Cheese and onion Pancake

Cheese and onion Pancake

ပါဝင်သောပစ္စည်းများ

၁။ ဂျုံမှုန့် – ၂၂၅ ဂရမ် (၈အောင်စ)

၂။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၃။ mustard powder – လက်ဖက်ရည်ဇွန်း တ၀က်

၎။ ကြက်ဥ – ၂လုံး (ခလောက်ပေးပါ)

၅။ နှို့ – ၁၅၀ မီလီ (၅အောင်စ)

၆။ ချိစ် – ၁၀၀ ဂရမ် ( တတုံး)

၇။ ကြက်သွန်နီ – ဥကြီး (နှုတ်နှုတ်ဆင်းပါ)

၈။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ချက်ပြုတ်နည်း

၁။ စတီ ဇလုံးတစ်ခုထဲ ဂျုံမှုန့်၊ ဆား၊ mustard powder ထည့်ထားပေးပါ။

၂။ ပြီးလျှင် ခလောက်ထားသော ကြက်ဥ၊ နို့တို့ကို ထည့်ပေးပြီး ရောပြီး သမအောင် မွှေထားပေးပါ။

၃။ ထို့နောက် ချိစ်တုံးကို ခြစ်တံဖြင့် ဇလုံးထဲ ခြစ်ချပေးပြီး ကြက်သွန်နီ၊ ငရုတ်ကောင်းမှုန့်များ ထည့်ပြီး ခလောက်တံဖြင့် နာနာလေး သမအောင် ၂မိန်စ်ခန့် မွှေပေးပါ။

၎။ ပန်ကိတ်အရည်သည် မပျစ်မကျဲ အနေထားတွင် ရှိနေရမည်။

၅။ ပြီးနောက် ဒယ်ပြားကို ဆီအနည်းငယ် သုတ်ပြီး မီးကို အလယ်အလတ် အနေထားတွင် ထားထားပါ။

၆။ ဒယ်ပြားပူလာလျှင် ပန်ကိတ်အရည်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပေးပါ။

၇။ ပြီးလျှင်အညှိရောင်သန်းလာလျှင် တစ်ဖက်ကို ပြန်လှန်ပေးပါ။

၈။ စားလို့ကောင်းပြီး ချိစ် အနံ့လေးသင်းနေသည့် Pancake လေးကို မနက်စာ၊ နေ့လည် စာအဖြစ်စားသုံးနိုင်ပါပြီး…

6 comments

  1. Hmone Gyi says:

    there is pan cake day at uk…we normally fry pan cake at work on that day too..even i don’t know how to make…i can fry 😛 love that pan cake 😉

    • chowutyee says:

      haa.. ကိုယ်မနက်စာ လုပ်စားကြည့်ပါ့လား.. လုပ်ရအရမ်းလွယ်တယ်.. 🙂

  2. Evy says:

    လုပ်စားဦးမယ်။ ကျေးဇူးနော် ။

  3. Soe Ei Ei Phyu says:

    အစ်မ

    mustard powder ဆိုတာ မုန်ညှင်းမှုန့်ကို ပြောတာလားဟင်?
    ဖြေပေးပါနော်။

    ကျေးဇူးပါ. အမြဲအားပေးနေတယ်နော်။

  4. […] April 9, 2010 Cheese and onion Pancake […]

Leave a Reply

Your email address will not be published. Required fields are marked *