Chicken Ala King ဟင်း

Chicken Ala King ဟင်း

အနောက်တိုင်းစတိုင် Chicken Ala King ဟင်းက အရသာအလွန်စိမ့်ပြီး ကြက်သားက ၀ိုင်နဲ့ချက်ထားလို့ အ၇မ်းအိပြီး စားလို့ အရမ်းကောင်းလို့ ညွန်းလိုက်ပါတယ်။ စားသုံးသွားကြပါအုန်းနော်…

ပါဝင်သောပစ္စည်းများ

၁။ ကြက်ရင်ဗုံသား – ၂၀ကျပ်သား ( ပါးပါးစောင်းလှီးပါ)

၂။ ငရုတ်သီးပွစိမ်း – ၂ခု ( အစေ့ထုတ်ပြီး ၄စိပ်စပ်ပါ )

၃။ မုန်လာဥနီ – ၂ခု (အ၀ိုင်းလေးများ လှီးပေးပါ)

၎။ ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ် ၄စိပ်စိပ်ပါ)

၅။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်ဆင်းပါ)

၆။ ကြက်သွန်ဖြူ – ၁ဥ (နှုတ်နှုတ်ဆင်းပါ)

၇။ ဂျုံမှုန့်

၈။ White Wine – စားပွဲတင်ဇွန်း ၁ဇွန်း

၉။ နှို့မှုန့် – စားပွဲတင်ဇွန်း ၃ဇွန်း (ရေနွေးဖြင့် ပျစ်ပျစ်ဖျော်ပါ)

(သို့) Cream – စားပွဲတင်ဇွန် ၁ဇွန်း

၁၀။ Thyme (အနောက်တိုင်း ဟင်းခတ် အမွှေးအကြိုင်) – လက်ဖက်ရည်ဇွန်း တ၀က်

၁၁။ ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

ချက်ပြုတ်နည်း

၁။ ပါးပါးလှီးထားသော ကြက်သားကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဂျုံ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်နုယ်ထားပေးပါ။

၂။ ငရုတ်သီးပွစိမ်း နှင့် ခရမ်းချဉ်သီးကို အစေ့ထုတ်ပြီး ၄စိပ်စပ်ပေးပြီး မုန်လာဥနီကို အ၀ိုင်းလေးများ လှီးပေးပါ။ ပြီးလျှင် ပန်းကန်ပြား တစ်ခုထဲ ထည့်ထားပေးပါ။

၃။ ဒယ်ထဲ ထောပတ် ထည့်ပြီး နှုတ်နှုတ်ဆင်းထားသော ကြက်သွန်ဖြူ၊ နီများကို ဆီသပ်ပေးပါ။

၎။ ပြီးလျှင် Roux လုပ်ရန်အတွက် ဂျုံမှုန့် (စားပွဲတင်ဇွန်း တ၀က်) ထည့်ရောမွေလိုက်ပါ။

၅။ ပြီးမှ နုယ်ထားသော ကြက်သားများကို ထည့်ပြီး White wine ထည့်မွှေပေးပါ။

၆။ ထို့နောက် မုန်လာဥနီ၊ ငရုတ်သီးပွစိမ်းတို့ထည့်မွှေပေး၍ ကြက်ပြုတ်ရည် (သို့) ရေတစ်ခွက် ထည့်ပြီး မီးအသင့်တင့်ဖြင့် တည်ထားပေးပါ။

၇။ ပြီးမှ ခရမ်းချဉ်သီးကို နောက်ဆုံးမှ ထည့်ပေးပါ။

၈။ အရသာအပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်မွှေပေးပါ။

၉။ Cream (or) ဖျော်ထားသော နှို့မှုန့်ပျစ်ပျစ်လေးကို ဒယ်ထဲထည့်ရောမွှေလိုက်ပါ။ ဟင်းအနှစ်ကို မပျစ်မကျဲ အနေထားရောက်အောင် တည်ပေးပါ။

၁၀။ နောက်ဆုံးမှ Thyme များကို အပေါ်မှ ဖြူးပေးလိုက်ပါ။

၁၁။ အရသာ အရမ်းစိမ့်ပြီး အနံ့လေးသင်းနေသည့် Chicken Ala King ကိုစားသုံးနိုင်ပါပြီး။ ထမင်းနဲ့ တွဲဖက်စားသုံးက လိုက်ဖက်ပါသည်။

4 comments

  1. Hmone Gyi says:

    never tried before..new thing for me…wanna eat hee 😉 yummyyyyyy

    • chowutyee says:

      Cream နဲ့ချက်ထားတော့ နည်းနည်းအီးတယ်.. ကိုယ် ထမင်းနဲ့ စားရင်တော့ အတော်ပဲ.. ဦးသီဟတောင် ကြိုက်လွန်းလို့ အားလုံးကုန်သွားတယ်.. 😉

  2. leo says:

    မိုက်တယ်ဗျိုး…သွားရည် ကျ သွားပါကြောင်း…။

Leave a Reply

Your email address will not be published. Required fields are marked *