ဝက်သား ဆာတေးကင်

ဝက်သား ဆာတေးကင်


ဝက်သားဆာတေးကို အိမ်မှာ လုပ်စားချင်သူတွေ အတွက် ၀က်သားဆာတေးမွှေးမွှေးလေးပါ။ လုပ်စားကြည့်ကြပါအုန်းနော်….

ဝက်သားကို နုပ်ထားရန် ပါဝင်သောပစ္စည်းများ

၁။ ၀က်သား – ၂၀ ကျပ်သား (၁ပေခွဲ အရှည်ပါးပါးလှီးပါ)

၂။ ဆနွင်းမှုန့် (Turmeric Powder) – စားပွဲတင်ဇွန်း တ၀က်

၃။ နတ်နတ်ပွင့် (Star anise) – ၂ခု

၎။ နံနံစေ့မှုန့် (Coriander Powder) – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ

၅။ ပဒယ်ဂေါ (Galangal Root)- ၁ခု (အစောင်းလှီးပါ)

၆။ သကြား – စားပွဲတင်ဇွန်း ၂ဇွန်း

၇။ ဆား ၊ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၈။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ဆာတေးဆော့ တွင် ပါဝင်သောပစ္စည်းများ

၁။ ငရုတ်သီးခြောက်အနီ – ၄ထောင့် (ငရုတ်ဆုံထဲထည့်ပြီး ကြေညက်နေအောင် ထောင်းပေးပါ)

၂။ ငရုတ်သီးနီ – ၂ထောင့် (ငရုတ်ဆုံထဲထည့်ပြီး ကြေညက်နေအောင် ထောင်းပေးပါ)

၃။ မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက် ထောင်းပေးပါ)

၎။ ကြက်သွန်ဖြူ – ၄မွှာ (ထောင်းပေးပါ)

၅။ Cream (သို့) ခရင်းမှုန့် – စားပွဲတင်ဇွန်း ၃ဇွန်း (ရေနွေး စားပွဲတင်ဇွန်း ၂ဇွန်းထည့်ဖျော်ပေးပါ)

၆။ အုန်းနို့မှုန့် (Coconut Cream) – စားပွဲတင်ဇွန်း တ၀က်

၇။ ရေ – စားပွဲတင်ဇွန်း ၃ဇွန်း

၈။ သကြား – လက်ဖက်ရည်ဇွန်း ၄ဇွန်း

၉။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်

၁၀။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ဝက်ဆားတေးကင် ပြုလုပ်နည်း

၁။ ပါးပါးလှီးထားသော ၀က်သား များကို ဇောက်ခွက်တစ်ခုထဲ ထည့်ပြီး နုပ်ထားရန် ပါဝင်သောပစ္စည်း (ဆနွင်းမှုန့်၊ နတ်နတ်ပွင့်၊ နံနံစေ့မှုန့်၊ ပဒယ်ဂေါ၊ သကြား၊ ဆား၊ ကြက်သားမှုန့်) အားလုံးကို ထည့်၍ သမအောင် ရောနယ်လိုက်ပါ။

၂။ ပြီးလျှင် အနည်းဆုံး ၂နာရီခန့် ရေခဲသေတ္တာထဲထည့်၍ နုပ်ထားပေးပါ။

၃။ ၀က်သားကို နုပ်ထားစဉ် ဆော့ကို ပြုလုပ်ပေးပါ။

၎။ ဆော့အရည်ပြုလုပ်နည်းတွင် ပါဝင်သော ပစ္စည်းများ အားလုံး( ငရုတ်သီးခြောက်၊ ငရုတ်သီးနီ၊ မြေပဲ၊ ကြက်သွန်ဖြူ၊ ခရင်း၊ အုန်းနို့မှုန့်၊ ရေ၊ သကြား၊ ဆား၊ ငရုတ်ကောင်းမှုန့် )ကို ခွက်တစ်ခုထဲ ထည့်ပြီး ရောနယ်လိုက်ပါ။

၅။ နုပ်ထားပြီး ၂နာရီကြာလျှင် ၀က်သားကို တုတ်ဖြင့် ထိုးပြီး သီထားပေးပါ။

၆။ ပြီးလျှင် မီးအလယ်လတ်ဖြင့် ၀က်သား များကို ကင်ပေးပါ။

၇။ ၀က်သားကင်ပြီးလျှင် ဆာတေးဆော့ဖြင့် တွဲဖက်၍ ၀က်သားဆာတေးကို စားသုံးနိုင်ပါပြီး….

29 comments

  1. Hmone Gyi says:

    sar chin sa paw…sar chin like tar heee

  2. lue says:

    hi wutyee . what is cream ?

