ချစ်သူများနေ့အတွက် မုန့်လက်ဆောင်း
မုန့်လက်ဆောင်း
ချစ်သူများနေ့ အတွက် အထူးစပရှယ်ကတော့ မုန့်လက်ဆောင်း အေးအေးလေးပါပဲ။ ပူပြင်းတဲ့ ရာသီမှာ ရင်အေးချမ်းအောင် မုန့်လက်ဆောင်လေး မြည်းသွားကြပါအုန်းနော်။ မုန့်လက်ဆောင်ကို ထန်းလျက်ရည်နဲ့ လုပ်သလို အုန်းနို့ရည်နဲ့လည်း တွဲစားကြပါတယ်။ ၀တ်ရည်ကတော့ ၂မျိုးလုံးကြိုက်တာမို့  လုပ်နည်း၂ခုလုံး မျှဝေပေးထားပါတယ်…
မုန့်လက်ဆောင်း ပါဝင်သောပစ္စည်းများ
၁။ မုန့်လက်ဆောင်းဖက် – ၁ပြည်
ထန်းလျက် မုန့်လက်ဆောင်း ပါဝင်သောပစ္စည်းများ
၂။ ထန်းညက် – ၄၀၀ ဂရမ်
၃။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
အုန်းနို့ မုန့်လက်ဆောင်း ပါဝင်ပစ္စည်းများ
၎။ အုန်းသီး – ၁လုံး (အရည်ညှစ်ထားပြီသား)
၅။ သကြား – ၂၀ကျပ်သား
၇။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ပြုလုပ်နည်း
၁။ လုပ်ပြီးသား မုန့်လက်ဆောင်းဖတ် များကို ဒယ်အိုး အကြီးတစ်ခုထည့်ပြီး ရေစိမ်ထားပေးပါ။
၂။ အရင်ဆုံး အုန်းနို့ မုန့်လက်ဆောင်းအတွက် ဒယ်ထဲသို့ အုန်းနို့ရည်များ ထည့်ကာ သကြား(၂၀ကျပ်သား) ထည့်ပြီ သကြားများ အရည်ပျော်အောင် အပူအနည်းငယ်ပေးလိုက်ပါ။
၃။ ပြီလျှင် ဆားအနည်းငယ်ထည့်ပြီ အုန်းနို့ရည်များကို ပြန်အအေးခံထားပေးပါ။
၎။ အအေးခံပြီမှ ခွက်တစ်ခုထဲ မုန့်လက်ဆောင်း တ၀က်ခန့်ထည့်ကာ အုန်းနို့ရည်ထည့်ပေးပါ။
၅။ ပြီမှ မုန့်လက်ဆောင်း ပိုစိမ့်သွားအောင် နို့စိမ်း စားပွဲတင်ဇွန်းခန့် ထည့်လိုက်သေးတယ်။
၆။ ရေခဲတုံးအနည်းငယ်ထည့်ပြီ အုန်းနို့ မုန့်လက်ဆောင်းလေးကို သုံးဆောင်နိုင်ပါပြီ။
ရ။ ထန်းလျက်ရည်နဲ့ မုန့်လက်ဆောင်းမှ ကြိုက်သူများအတွက်တော့ ထန်းလျက်များကို ဒယ်ထဲ ရေ အနည်းငယ်ထည့်ပြီး မီးပြင်းပြင်းဖြင့် ကျိုထားပေးပြီး မပျစ်မကျဲ အနေထားရောက်လျှင် ဆားအနည်းငယ်ထည့်ပြီ ထန်းညက်ရည် ခွက်တစ်ခုထဲ ပြန်ထည့်ထားကာ အအေးခံထားပေးပါ။
၈။ ပြီမှ ခွက်ထဲ မုန့်လက်ဆောင်ဖက် တ၀က်ထည့်ပြီ ထန်းလျက်ရည်များကိုထည့်ကာ ရေခဲတုံးလေးများထည့်ပေးပါ။
၉။ ချစ်သူများနေ့မှာ ကိုယ်ချစ်သူနဲ့ မုန့်လက်ဆောင်းအေးအေးလေးတွေကို ရင်ခုန်စွာ သုံးဆောင်ကြစို့နော်..
