အမေရိကန်စတိုင် ၀က်နံရိုးကင်
အမေရိကန်စတိုင် ၀က်နံရိုးကင်
အမေရိကန်စတိုင် ၀က်နံရိုးကင်က သာမန် ၀က်နံရိုးကင်တွေလို မဟုတ်ပဲ အရသာထူးခြား ကောင်းမွန်ပါတာမို့၊ မြည်းသွားကြပါနော်…..
ပါဝင်သောပစ္စည်းများ
၁။ ၀က်နံရိုး (Pork Rid) – ၄၀ကျပ်သား (အရှည်လိုက် လှီးလိုက်ပါ)
၂။ ပျားရည် (Honey)- စားပွဲတင်ဇွန်း ၂ဇွန်း
၃။ Barbecue ဆော့  – စားပွဲတင်ဇွန်း ၄ဇွန်း
၎။ ခရုဆီ ဆော့ (Oyster Sauce) – စားပွဲတင်ဇွန်း ၁ဇွန်း
၅။ သကြား (Sugar) – စားပွဲတင်ဇွန်း တ၀က်
၆။ ဆား (Salt) – လက်ဖက်ရည်ဇွန်း ၃ဇွန်း
၇။ ၀ိုင်အဖြူ (White wine) – စားပွဲတင်ဇွန်း ၁ဇွန်း
၈။ ဂျင်း (Ginger) – စားပွဲတင်ဇွန်း တ၀က် (ညက်နေအောင် ထောင်းပြီး အရည်ညစ်ပါ)
၉။ ကြက်သွန်ဖြူ (Garlic) – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
၁၀။ ဆီ (Vegetable oil) – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ ၀က်နံရိုးများကို ဇောက်ဇလုံတစ်ခုထဲထည့်ပြီး ပါဝင်သောပစ္စည်းများဖြစ်သော ( ပျားရည်၊ Barbecue ဆော့၊ ခရုဆီ၊ သကြား၊ ဆား၊ ၀ိုင်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆီ ) အားလုံးနှင့် သမအောင် ရောနယ်လိုက်ပါ။
၂။ ၀က်နံရိုးများကို သမအောင် နုယ်ပြီးရင် ရေခဲသေတ္တာထဲထည့်ပြီး ၁နာရီခန့် နုပ်ထားပေးပါ။
၃။ မကင်ခင် ၁၀မိနစ်ခန့် ကြို၍ နုပ်ထားသော ၀က်နံရိုးများကို ရေခဲသေတ္တာထဲမှ ပြန်ထုတ်ထားပေးပါ။
၎။ 0ven ကို ၂၀၀ဒီဂရီဖြင့် Preheat လုပ်ထားလိုက်ပါ။
၅။ ပြီးမှ ၀က်နံရိုးများကို ခဲစက္ကူ (Aluminum Foil) အောက်မှခံပြီး 0ven ထဲထည့်ပြီး Grill ၂၀၀ဒီဂရီဖြင့် မိနစ် ၃၀- ၄၀ ခန့် ကင်ထားပေးပါ။
၆။ ၀က်နံရိုးကင်ရပြီးဆိုလျှင် ပန်းကန်ပေါ်သို့ ထည့်ပြီး သံပရာသီးလေး ညှစ်ပြီး စားသုံးနိုင်ပါပြီး…
16 comments
  1. astk says:
    oven သုံးနည်း post လေးသက်သက်တင်ရင် မိုက်မယ်…
    computer ပဲသုံးတတ်တယ်.. oven မသုံးတတ်ဘူး.. 😀
    • chowutyee says:
      Oven ကအမျိုးစားပေါ်မူတည်ပြီး သုံးပုံမတူတာမို့ သေချာ မရှင်းပြထားတာပါ ကိုအောင်စည်သူ။
      0ven button ကိုအရင်ရွေး -> ပြီးမှ Grill button-> ဒီဂရီကို ရွေးပြီး -> Timer မှာအချိန်ကိုေ၇ွးပြီး -> Start button ကိုနှိပ်ပါ။
  2. zaw says:
    မ၀တ်ရည်
    ကျွန်တော် က၀က်သားမစားဘူးဗျ ခက်တော.နေပါပြီဗျာ ……. ဒါပေမဲ. ၀က်အကောင်သေးသေးဆိုရင် ကင်တာတို.ချက်တာတို.လုပ်မနေတော.ဘူး တစ်ခါထည် မောင်းသွင်းလိုက်တာ ဗိုက်ထဲးကြမှ အစာအိမ်ကလိုအပ်သလိုချက်တော.ဆိုပြီး မျိုချ လိုက်တော.တာ ။ အခုတော. ၀က်နံရိုး ကိုတော. မ၀တ်ရည်ပြောသလို ကင်စားလိုက်ပါဦးမယ်ဗျာ ကျေးဇူးအထူတင်ပါတယ် ။
  3. exitofmymind says:
    အမေရိကန် ၀တ်နံရိုးကင် လာစားတယ်ဗျိုးးးး ။ အရိုးနုလေး ကိုရွေးပြီး ကိုက်သွားတယ်။း)
  4. kyaw khine says:
  5. […] April 20, 2010 အမေရိကန်စတိုင် ၀က်နံရိုးကင် […]
  6. chai says:
    microwave oven nae kaw kin lo ya lar
  7. thitsar says:
    Barbecue ဆော့ ka bar lal hin?bal mhar wal loh ya lal?
    pyaw pya pay par naw sis 🙂
    • admin says:
      အသားကင်ရင် သုံးတဲ့ဆော့ပါ။ City Mart မှာ ၀ယ်လို့ရပါတယ် 🙂
  8. banyar says:
    အမရေ ပုံထဲမှာ မြင်ရတာနဲ့ တင် သွားရေ ကျနေပီ .. စားလို့လဲ အရမ်းကောင်းမှာပဲ..ဂလုဂလု 😀
  9. Chit Phue says:
    အစ်မရေ…
    အချိန်ရရင်လေ… ဘဲကင် အိမ်မှာ ဘယ်လိုလုပ်လဲဆိုတာလေးပါ… တင်ပေးပါဦးနော်… ပြီးတော့… ဘဲသားဟင်း ချက်စားတာလေးလည်း ပြောပြပေးပါဥိး…
    ကြက်သား ၀က်သား အမဲသားကြီးပဲ အမြဲဆိုတော့ ရိုးနေလို့လေ…
  10. waiyanlinnaung says:
    ကျွန်တော့် အတွက် တကယ်အသုံးဝင်စေပါတယ် ကျေးဇူးအများ ကြီးတင် ပါတယ်
Leave a Reply
Your email address will not be published. Required fields are marked *