အနောက်တိုင်း ကြက်ကောင်လုံးကင်

အနောက်တိုင်း ကြက်ကောင်လုံးကင်

ပါဝင်သော ပစ္စည်းများ

၁။ ကြက်ကောင်လုံး

၂။ ထောပတ် (စားပွဲတင်ဇွန်း ၁ဇွန်း)

၃။ သံပရာသီး (တ၀က်)

၎။ ဟင်းရွက်ဆီ (စားပွဲတင်ဇွန်း ၂ဇွန်း)

၅။ ငရုတ်သီးမှုန့် အနီ (Chili powder) (လက်ဖက်ရည်ဇွန်း ၁ဇွန်း)

၆။ ၀ိုင် အဖြူ (White wine) (စားပွဲတင်ဇွန်း တ၀က်)

ရ။ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၃ ဇွန်း)

၈။ ဆား (လက်ဖက်ရည်ဇွန်း ၄ ဇွန်း)

၉။ အနောက်တိုင်းဟင်းခတ် အမွေးအကြိုင် (Thyme, Rosemary)  [CityMart or Maing Hay Won ဆိုင်များတွင် ၀ယ်ယူနိုင်ပါသည်။]

၁၀။ ငရုတ်ကောင်းမှုန့် (အဖြူ) (လက်ဖက်ရည်ဇွန်း၂ဇွန်း)

ချက်ပြုတ်နည်း

၁။ ကြက်တကောင်လုံး အတွင်း၊ အပြင်ကို ဆား၊ ကြက်သားမှုန့် သမအောင် နုယ်ပေးပါ။

၂။ ပြီးလျှင် ကြက်ကောင်လုံး အတွင်း၊ အပြင်ကို ငရုတ်သီးမှုန့် အနီ၊ သံပရာသီး တခြမ်း၊ ထောပတ်၊ ဆီ၊ ၀ိုင်အဖြူ ထည့်ကာ နုယ်ပေးပါ။ ၀ိုင်အဖြူသည် အသားကို နူးအိစေပါသည်။

၃။ ထို့နောက် ကြက်ကောင်လုံး အပြင်ကို အနောက်တိုင်း ဟင်းခတ် အမွှေးအကြိုင်များဖြစ်သော (Thyme, Rosemary) များကို ဖြူးပေးပါ။ ငရုတ်ကောင်းမှုန့် အဖြူကို ဖြူးပေးပါ။

၎။ ကြက်ကောင်လုံးကို Oven ဗန်းထဲထည့်ပြီး အပူချိန် 180’C ဖြင့် မိနစ် ၄၀-၄၅ ကင်ပေးပါ။

၅။ ကြက်ကင်မှ ထွက်လာသော အရည်များကို ဆော့ရည်အဖြစ်လည်း အသုံးပြုနိုင်ပါသည်။

ဆော့ရည် ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ကြက်ကင်ရည်၊ ကြက်သွန်ဖြူ (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ၀ိုင်အဖြူ (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)၊ ဟင်းခတ်အမွှေးအကြိုင် (Rosemary) များကို ဒယ်ထဲထည့်ကာ မီးနည်းနည်းဖြင့် အနည်းငယ် ပျစ်သွားအောင်ပြုလုပ်ပေးပါ။

၂။ ထိုဆော့ရည်ကို ကြက်ကောင်လုံးကင်ဖြစ် တွဲဖက်စားသုံးနိုင်ပါပြီး။

မှတ်ချက်။ ။ Christmas နှင့် New Year အတွက် အထူးရည်ရွယ်ရေးသားထားပါသည်။

12 comments

  1. Hmone Gyi says:

    why are you making me hungry…a hint ahint…i feel so hungry now..bar ma ma sa ya tae buu ku de…it look really delicious…i remeber urs chicken and sticky rice…love that foods..and missed so much

    • chowutyee says:

      အစားမခံနဲ့ စားပြီးမှ အလုပ်လုပ် နေမကောင်းဖြစ်နေအုန်းမယ်…..

  2. myintkt says:

    အစာခံနိုင်မှ ပိန်မှာပေါ့ 😛

    • Hmone Gyi says:

      ma htin bar nae ta meee ko bae example kyi…a sa top kane naing bar tal but never slim lol but didn’t eat the whole day…eat so much at evening lol

  3. myintkt says:

    ကြက်ကောင်လုံးကင် စားချင်တယ်။ လုပ်ကျွေး 😀

  4. chowutyee says:

    မှုံကြီးရေ။ ကိုယ်ကြက်ကောင်လုံးကင်ထဲ ကောင်ညှင်းထည့် မလုပ်နဲ့ စားလို့ကောင်းမှာ မဟုတ်ဘူး.. ကြက်ကောင်ညှင်းလုပ်နည်းက တမျိုးမတူဘူး၊ ကြက်ကောင်ညှင်းက ပေါင်းရတာ ကင်ရတာ မဟုတ်ဘူး။ ဒါပေမယ့် ကြက်ကောင်လုံးကင်ထဲ ကိုယ် အစားသွပ်ချင်ရင်တော့ မုန်လာဥနီ၊ ကြက်သွန်နီ်၊ မှို ဟင်းသီးဟင်းရွက်တွေနဲ့ အစားသွပ်မယ် ဆိုရင်တော့ရတယ်။

  5. Wah Wah says:

    မမရေ အနောက်တိုင်းအမွှေးအကြိုင်အစား တရုတ်အမွှေးနံ့သုံးရင် ရလားဟင်
    အခုလောလောဆယ်အဲဒါကအဆင်သင့်ရှိလို့

    • chowutyee says:

      no.. အနောက်တိုင်း ကြက်ကောင်လုံးကင်ရဲ့ အဓိက ဟင်းခတ်အမွှေးအကြိုင်မို့ အနောက်တိုင်းဟတ်ခတ်ပဲ သုံးရမှာပါ။ City Mart မှာ ၀ယ်ယူလို့ရပါတယ်.. sis.. 🙂

  6. […] အနောက်တိုင်း ကြက်ကောင်လုံးကင် […]

  7. […] အနောက်တိုင်း ကြက်ကောင်လုံးကင် […]

Leave a Reply

Your email address will not be published. Required fields are marked *