36 comments
  1. Hmone Gyi says:
    himmm eat chin like tar…lasst time tone ka top gyi gyi house ma top eat ya tae tal….come uk soon 😛
  2. zaw says:
    မုန်လက်ဆောင်း အေးအေး လေးကရင်ကိုအေးမြစေပါတယ်ဗျာ အခုလို ရက်တွေမှာ မ၀တ်ရည် ကမနားမနေ စာတွေကိုကျိုးစာပြီးတင်ပေးနေတာကိုလဲး ကျေးဇူးအထူးတင်ပါတယ် ။ မြန်မာပြည်ကို အလွမ်းပြေလေးတွေနဲ.ထိတွေခွင်.ရသလို မ၀တ်ရည် လဲး မုန်.လက်ဆောင်း အေးအေး လေးလို. ထာဝရအေးချမ်းပါစေလို. ဆုတောင်းပေးပါတယ် ။ ကျေးဖူးအထူးတင်ပါတယ်
    • chowutyee says:
      ခုလိုဆုတောင်းပေးလို့ ဇော်ကို ကျေးဇူးတင်ပါတယ်.. ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ… 🙂
  3. zaw says:
    စိတ်ထားပြည်.၀ တဲ. မ၀တ်ရည် အတွက် အေးချမ်းမှု.တွေ နဲ.ပြည်.စုံမှာပါ အများအတွက် အခုလို အဝေးရောက်မြန်မာတွေအတွက် အစားစာ ချက်နည်တွေကို စေတနာနဲ.ရေးပေးနေတဲ. မ၀တ်ရည် အတွက် လိုအင်ဆန္ဒတွေ နဲ.အတူ မြန်မာ နှစ်သစ်မှာ အေးချမ်းပျော်ရွှင်ပါစေ ။ ကျေးဇူးအထူးတင်ပါတယ်
  4. Thwe Thwe says:
    I can’t get မုန့်လက်ဆောင်း here.
    How I can do that?
    Thanks.
    • chowutyee says:
      သွယ်သွယ်ရေ မုန့်လက်ဆောင်းဖတ် လုပ်နည်းတော့ ၀တ်ရည်လည်း မသိဘူး။ ဒါပေမယ့် တချက်လောက် စာအုပ်ထဲမှာ ပြန်ရှာပေးပါ့မယ်နော်.. 😀
  5. Thwe Thwe says:
    I mean မုန့်လက်ဆောင်းဖက်. How I can make မုန့်လက်ဆောင်းဖက်.
    Thanks Ma Wut Yee
  6. chowutyee says:
    သွယ်သွယ်ရေ မုန့်လက်ဆောင်းလုပ်နည်း http://shinlay.blogspot.com/search/label/Food ရေးထားပါတယ်…
  7. baby lay says:
    မုန်.လက်ဆောင်းဖတ်…..၀ယ်လို.ရမယ်.နေရာလေးပြောပြပါနော် sis..thks alot
  8. babylay says:
    လုပ်နည်းလေးရော….. anyway thks alot..:P
  9. U Sein says:
    can’t read your text and recipes ?.. why!
  10. Borar says:
    မဝတ်ရည်..
    မုန့်လက်ဆောင်းဖတ် လုပ်နည်းလေးသိချင်ပါတယ်ရှင်..
  11. […] February 5, 2012 ချစ်သူများနေ့အတွက် မုန့်လက်ဆောင်း […]
  12. mu yar says:
    ဖာလူဒါလုပ်နည်းလေးပေးပါလားနော်။ နောက်ပြီး မုန့်ကျွဲသဲလေးလည်း မေ့နေတယ်နဲ့ တူတယ်နော်။ အချိန်ရရင် ပေးပါအုံးနော်။
    • admin says:
      မရေ မမေ့ပါဘူး။ တကယ်မအားလို့ပါ။ ကြိုးစားပြီ တင်ပေးပါ့မယ်
  13. ngenge says:
    မုန်.လက်ဆောင်အဖတ်လုပ်နည်းသိချင်လိုက်တာအမတင်ပေးပါအုံးနော်ကျေးဇူးတင်ပါတယ်
    • admin says:
      မုန့်လက်ဆောင်းဖတ်တော့ တခါမှ မလုပ်ဖူးဘူး။ ကြိုးစားပြီ တင်ပေးပါ့မယ်
  14. pusooma says:
    ပူစူးလဲ မုန့်လက်ဆောင်းဖတ် လုပ်နည်းသိချင်ပါတယ်
  15. MI MHWE says:
    How to make mote lat saung pat? Can’t find it in U.S
  16. Amra says:
    Very nice.
    I want to skill as you, sister.
Leave a Reply
Your email address will not be published. Required fields are marked *