    • chowutyee says:

      Lue ရေ Cream ဆိုတာ Ready Made Creamစက္ကူဗူးတွေကို ပြောတာပါ။ Cream ဗူးက ဖောက်ပြီရင် ကြာရှည်မခံတာမို့ သိပ်လည်း အသုံးမခံပါဘူး။ ၀တ်ရည်ကတော့ creamဗူး သုံးမယ့်အစား ကော်ဖီမှုန့်မှာသုံးတဲ့ creamမှုန့်ကို ရေနွေးနဲ့ခပ်ပျစ်ပျစ် ဖော်ပြီ ထည့်သုံးလေ့ရှိပါတယ်.. လုပ်စားကြည့်ပါအုန်းနော်… ၀က်ဆာတေးက ဆိုင်ကထက် ပိုစားကောင်းတယ်.. 😛

  3. ko nyein says:

    let me know,is it milk cream?

    • chowutyee says:

      ဟုတ်တယ် ကိုငြိမ်း .. Milk Cream ကိုပြောတာပါ… လုပ်စားကြည့်ပါနော်… ဒီဝက်စာတေးကင်က အရမ်းစားလို့ကောင်းတယ်… 🙂

  4. magyi says:

    ခုမှကြားဘူးတယ်…မလေးမှာတော့ရဘူးရယ်..စားချင်ထာ..ညီမလေးဘယ်မှာဆိုင်ဖွင့်ထားလဲပြော…းD

  5. Si Thu says:

    Wet Thar ko htoe tae Doat ko yae seain htar ya tar htae pyaw kae ohn ma paw, Nyi ma yae, no mo so, mee kin tae a khar doat tway kyan kone mar paw kwae 😀

    • chowutyee says:

      ဟုတ်ကဲ့ပါ အခုလို ဖြည့်စွက်ပေးလို့ ၀တ်ရည်က အထူးကျေးဇူးပါနော်။ တခါတလေ ဟင်းချက်နည်းမှာ လိုအပ်တာ၊ ကျန်ခဲ့တာတွေ ရှိရင် နားလည်ပေးပါလို့ပဲ ပြောချင်ပါတယ်။ ခုဝက်သား ဆာတေးကင် ချက်နည်းမှာ ပြန်ဖြည့်စွက်ထားလိုက်မယ်နော်.. Thanks 😛

  6. Si Thu says:

    Milk Cream lea ya tae whipping cream so po Right mar paw

    • chowutyee says:

      milk cream ကပိုပြီ မြန်မာပြည်မှာ ရှာရလွယ်တယ်။ ပြီတော့ ဈေးသက်သာလို့ပါ။ ပြီတော့ cream တွေက သိပ်ကြာရှည်မခံဘူးရယ်။ ၀ယ်ပြီ ချက်ချင်းသုံးနေမှ၊ မဟုတ်ရင် expire ဖြစ်တာနဲ့၊ မကောင်းတော့တာနဲ့။ ကိုယ်ကလည်း ချက်နည်းတိုင်း cream မသုံးဖြစ်တော့၊ ရှာရလွယ်ပြီ ဈေးသက်သာတာကို ပဲသုံးဖြစ်တယ်.. ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ.. 🙂

  7. […] ၀က်သား ဆာတေးကင် […]

  8. Saw Khaing Oo says:

    You’re the best one.
    Thanks alot sis.
    I will try and enjoy alot.

  9. starwinwin says:

    ညီမလေး ကိုအရမ်းကျေးဇူးတင်တယ် မမတို့မသိသေးတဲ့ စားစရာတွေရဲ့ လုပ်ကိုင်ပုံအဆင့်ဆင့်ကို တင်ပေးတဲ့အတွက် ကျေးဇူးပါ

  10. chai chai says:

    ma ma yay cream ka bar cream lae hin

  11. kham says:

    Thank you.
    Next ma lote sar kyi mal.

  12. Tint says:

    မဝတ်ရည်ရေး တစ်ခုလောက်ပြောပြပေးပါနော် 🙂 ဆာတေးအတွက် ဆော့မှာသုံးတဲ့ .. (Cream ခရင်းမှုန့် .. ) ဆိုတာ ဘာကိုပြောတာပါလည်း။ မသိလို့ပါ။ ဘယ်မှာဝယ်ရမလဲပါပြောပြပါနော် 🙂

    • admin says:

      ကော်ဖီမှာသုံးတဲ့ ခရင်းမှုန့်ကို သုံးလို့ရပါတယ်…

  13. yeyewinmin says:

    ကြိုက်တယ်

  14. Su Wai says:

    ဟဲလို အမ။ ညီမက နေတဲ့မြို့မှာ ပဒယ်ဒေါက အလွယ်တကူမရပါဘူး။ ဒါပေမဲ့ ပဒယ်ဒေါအမှုန့်တော့ ရှိပါတယ်။ အမှုန့်ဆိုရင် ဘယ်လောက်ထည့်ရမလဲဟင်။ လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ ဆိုရင် ရမလားဆိုတာ သိချင်ပါတယ်။ ကျေးဇူးအထူးနော်။ အမြဲအားပေးလက်။

  15. Sai Khan Naung says:

    မမဝတ်ရည်ရေ နံနတ်ပွင့် ကဘာလို့ထည့်တာလဲ ဘယ်မှာဝယ်လို့ရသလဲ Thanks့ 

Leave a Reply

Your email address will not be published. Required fields are marked *