ငါးပေါင်း ငရုတ်သံပရာဆော့

ငါးပေါင်း ငရုတ်သံပရာဆော့

ပါဝင်သောပစ္စည်းများ

၁။ ငါးကြင်း ဗိုက်သား – ၂၀ကျပ်သား

၂။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

၃။ သံပရာရည် – စားပွဲတင်ဇွန်း ၃ဇွန်း

၎။ ကြက်သွန်ဖြူ – ၅မွှာ (အ၀ိုင်းပါးပါးလှီးပါ)

၅။ ဇီးချိုသီး – ၂လုံး

၆။ ငရုတ်သီး စိမ်း – ၃တောင့် (ပါးပါးလှီးပါ)

၇။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၈။ နံနံပင် – ၁စည်း


ချက်ပြုတ်နည်း

၁။ ငါးကြင်းကို စင်အောင် ဆေးကြောပြီး ဗိုက်သားကို အရိုးထုတ်ပေးပြီး ဇောက်ပန်းကန်လုံး တစ်ခုထဲ ထည့်ထားပေးပါ။

၂။ ပြီးလျှင် ငါးကြင်းကို ဆား (လက်ဖက်ရည်ဇွန်း တ၀က်) ထည့် နယ်ပေးပါ။

၃။ ထို့နောက် ဆော့ရည် အတွက် ပါဝင်သောပစ္စည်းများ (  ကြက်သွန်ဖြူ၊ သံပရာရည်၊ ငရုတ်သီးစိမ်း၊ သကြား၊ ပဲငံပြာရည်၊ ရေ(လက်ဖက်ရည် ပန်းကန်လုံး ၁လုံး) ) အားလုံးကို ပန်းကန်လုံး တစ်ခုထဲ ထည့်ပြီး ချဉ်ကဲ အရသာ ရအောင် ရောစပ်ပေးပါ။

၃။ ထိုဆော့အရည်များကို ငါးကြင်းထည့်ထားသော ဇောက်ခွက်အတွင်းသို့ လောင်းထည့်ပေးပြီး ဆီးချိုသီး ထည့်၍ အပေါ်မှ နံနံပင် အုပ်ပေးပါ။

၎။ ပြီးလျှင် ငါးကြင်းခွက်ကို ပေါင်းအိုးထဲ ထည့်ပြီး မီးများများဖြင့် ၁၅မိနစ်ခန့် ပေါင်းပေးပါ။

၅။ စားချင်စဖွယ် အရသာရှိသော ငါးပေါင်း ငရုတ်သံရာဆော့ကို စားသုံးနိုင်ပါပြီး။

26 comments

  1. Hmone Gyi says:

    look very delicious…i want to eat b/c i cant cook fish well 🙁

  2. Moe Thaike says:

    ငါးတွေဝယ်ထားပြီးဘယ်လိုချက်ရရင်ကောင်းမလဲဖြစ်နေတုံးအတော်ဘဲ၊ ကျေးဇူးဘဲညီမလေးရေ။

    • chowutyee says:

      မမိုးရေ ကတ်ကတစ်ငါးနဲ့ ပေါင်းရင်လည်း စားလို့ကောင်းတယ်.. 🙂

  3. astk says:

    😀
    me too..
    but ငါးကြင်းမရှိလို့ ငါးမန်းပေါင်းလိုက်တယ်…
    ခရမ်းချဉ်သီးပါထည့်ပေါင်းလိုက်တယ်… nice

    • chowutyee says:

      အင်း ငါးမန်းပေါင်း တခါမှ မစားဖူးဘူး။ လုပ်စားအုန်းမှ.. 😉

  4. astk says:

    ya.. its nice. but i think i put too much sugar that it’s quite sweet. 😀

  5. Moe Thaike says:

    ညီမလေးရေ ကကတစ်ငါးရှာမရပါ။

  6. PyayKo says:

    ငါးကြင်းနဲ့လုပ်စားလိုက်တယ်ဗျို့.. ကောင်းသလားတော့ မမေးနဲ့.. ကိုယ့်လက်ရာမလို့လား.. မသိဘူး 😀 ကျေးဇူးပဲဗျို့ 🙂

  7. jue says:

    စားချင်လိုက်တာလုပ်စားဦးမယ်မမရေ

  8. khin thandar says:

    Sis ..how to call ငါးကြင်း in English ? And Seabass is what kind of fish?
    Can i use these two kind of fishes either one if I cannot find?

    Thanks.

  9. khin thandar says:

    And Also ကကတစ် in English? Maw par tae sis. Coz I am a starting learner.

  10. mie mie says:

    ငါးကိုအကောင်လိုက် ပေါင်းရင် ရော အတူတူပဲ လား…

  11. ခိုင်ခိုင် says:

    မဝတ်ရည်ရေငါးသံပုရာပေါင်းလုပ်နည်းလေးသိချင်ပါတယ်ပို့ပေးပါနော်ကျေးဇူးတင်ပါတယ်

  12. Ko min thu says:

    တော်တော်စားကောင်းမှာပဲ ။ အစ်မ ငါးကြင်းမြီးစတူး နဲ့ ငါရံ့ပေါင်း ဆားငံစေ့ ( ငါးမီးသင်္ဘော ) ဟင်းလေးတွေ သင်ပေးပါဦး

  13. Mary Kim says:

    Awesome!! I have a question sister. Is the fish cooked or uncooked? If it’s cooked, then how do I cook it?

Leave a Reply

Your email address will not be published. Required fields are marked *