သင်္ကြန်အကြိုနေ့ အတွက် မုန့်လုံးရေပေါ်

သင်္ကြန်အကြိုနေ့ အတွက် မုန့်လုံးရေပေါ်

သင်္ကြန်မုန့်တွေထဲမှာ မပါမဖြစ် မုန့်လုံးရေပေါ်ပါ။ မုန့်လုံးရေပေါ်ကို မြန်မာတွေ သင်္ကြန်တွင်း လူအများကြီးနဲ့ ပျော်ပျော်ပါးပါး လုံးကြရင်း အိမ်နီးနားချင်းတွေ၊ လမ်းက ရေကစားသူတွေကို အမြဲဝေပေးလေ့ရှိပါတယ်။ ထန်းလျှက်လုံးတဲ့ မုန့်လုံးရေပေါ်က ချိုစိမ့်ပြီ သူအပေါ်မှာ ဖြူးထားတဲ့ အုန်းသီးခြစ် အရသာကြောင့် ပိုမိုကောင်းမွန်ပါတယ်။ သင်္ကြန်အကြိုနေ့မှာပဲ မုန့်လုံးရေပေါ်လေး တူတူလုံးလိုက်ကြအောင်…

မုန့်လုံးရေပေါ် ပါဝင်သောပစ္စည်း

၁။ ကောက်ညှင်းမှုန့် – နို့ဆီဘူး ၈လုံး

၂။ ဆန်မှုန့် – နို့ဆီဘူး ၂လုံး

၎။ ထန်းညက် – ၂၀ခု

၅။ အုန်းသီး – တစ်ခြမ်း (အုန်းခြစ်နဲ့ အရှည်လိုက်ခြစ်ပေးပါ)

၆။ Apple flavor color – လက်ဖက်ရည်ဇွန်း တ၀က် (ရေအနည်းငယ်ဖြင့် ရောပါ) (optional)

မုန့်လုပ်နည်း

၁။ ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပါ။

၂။ ပြီးမှ အရောင်ထည့်ချင်လျှင် Apple flavor color အစိမ်းရောင် ထည့်ပါ။

၃။ ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။

၎။ ပြီးလျှင် ထန်းညက်များကို အတုံးသေးများတုံးပေးပါ။ ပြီးလျှင် အုန်းသီးကို အုန်းခြစ်ဖြင့် အရှည်လိုက် ခြစ်ပေးပါ။

၅။ ပြီးမှ ထန်းညက်ခဲ များကို မုန့်ထဲ အစားသွပ်ပြီး မုန့်လုံးများကို လုံးပေးပါ။

၅။ ဒယ်အိုးကြီးကြီး တစ်ခု ရေတစ်ဝက်ကျော်ကျော်ထည့်ပြီး မီးမီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီး တည်ထားပေးပါ။

၆။ ဒယ်အိုးထဲမှ ရေပွက်ပွက်ဆူလာလျှင် လုံးထားသော မုန့်လုံးများကို ဖြည်းဖြည်းခြင်းထည့်ပေးပါ။

၇။ မုန့်လုံးများ သူအလိုလို ရေပေါ်ပေါ်လာမှ ဇကာလေးဖြင့် ဆယ်ပေးပြီး ရေထည့်ထားသော ခွက်ထဲ မုန့်လုံးရေပေါ်များကို ထည့်လိုက်ပါ။

၈။ ပြီးမှ ရေစစ်ရန်အတွက် ဇကာထဲ ပြန်ဆယ်ထည့်ထားပါ။

၉။ ရေစစ်ပြီးလျှင် ဌက်ပျောရွက်ခင်းထားသော ပန်းကန်ထဲသို့ မုန့်လုံးရေပေါ်များထည့်လိုက်ပါ။

၁၀။ အပေါ်မှ ခြစ်ထားသော အုန်းသီးများ ဖြူးပေးလိုက်ပါ။

၁၁။ ထန်းညက် အစားသွပ် မုန့်လုံးရေပေါ်ကို စိတ်ကြိုက်စားသုံးနိုင်ပါပြီ…

—————————————————————————————-


22 comments

  1. ငယ်လေး says:

    သင်္ကြန်အလွမ်းပြေ.. မုန့်လုံးရေပေါ်… စားချင်လာပြီ…. ^^

  2. ကြယ်ဇင် says:

