အားလူး ဆလတ်သုတ်
အားလူး ဆလတ်သုတ်
အနောက်တိုင်း အားလူးဆလတ်သုတ်က လူကြိုက်များတဲ့ နံမည်ကြီး အစားအစာတစ်ခုပါ။ လုပ်ရလွယ်ပြီး စားလို့လည်း အရမ်းတာမို့ မျှဝေလိုက်ပါတယ်…
အားလူး ဆလတ်သုတ်မှာ ပါဝင်သောပစ္စည်းများ
၁။ အားလူး – ၄လုံး ( နူးအိအောင် ပြုတ်ပေးပါ)
၂၊ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ)
၃။ မရိုနစ် – စားပွဲတင်ဇွန်း ၃ဇွန်း
၎။ White wine vinegar – စားပွဲတင်ဇွန်း ၁ဇွန်း
၅။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၆။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
၇။ ကြက်သွန်မြိတ် – ၁စည်း
၈။ သံလွင်ဆီ (Olive oil) – စားပွဲတင်ဇွန်း ၁ဇွန်း
၉။ ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်ဆင်းပါ)
၁၀။ ကြက်ဥ – ၁လုံး ( ကြက်အောင် ပြုတ်ပေးပါ ) (ထည့်ချင်က ထည့်နိုင်သည်)
ဆလတ်သုတ်နည်း
၁။ ပြုတ်ထားသော အားလူးကို အခွံနွာ၍ အ၀ိုင်းလေးများလှီးလိုက်ပြီး ခွက်တစ်ခုထဲ ထည့်ထားပေးပါ။
၂။ ပြီးလျှင် French Dressing အတွက်  (ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မရိုနိစ်၊ White wine vinegar ၊ ငရုတ်ကောင်းမှုန့်၊ ဆား၊  ကြက်သွန်မြိတ်) အားလူးထည့်ထားသော ခွက် တစ်ခု ထဲထည့်လိုက်ပါ။
၃။ ပြီးမှ French Dressing  နှင့် သံလွင်ဆီ ကို အာလူးပန်းကန်ထဲထည့်ပြီး အားလုံးကို သမအောင် ရောနုယ်လိုက်ပါ။
၎။ ပြီးမှ ကြက်ဥကို အ၀ိုင်းလေးများလှီးပြီး အပေါ်မှ တင်လိုက်ပါ။
၎။ အနောက်တိုင်းစတိုင် အားလူး ဆလတ်သုတ်ကို မြည်းသွားကြပါအုန်းနော်…
မှတ်ချက်။  ။ bacon ထည့်ချင်ကထည့်နိုင်ပါသည်။
13 comments
  1. Hmone Gyi says:
    it is one of my favourite 😉 potato salard…i eat once at least a week
  2. နွေးနေခြည် says:
    ဟယ်.. ဝလာတော့မှာပဲ.. ဟိး)
    • chowutyee says:
      သေချာတာပေါ့ နေခြည်ရယ်.. ခုတောင် ၀လာလို့ဝိတ်လျှော့နေရတာ.. 😛
  3. leo says:
    အားလူးသုပ် လေးစားသွားတယ်။။ အညာသားဆိုတော့ ရေနွေးကြမ်း လေးနဲ့ မြည်းလိုက်ရ ရင်တော့ သူ့လောက်ကောင်းတာတောင် သူ့လောက် မကောင်းဘူး။း)
    • chowutyee says:
      အနောက်တိုင်း ဆလတ်သုတ်ကို ရေနွေးကြမ်းနဲ့ မြည်းမလို့လား Leo ရဲ့..း)
  4. Evy says:
  5. zaw says:
    အာလူးသုပ်လေး ကောင်းပါတယ် ဘယ်နိုင်ငံ ကအစားစာလေးလဲးဆိုတာကို ပြေားပြပါလား ကိုယ်တိုင်လုပ်တဲ.အခါမှာ ဒါလေးက ဘယ်နိုင်ငံရဲ.အစားစာ ။ မ၀တ်ရည် ရဲ. ဘလော.လေးမှာ ရှိနေတယ်လို. တခြားလူတွေကိုပြောလို.ရတာပေါ. ကျေးဇူးအထူးတင်ပါတယ် ။
    • chowutyee says:
      ဇော်ရေ ပြင်သစ် အာလူးဆလတ်သုတ်ပါ။ French Dressing နဲ့သုတ်ထားတာကို ထည့်ရေးဖို့ ကျန်ခဲ့လို့ ပြန်ဖြည့်ထားပေးပါတယ်နော်..း)
  6. astk says:
    nice
    btw how come its under မြန်မာချက်ပြုတ်နည်းများ 🙂
    • chowutyee says:
      ဆောရီး.. မှားတင်မိလို့.. အနောက်တိုင်း ချက်ပြုတ်နည်းထဲ ပြန်ထည့်ထားလိုက်ပြီး.. 😉
  7. […] March 29, 2010 အားလူး ဆလတ်သုတ် […]
Leave a Reply
Your email address will not be published. Required fields are marked *