ပုဇွန် နှင့် ဟင်းရွက်စုံ ငပျောရွက်ပေါင်း

ပုဇွန် နှင့် ဟင်းရွက်စုံ ငပျောရွက်ပေါင်း

ပါဝင်သောပစ္စည်းများ

၁။ ပုဇွန်မီနီ – ၁၀ ကျပ်သား ( အတုံး သေးလေးများ တုံးပေးပါ )

၂။ ကညွန့် (Asparagus) – ၁၀ချောင်း ( အတုံး သေးလေးများ တုံးပေးပါ )

၃။ ပြောင်းဖူးသေး (Baby-corn) – ၁၀ခု ( အတုံးသေးလေးများ တုံးပေးပါ)

၎။ မှိုခြောက်ပွင့် (အမဲ) (Black Mushroom) – ၆ခု

၅။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၆။ သကြား – လက်ဖက်ရည်ဇွန်း ၃ဇွန်း

၇။ ပဲငံပြာရည် အကြည် (Light Soy Sauce) – စားပွဲတင်ဇွန်း ၁ဇွန်း

၈။ ခရုဆီ (Oyster Sauce) – စားပွဲတင်ဇွန်း ၁ဇွန်း

၉။ ကော်မှုန့် (Potato Starch) – စားပွဲတင်ဇွန်း ၁ဇွန်း

၁၀။ နှမ်းဆီ (Sesame Oil)- လက်ဖက်ရည်ဇွန်း တ၀က်

၁၁။ ငရုတ်ကောင်းမှုန့် (အမဲ) (Black Pepper) – လက်ဖက်ရည်ဇွန်း တ၀က်


ချက်ပြုတ်နည်း

၁။ မှိုခြောက်အမဲများကို ရေနွေးဖြင့် နူးအိအောင် ၅မိနစ်ခန့် ပြုတ်ပြီး အတုံးလေးများ တုံးပေးပါ။

၂။ အတုံးလေးများတုံးထားသော ပုဇွန်၊ ကညွန့်၊ ပြောင်းဖူးသေး များကို ရေနွေးဖြင့် ၂မိနစ်ခန့် ဖျော်ပေးပါ။

၃။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီး ပုဇွန်၊ ကညွန့်၊ ပြောင်းဖူးသေး၊ မှိုခြောက် အားလုံးကို ဒယ်ထဲထည့်ပြီး ရောမွှေလိုက်ပါ။

၎။ ပြီးလျှင် ပဲငံပြာရည်အကြည်၊ ဆား၊ သကြား၊ နှမ်းဆီ၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့် ထည့်ပြီး အရသာ အပေါ့အငံ့ မြည်းကြည့်ပါ။

၅။ အရသာ အပေါ့အငံ့ အနေတော်လျှင် ကော်မှုန့်များကို ထည့်မွှေပေးပါ။

၆။ ပြီးနောက် ငပျောရွက်ထဲ ပုဇွန် နှင့် ဟင်းရွက်စုံတို့ကို ထည့်ပြီး ပေါင်းအိုးဖြင့် ၅မိနစ်ခန့် မီးပြင်းပြင်းဖြင့် ပေါင်းပေးပါ။

၇။ ပြီးလျှင် ပေါင်းအိုးထဲမှ ပြန်ထုတ်ပြီး ပုဇွန် နှင့် ဟင်း၇ွက်စုံ ငပျောရွက်ပေါင်းလေးကို မြိန်းရှပ်စွာ စားသုံးနိုင်ပါပြီး….

9 comments

  1. hmonegyi says:

    new thing again…seem yummy 😉

  2. Moe Thaike says:

    ညီမလေးရေကော်မှုန့်ကကောက်ညှင်းမှုန့်ကိုပြောတာလား။
    ချက်နည်းကတော့ရှယ်ဘဲ၊ ကျေးဇူးဘဲနော်။

    • chowutyee says:

      မမိုးရေ… ကော်မှုန့်ဆိုတာ ကောက်ညှင်းမှုန့် မဟုတ်ဘူး အစ်မ။ ကော်မှုန့်ကို Corn Flour (or) Potato Starch (or) Corn Starch လို့ ပြောပြီးဝယ်လို့ ရပါတယ်။

  3. မိုးသူ says:

    ကော်မှုန့် ဆိုတာ ပြောင်းဖူးမှုန့် ကို ပြောတာနဲ့ တူတယ်။ ကောက်ညှင်းမှုန့်  မဟုတ်တာတော့ သေချာတယ်။

  4. Moe Thaike says:

    ကျေးဇူးဘဲညီမလေးရေ။ တခါမှကော်မှုန့်နဲ့မချက်စားဘူးဘူး။

  5. astk says:

    အင်း… ထည့်တဲ့အမယ်တွေကို အင်္ဂလိပ်လိုလေးတွေပါတွဲပြောပေးရင် ပိုကောင်းမယ်… ကိုယ့် field မဟုတ်တော့ အခေါ်အဝေါ်တွေက မသိဘူး…

    • chowutyee says:

      ပြန်ပြင် ထည့်ထားပေးပါတယ်နော်.. နောက် ချက်မယ့် ဟင်းတွေမှာလည်း အမယ်နံမည်တွေကို အင်္ဂလိပ် အခေါ်အဝေါ်လေးတွေပါ တွဲရေးပေးပါ့မယ်.. 🙂

Leave a Reply

Your email address will not be published. Required fields are marked *