    မမရေ တကယ်လို့မြေပဲနဲ့ဆိုရင်ကော မြေပဲကိုထောင်းရုံပဲလားဟင် … အဆင်ပြေရင် reply ပေးပါနော် ကျေးဇူး 🙂

    • chowutyee says:

      ဟုတ်တယ် ကြယ်ဇင်၊ မြေပဲနဲ့ဆိုရင် မြေပဲကို မညက်တညက်လေး ထောင်းပြီး ထန်းညက်ကိုလည်း မညက်တညက်လေး ထောင်းပေးရမယ်.. တချို့ကတော့ နှမ်းလေးပါ ထောင်းထည့်သေးတယ်။ မြေပဲ ထည့်တဲ့ မုန့်လုံးရေပေါ်လုံးကတော့ နည်းနည်းပိုကြီးမှာပေါ့နော် အစားသွပ်ထားတော့.. 🙂

  3. Hmone Gyi says:

    sar chin tal..thingyan taugh miss lar pe a hint

  4. ကြယ်ဇင် says:

    ကြယ်ဇင်က UK မှာနေတာဆိုတော့ ထန်းလျက်ကရှာလို့မရဘူး မမ အဟင့် :'( ထန်းလျက်မပါရင်ရော စားကောင်းလားဟင် =)

    • chowutyee says:

      ကြယ်ဇင်က ထန်းညက် ရှာမရဘူး ဆိုတော့ .. ထန်းညက်မပါရင်တော့ မုန့်လုံးရေပေါ်က သိပ်မကောင်းတာတော့ သေချာတယ်.. ဒါပေမယ့် ထန်းညက်လုံးဝ မရှိရင်တော့ မြေပဲနဲ့ သကြားနဲ့ ရောထောင်းပြီး ထည့်ရင်လည်း ကောင်းပါတယ်.. 🙂

  5. zaw says:

    မုန်.လုံးရေပေါ် ကိုစားခြင်တယ် ဗျာ ခက်တာက ပြည်ပ ကိုရောက်နေတော. မြန်မာအစားစာ တွေနဲ.ဝေးနေတယ် ဘယ်လိုအကြောင်.ပြည်ပမှာနေနေ မြန်မာ အစားစာတွေကိုတော. အမြဲးတမ်းတနေတယ် အခုလိုရက်တွေဆိုရင် အလုပ်ကိုမသွားခြင်ဘူး မြန်မာပြည်ကို ပြန်လို.သာရရင် ချက်ခြင်းပြန်တယ်။ မ၀တ်ရည် က မြန်မာပြည်ကို ပိုသတိရအောင် ဝေဒနာတစ်ခုပေးလိုက်ပြန်ပြီနော် ။ အလွမ်းပြေ မုန်.လုံးရေပေါ်လေးတွေကို စိတ်ကူးနဲ.စားသွားတယ်ဗျာ ကောင်းမှကောင်းဗျို. ။ အခုလို အလွမ်းပြေ ဝေဒနာလေးပေးတာကိုကျေးဇူးတင်ပါတယ်

  6. khin thandar says:

    sis … can do မုန်.လုံးရေပေါ် with rice flour only w/o ကောက်ညှင်းမှုန့်?

    • chowutyee says:

      ကောက်ညှင်းမုန့်မပါပဲ လုပ်လို့ မရဘူး sis.. ကောက်ညှင်းပါမှ မုန့်လုံးတွေက ရေပေါ်ပေါ်မှာလေ..

  7. khin thandar says:

    aww … thanks 🙂

  8. tinzar says:

    ဆန်မှုန့် ကကော အစိမ်းဘဲလား အမ….

  9. cho cho chit says:

    မမ ရေ .. နှစ်ပြည်ဆိုတာ အများကြီးဘဲနော်..ချို နဲနဲလေး စမ်းလုပ်တာ တော်တော်လုံးယူရတယ်.. ထည့် ရတဲ့အချိုးအစားလေးတွေရေးပေးတာကျေးဇူးပါ မမ။။။

    • chowutyee says:

      ဟုတ်တယ် ညီမ။ ဒီနေ့ ၂ပြည်ဆိုတော့ လက်ညောင်းအောင် လုံးရတာ။ အားပေးလို့ ကျေးဇူးပါ.. 🙂

  10. natehtwe says:

    သိပ်ကောင်းတာပဲ အခြားလုပ်နည်းတွေပါတင်ပေးပါနော်

Leave a Reply

Your email address will not be published. Required fields are marked *