Pork Stroganoff

Pork Stroganoff

အနောက်တိုင်း စတိုင် Pork Stroganoff သည် အရသာအလွန်စိမ့်သဖြင့် ထမင်းနှင့် တွဲစားလျှင် အလွန်သင့်လျော်ပါသည်။ Brandy နဲ့ ချက်ထား၍ ၀က်သားက နူအိပြီး စားလို့ကောင်းပါသည်။ အားပေးသွားကြပါအုန်း..း)

ပါဝင်သောပစ္စည်းများ

၁။ ၀က်သား လိုင်းသား- ၂၀ကျပ်သား (အရှည်လိုက် ပါးပါး လေးများလှီးပါ)

၂။ ကြက်သွန်နီ – ၃လုံး ( အ၀ိုင်းပါးပါးလှီးပါ)

၃။ ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

၎။ Brandy – စားပွဲတင်ဇွန်း ၃ဇွန်း

၅။ ငရုတ်သီးမှုန့် (Chilli powder) – စားပွဲတင်ဇွန်း တ၀က်

၆။ Dijon Mustard (French Mustard) – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၇။ Cream – စားပွဲတင်ဇွန်း ၁ဇွန်း(or) နှို့မှုန့် – စားပွဲတင်ဇွန်း ၄ဇွန်း (ရေနွေးဖြင့် ပျစ်ပျစ်ဖျော်ပေးပါ)

၈။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၉။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း၂ဇွန်း

ချက်ပြုတ်နည်း

၁။ ၀က်သားကို ဆား၊ ကြက်သားမှုန့်၊ ငရုတ်သီးမှုန့် တို့ဖြင့် နယ်ပြီး ပန်းကန်ပြားတစ်ခုထဲ ထည့်ထားပေးပါ။

၁။ ဒယ်ထဲ ထောပတ်ထည့်ပြီး ပူလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကို ထည့်ပြီး မိနစ်အနည်းငယ် မွှေပေးပါ။

၂။ ထို့နောက် နုယ်ထားသော ၀က်သားများကို ဒယ်ထဲ ထည့်ပေးပြီး မီးပြင်းပြင်းဖြင့် ရောမွှေလိုက်ပါ။

၃။ ပြီးလျှင် Brandy အရက်ကို ဒယ်ထဲ ထည့်လိုက်ပြီး Mustard ကိုထည့်ပြီး မွှေလိုက်ပါ။

၎။ ပြီးနောက် Cream (သို့) ဖျော်ထားတဲ့ နှို့မှုန့်ကို လောင်းထည့်ပြီး မီးနည်းနည်းဖြင့် တည်ထားပေးပါ။

၅။ အပေါ့ အငံ့အတွက် လိုအပ်ပါက ဆား၊ ကြက်သားမှုန့်၊ ငရုတ်သီးမှုန့် ထပ်ထည့်ပေးပါ။

၆။ မပျစ်မကျဲ အနေထားရောက်လျှင် မီးဖိုပေါ်မှ ချလို့ရပါပြီး။

၆။ အနောက်တိုင်း စတိုင် Pork Stroganoff သည် အရသာအလွန်စိမ့်သဖြင့် ထမင်းနှင့် တွဲစားလျှင် အလွန်သင့်လျော်ပါသည်။

4 comments

  1. Hmone Gyi says:

    looking very delicious…but i don’t think i can eat as i got allergy with alcohol 🙁

    • chowutyee says:

      ကိုယ် အရက်နဲ့မတည့်ရင် ၀ိုင်နဲ့ ချက်လို့ရတယ်.. White Wine သုံးပြီးချက်လေ.. အမဲသားကိုလည်း အဲနည်းတိုင်း ချက်လည်း စားလို့ကောင်းတယ်.. 🙂

  2. astk says:

    ဟုတ်ပြီ… ဘရန်ဒီလိုတယ်… ဘရန်ဒီအရင် သွားဝယ်ထားရမယ်… 😀

  3. chowutyee says:

    for cook or for drink? 🙂

Leave a Reply

Your email address will not be published. Required fields are marked *