပဲကြာဇံနဲ့ သုပ်ထားတာပါ။ ဆန်ကြာဇံက ကြာဇံကြော်တဲ့ အခါတွေမှာ သုံးပါတယ်… စားသွားပါအုန်းနော်။ စားလို့ကောင်းတယ်… 😉

  5. leo says:

    ပုဇွန်လေးတွေကို ပဲ ရွေးစားသွားတယ်နော်.. အဟီးးး.. ဗိုက်က ပြည့်နေလို့..း)

  6. zaw says:

    ဟိုလူတော်တော်ဆိုးတဲ.လူဗျာ !!!! ပုဇွန်လေးတွေစားသွားတော. ကျန်တဲ.လူတွေဘာစားမလဲး ဒါပေမဲ.လေ မ၀တ်ရည် ရဲ. ကျိုးစာမှု. ကိုလေးစားလို. ကျန်တာလေးတွေကို ပုဇွန်မပါလဲး စားသွားပါတယ် ။ ကောင်းတယ်ဗျာ နောက် နေ.တွေလဲး အသစ်တင်တိုင်း အားပေးနေမယ် ကျေးဇူးအထူးတင်ပါတယ် ။

  7. လုလု says:

    ညီမလေးဝတ်ရည်ရေ
    မမလု ထိုင်းပဲကြာဆံသုပ် လာအားပေးသွားတယ်နော်။
    အရမ်းကြိုက်တဲ့အသုပ်လေးပါနော်။
    ကျေးဇူးတင်ပါတယ် ညီမလေးရေ။
    ချစ်တဲ့
    မမလု

  8. mya says:

    ma wutyee
    i tried this one and i love love love it 🙂
    thanks for sharing. pls post more burmese salad (ah-thot).
    looking forward your new recipes !
    mya

  9. sweetie says:

    Ma. Thanks for sharing. What Chicken Powder you use in there?

  10. sweetie says:

    Ma. Thanks for sharing. What Chicken Powder you use in here?

  11. kham says:

    Bite taung sar lar p..
    Thank you ma wut yee.
    A ma ka a yan taw dar bal.

  12. winbohin says:

    ကျေးဇူးတင်ပါတယ်ခင်ဗျား

  13. khin san yee says:

    Dear Wutyee,
    Thank you for sharing.
    I am looking for this salad recipes.I will try
    Thanks,
    Aunty ksy

Leave a Reply

Your email address will not be published. Required fields are marked *